အရှည်ကြီးမလို့အားမှအေးဆေးဖတ်ကြပါနော်.လပ်ယူ🐳
.........တောင်ပြာတန်းမှာပန်းတစ်ပွင့်ကောက်ရခဲ့တယ်
နမ်းရှိုက်မိတော့သူ့ရနံ့တွေရတယ်
လေထဲကနေလိပ်ပြာတောင်ပံခတ်သံတွေကြားနေရတယ်
မျက်လုံးတွေမှိတ်ချချိန်
ပန်းရနံ့စွဲနေသောသူ့နှုတ်ခမ်းတစ်ခုလုံးအရည်လဲ့သွားတယ်
__________________
ဆွီဒင်နိုင်ငံဂျနီဗာမြို့မှာရှိတဲ့အိမ်ဖြူတော်ကြီးမှာကိုရီးယားကပြားကင်မ်မိသားစုနေကြတယ်။ဆယ်စုနှစ်စာလောက်တည်းကနေလာတဲ့မိသားစုဖြစ်ပြီးအဲ့အိမ်တော်ကအရမ်းချမ်းသာပြီးမြို့ရိုးမြင့်ကာမြို့စားမင်းနဲ့အာဏာပိုင်တွေနဲ့လည်းရင်းနှီးကြတယ်။
1950ခုနှစ်12လပိုင်း4ရက်နေ့မှာအိမ်ဖြူတော်ရဲ့နောက်ထပ်မျိုးဆက်သစ်မွေးဖွားလာတယ်။ခရမ်းနုရောင်ဆံပင်တွေနဲ့စိမ်တုံးတွေလိုကြည်တောက်နေတဲ့မျက်ဝန်းတွေ.ပန်းကြည်ရောင်နှုတ်ခမ်းဖူးလှလှလေးပါရှိတဲ့သူကအိမ်ဖြူတော်ရဲ့တစ်ဦးတည်းသောဆက်ခံသူ.ကင်မ်ဆော့ဂျင်~ဂရိတ်ထ်
မနက်ခင်းပိုင်းအိမ်တော်ထဲကအဖြူနဲ့ခရမ်းနုရောင်တွဲဝတ်ဆင်ထားတဲ့အစေခံတွေကအရှေ့ပိုင်းဒေသကလာတဲ့ပန်းမျိုးစိပ်တွေကိုအိမ်နောက်ဘက်ကသခင်လေးကင်မ်ရဲ့ဉယျာဉ်ထဲကိုရွှေ့ပြောင်းပေးနေကြရင်းအလုပ်များနေကြသည်။အိမ်ရှေ့ကျောက်သားရေတံခွန်နားတွင်ရောင်စုံလိပ်ပြာကလေးများကအဖြူရောင်ဝတ်ဆင်ထားသောနတ်သားလေးထံဝဲပျံနေကြသည်။
အရမ်းလှတဲ့ကင်မ်အိမ်တော်ရဲ့သခင်လေးကိုအိမ်တော်ရဲ့မိသားစုတွေကနတ်သားလေးလို့တင်စားထားကြသည်။ဂျနီဗာမြို့ရဲ့နတ်သားလေး~~မြို့စားကတော်တွေသားမတ်တော်ချင်ကြတဲ့ကင်မ်ဆော့ဂျင်ကဆယ်ကျော်သက်အရွယ်ကောင်လေးအဖြစ်ကြီးပြင်းလာပြီ.။
"ဆော့.ဂျင်..ငါပြန်လာပြီ"
အိမ်ရှေ့ကပြင်သစ်သံခပ်ဝဲဝဲနဲ့လှမ်းခေါ်တဲ့အေလီယိုကိုတွေ့တာနဲ့ဂျင်ခြံနားကိုအမြန်ပြေးသွားသည်။ခြံစောင့်ဦးလေးကြီးကတံခါးဖွင့်ပေးလိုက်တာနဲ့အေလီယိုကကိုင်ထားတဲ့ခြင်းတောင်းကြီးကိုပစ်ချပြီးဂျင်ကိုအတင်းဖက်လာသည်။အီတလီကိုတစ်ပတ်လောက်သွားလိုက်တာသူ့ကိုအတော်သတိရသွားပုံပဲ.
YOU ARE READING
Flower
Fanfictionအိမ်ဖြူတော်အနောက်ဘက် တောင်ပြာတန်းမှာ ပန်းတစ်ပွင့်ကိုင်ပြီး ကင်မ်ကိုစောင့်နေတဲ့ယောကျာ်းတစ်ယောက်ရှိတယ်။ . One short~