Unicode
"ချစ်လေး ဘာတွေတွေးနေတာလည်း
မျက်နှာမကောင်းပါလား""ကို..... ချစ်လေး တို့ဘယ်လို လုပ်ကျမလည်းဟင်....Jungkookက ဟိုအကောင်ကိုပဲ စိတ်ယိုင်နေတာ ချစ်လေးစီပြန်လာမှာ မဟုတ်တော့ဘူး "
"ပြန်မလာတော့ ပိုကောင်းတာပေါ့ ချစ်လေးက သူ့ထားခဲ့မှာ ကြောက်နေတာလား အဲ့ကောင်ကို ကြိုက်နေလို့လား"
"ကိုနော်၊ ချစ်လေး က သူ ချစ်လေးကိုထားခဲ့ရင် စားပေါက်ပိတ်မှာဆိုးလို့ ပြောနေတာ ကို ကတစ်နေ့တစ်နေ့ လောင်းကစားလုပ်ဖို့ပဲ စဥ်းစားနေတာ ေလ အလုပ်ကျတော့ လုပ်တာ မဟုတ်ပဲနဲ့"
"ဘာလည်း ချစ်လေးက ကိုယ့်ကို အပြစ်ပြောနေတာလား၊ ကိုယ်လည်းရှာနေတာပဲ ရမှ မရသေးတာ ကိုယ်ပြောထားတဲ့ အလုပ်သာ ရရင်
ချစ်လေး တစ်သက်လုံး ထိုင်စားလို့ရပြီ၊ အချိန်ကောင်းကို စောင့်နေလို့ပါ""အချိန်ကောင်း က စောင့်လို့ ကို မပြီးနိုင်ဘူး အခုလမ်းဘေးရောက်တော့မယ် Jungkookက ဟိုကောင့်ဘက်ကို စိတ်ပါ သွားပြီ ချစ်လေးကို မချစ်တော့ဘူး သူ ချစ်လေးကို ထားခဲ့ရင် ၊ကို အလုပ်မရှိပုံမျိုးနဲ့ ဒုက္ခရောက်တော့မှာ၊အဲ့ဒါကြောင့် ပိုက်ဆံကို ကြည့်သုံးပါဆိုပြီးပြောလည်း မရဘူး အကုန်သုံးပြစ်တယ်"
"ဘာလည်း မင်းအခု ငါ့ကို ညိုငြင် နေတာလား
ပြောစမ်း၊ မင်းလည်း မသုံးလို့လား ၊ မင်းတစ်ခါ တစ်ခါ အဝတ်အစားဝယ် အိတ်ဝယ် နဲ့လုပ်တာက ငါသုံးတာ ထက်များတာပဲ ""ဘာလည်း အခု မင်းတွေငါတွေ သုံးလိုက်တာလား ရတယ်လေ ၊ ဒါဆို ကျွန်မလည်း ရှင့်ကို ပြောမယ် အဝတ်အစားဝယ် အိတ်ဝယ်တော့ရော ဘာဖြစ်လည်း အဲ့ဒါကျွန်မကို ပေးတဲ့ပိုက်ဆံလေ ကျွန်မသုံးပိိုင်ခွင့်ရှိတယ် ရှင်သာ အလုပ်မလုပ်ပဲ ထိုင်စားနေတာလေ ဘာတာဝန်ယူမှု မှ မရှိပဲ ၊ရှင်လုပ်တဲ့အလုပ်တစ်ခုက အိပ်ယာပေါ်အိပ်တဲ့အလုပ်ပဲ ရှိတယ်"
"ဘာကွ မင်း မိုက်ရိုင်းလှချည်လား ငါ့ကိုအထင်သေး တာပေါ့လေအခု.....ဖြန်း"
Min Yubinလည်း ဒေါသထွက်ထွက်နဲ့ Yuliပါးကိုရိုက်လိုက်မိသည်။
"ရှင်...ရှင်...ကျွန်မ ပါးကို ရိုက်တယ်.."