Part...22

587 35 10
                                    

For Unicode

"လုပ်ချင်ရာလုပ်လို့ဝရင် ကိုယ်နဲ့ပြန်လိုက်ခဲ့တော့ Amber"

အေးစက်စက်နဲ့ အမိန့်ဆန်သည့်စကားတွေဟာ တရဆက်ထွက်ပေါ်လာသည်။အကြောင်းပြချက်တောင်အပေးမခံဘဲ ဆွဲခေါ်သွားတဲ့နောက် ထယ်ယောင်း အေးအေးဆေးဆေးလိုက်ပါသွားခဲ့တာက မရုန်းကန်နိုင်လို့မဟုတ်ဘဲ လူကြားထဲမှဆိုတဲ့အသိကြောင့် သိက္ခာထိန်းခဲ့တာ။

သူ့ကိုမမြင်ဘဲ ပုံရိုက်ရင်းကျန်ခဲ့တဲ့ ဂျောင်ညီအစ်ကိုကို လှည့်ကြည့်လှည့်ကြည့်လုပ်ရင်း ထယ်ယောင်းတိတ်ဆိတ်စွာရှိနေမိသည်။အမှန်ပြောရရင် သူစိတ်လှုပ်ရှားမိ၏။

"ဝင်"

ဂျောင်ကုက ပန်းခြံရှေ့က ကားအဖြူထဲအား ထယ်ယောင်းကို ပစ်ထည့်သည်။
တံခါးအပိတ်မှာ ပုခုံးနဲ့ ကားတံခါးက အနည်းငယ်ရိုက်ခတ်မိသွားတော့ ထယ်ယောင်းညည်းသံထွက်လာမိသည်။သူ့ပုခုံးတကယ်ကို အောင့်တက်သွားတာ။

ထိုအခိုက်မှာ တစ်ဖက်ခြမ်းက ကားမောင်းသူနေရာမှာ ဝင်ရောက်လိုက်သည့်ဂျောင်ကုရဲ့ မျက်နှာဟာ သာမန်ထက်ကိုတည်တင်းနေသည်။

အပြစ်တင်သည်လည်းမဟုတ်၊ဒေါသနဲ့ပြဿနာရှာခြင်းမျိုးလည်း မလုပ်သေးဘဲ ပါးစောင်ကိုလျှာနဲ့ထိုးရင်း တောက်တချက်ချက်ခေါက်နေသည့် ဂျောင်ကုကြောင့် ထယ်ယောင်းအနေခက်ရသည်။

သူပျောက်လို့ရှာနေမယ့် ဟိုဆော့တို့ညီအစ်ကိုအကြောင်းကိုတွေးမိတော့ ဖုန်းထုတ်ကာ ပြန်နှင့်ကြောင်း စာရိုက်ပို့လိုက်ရသည်။ အခုအခြေအနေက ဖုန်းပြောလို့အဆင်ပြေမယ့် ရာသီဥတုမဟုတ်ဘူးဆိုတာ ကလေးကအစသိနိုင်တယ်မလား။

Sendဆိုသည့် ခလုတ်ကလေးအား ထယ်ယောင်းနှိပ်မိလျှင် နှိပ်မိခြင်း ထယ်ယောင်းရဲ့ဖုန်းလေးဟာ ဂျောင်ကုလက်ထဲအလုခံလိုက်ရသည်။ဖုန်းစခရင်ကိုတစ်ချက်ကြည့်ပြီး သူ့ထံရောက်လာတဲ့အကြည့်စူးစူးကြောင့် ထယ်ယောင်းမျက်နှာလွှဲလိုက်မိ၏။

"ဂျောင်ကု မင်း..."

ထယ်ယောင်းဖုန်းအား ကားနောက်ခန်းသို့ နောက်ပြန်ပစ်လိုက်တော့ ဂျောင်ကုကြောင့် ထယ်ယောင်းကြိတ်မနိုင်ခဲမရအော်လိုက်မိသည်။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Where stories live. Discover now