"ဝိုင်ပြင်းတစ်ခွက်၏မြတ်နိုးရာ" တွင် under 18 စကားများနှင့် ဖြစ်ရပ်များပါသည့်အတွက် ၁၈ နှစ်အောက်များအတွက် မသင့်တော်ပါ ။
ဝိုင်ပြင်းတစ်ခွက်၏ မြတ်နိုးရာ
one shot by SeongMartinez
"တော်စမ်းပါ ...ရှင့် ရဲ့ အလိမ်အညာစကားတွေအောက်မှာ ကျွန်မ နေခဲ့တာ အနှစ်၃၀ ကျော်ပြီ"
ရေကူးကန်ဘေးတွင် စကားနာထိုးနေမိတဲ့ အမျိုးသမီး တစ်ယောက်ကို အဝေးမှ ကြည့်နေမိတဲ့ အသက် ၂၅ နှစ်အရွယ် ကောင်မလေး တစ်ဦး ။
"ကျွန်မတော်တော့်ကို စိတ်ပျက်နေပြီ ။ မိသားစု ခရီးစဥ် ထွက်လာတာတောင်မှ ဒီအမျိုးသမီးရဲ့ နာမည်က ပါနေတုန်း ...အဲ့သည်လောက် ချစ်ခင်မြတ်နိုးနေရင်လည်း သူနဲ့ လက်ထပ်လိုက် ၊ ကျွန်မကို ကွာရှင်းပေးဆိုတော့လည်း ရှင်က မဟုတ်ပြန်ဘူး " ဟု သူမထက်အနည်းငယ် အရပ်မြင့်သည့် ဦးကိုး၏ ပုခုံးကို တွန်းရင်း ပြောသည့် မြတ် ။
"မြတ်ရယ် ..တိုးတိုးပြောပါ ၊ ဘေးပတ်ဝန်းကျင်တွေရှိသေးတယ်ကွ ..မင်း မရှက်တတ်ပေမဲ့ ငါရှက်တယ် "
"ဪ...အိမ်ထောင်ရေးကို ဖောက်ပြန်နေတာကိုရော ရှက်ရကောင်းတဲ့ အရာဆိုတာ ဦးကိုး သိရော သိရဲ့လားရှင့် "
ခနဲ့လိုက်သည့် မြတ်ရဲ့ စကားကြောင့် ဦးကိုး ၏ ဒေါသထွက်လာသည်။
"တော်ပြီလို့ မင်းကို ငါပြောနေတယ် ...."
မြတ်လည်း မျက်ရည်များနှင့်အတူ အမုန်းတရားများ ပါဝင်နေသည့် မျက်ဝန်းများနှင့် ဦးကိုးကို
ကြည့်ရင်း ထိုနေရာမှ ဟိုတယ် အခန်းထဲသို့ ပြန်ဝင်သွားသည် ။ အသက်အားဖြင့် ၅၀ ရှိပြီ ဖြစ်သော်လည်း မြတ်ဆိုသည့် အမျိုးသမီး၏ အလှမှာ ကျဆင်းသွားခြင်းမရှိပဲ ဝိုင်ကောင်းကဲ့သို့ ကြာလေ လှလေ အမျိုးသမီးလို့ သတ်မှတ်ရမည် ။အသားညိုညို အရပ်မှာ ၅ပေ နှင့် ၇လက်မ ရှိသည့် သူလည်း ဖြစ်ပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း အပြစ်ရယ်ဆိုဖွယ်ရာမရှိ အသက်၅၀လို့တောင်ပြောရင် ယုံကြမည်မထင်ပေ။ဆံပင်မှာ ကျောလယ်လောက်ရှိပြီး အညိုရောင်ကိုလည်း ဆိုးထားသေးကာ အောက်ဖျားများ ကောက်လျှက်ရှိသည့် ဆံနွယ်များမှာ သူမ၏ အလှဆုံး အရာဟု ဆိုရမည်။ ရေချိုးခန်းထဲ တန်းဝင်သွားပြီး ဘေစင်ဘေးတွင် ထိုင်ချလိုက်ကာ ဝမ်းနည်းမှုနှင့်အတူ ရှက်ခြင်း ဒေါသများပါဝင်သည့် မျက်ရည်များနှင့်အတူ ငိုနေမိသူ မြတ်ကို ကြည့်လျှင် သနားကြမှာ အမှန်။

YOU ARE READING
ဝိုင်ပြင်းတစ်ခွက်၏ မြတ်နိုးရာ (One shot)
Short Storyဝိုင် နှုတ်ခမ်းကို နမ်းပါရစေသား အောက်ပါ Fiction သည် under 18 စကားလုံးများနှင့်အခန်းပါဝင်သည့်အတွက် 18နှစ်မပြည့်သူများအဖို့မသင့်တော်ပါ ။