ကုန်လွန်ခဲ့တဲ့နှစ်တွေမှာ လွမ်းဆွတ်မှုတွေကို ဘာနဲ့ ကုစားသလဲမေးရင် မင်းရဲ့ လက်ကျန်ပုံရိပ်ယောင်တွေကို အဖော်ပြုရတာပါပဲ။
ကိုယ့်ပတ်ဝန်းကျင်ကို လာဗန်ဒါသင်းရနံ့တွေမွှေးပျံ့စေမယ်
အပြာရောင်တွေအစား ခရမ်းရောင်တွေကို အစားထိုးတယ်
တိတ်ဆိတ်မှု့ကိုဖြိုခွင်းဖို့ သီချင်းတွေကို အဖော်ပြုမယ်
မလွန်ဆန်နိုင်တဲ့ အလွမ်းတွေ ပြည့်လျှံလာရင် မူးအောင်သောက်ပြီးအိပ်လိုက်တယ်
အိမ်မက်ဆိုးကြောင့်နိုးရတဲ့ သန်းခေါင်ယံတွေမှာ လိမ္မော်ရောင်လီလီပန်းခင်းကြားသွားထိုင်နေမှာပေါ့
အရာအားလုံးဟာ ကိုယ့်ကိုကိုယ်တားဆီးထားဖို့ ကြိုးစားပမ်းစားလုပ်ခဲ့တဲ့ အထူးပြုလုပ်ချက်တွေချည်းသာ။ အချိန်တစ်ခုမှာ မင်းနဲ့ ပတ်သတ်တဲ့ တစွန်းတစကို မြင်ရကြားရရင် ကိုယ့်နှလုံးသားဟာ ယိုင်နွမ်းရတာပဲ ။ တတ်နိုင်သမျှတော့ မင်းကိုလေ အနားမှာ မထားရရင်တောင် ကိုယ်က အရိပ်ပမာလိုက်လိုသူပါ။
နီဆွေးဆွေးမေပယ်ပင်တန်းကနေ ဖြတ်သန်းခဲ့ရတဲ့ မနက်ခင်းတွေမှာ.....
မီးရောင်မှိန်ပျပျအောက်က အိမ်အပြန်လမ်းတွေမှာ ......ခြေလှမ်းတွေမညီရင်တောင် ဟိုးတုန်းကလိုပဲ မင်းလှည့်မကြည့်တဲ့ နောက်ကျောဖက်မှာ ကိုယ်အမြဲရှိခဲ့ပါတယ် နေခြည်ရယ်။
လက်ငြိုးညွှန်ရာရေဖြစ်ခဲ့တဲ့ မင်းလေးဟာ အပြုံးတွေဖောဖောသီသီထုတ်သုံးရင်း အောင်မြင်မှု့အတွက် လူတိုင်းကို ခေါင်းညွတ်တတ်လာပြီ။
စံအိမ်ရဲ့ သည်းသည်းလှုပ်အချစ်ခံလေးဟာ လမ်းဘေးကော်ဖီဆိုင်မှာ အနံကြီးကွင်းကျယ် လူတစ်စုကို စိတ်တိုင်းကျဝန်ဆောင်မှုပေးဖို့အတွက်လည်း မျက်နှာတစ်ချက်မှ မပျက်ခဲ့ဘူး။
ကိုယ့်ရွှေမင်းသမီးလေးရဲ့ ရင့်ကျက်မှု့တွေဟာ ဂုဏ်ယူစရာကောင်းသလောက် ရင်နာစရာတွေလည်း ဖြစ်ရပြန်တယ်။
သည်းမခံနိုင်တဲ့ နေ့တွေမှာ ကိုယ်ဟာ ရူးမိုက်တာတွေကို လုပ်မိလေတယ်။
YOU ARE READING
ရွှေချည်ကြိုးဆွဲရာ(GL)
Teen Fictionဘဝဇာတ်ခုံမှာ မေတ္တာရွှေခြည်ကြိုးဆွဲရာ အသုံးတော်ခံမယ် .....ပဲ့ကိုင်ရှင်က မင်းဖြစ်ပါစေ