(21)zawgi

43 4 0
                                    

ကုန်လွန်ခဲ့တဲ့နှစ်တွေမှာ လွမ်းဆွတ်မှုတွေကို ဘာနဲ့ ကုစားသလဲမေးရင် မင်းရဲ့ လက်ကျန်ပုံရိပ်ယောင်တွေကို အဖော်ပြုရတာပါပဲ။ကိုယ့်ပတ်ဝန်းကျင်ကို လာဗန်ဒါသင်းရနံ့တွေမွှေးပျံ့စေမယ်အပြာရောင်တွေအစား ခရမ်းရောင်တွေကို အစားထိုးတယ်တိတ်ဆိတ်မှု့ကိုဖြိုခွင်းဖို့ သီချင်းတွေကို အဖော်ပြုမယ်မလွန်ဆန်နိုင်တဲ့ အလွမ်းတွေ ပြည့်လျှံလာရင် မူးအောင်သောက်ပြီးအိပ်လိုက်တယ်အိမ်မက်ဆိုးကြောင့်နိုးရတဲ့ သန်းခေါင်ယံတွေမှာ လိမ္မော်ရောင်လီလီပန်းခင်းကြားသွားထိုင်နေမှာပေါ့အရာအားလုံးဟာ ကိုယ့်ကိုကိုယ်တားဆီးထားဖို့ ကြိုးစားပမ်းစားလုပ်ခဲ့တဲ့ အထူးပြုလုပ်ချက်တွေချည်းသာ။ အချိန်တစ်ခုမှာ မင်းနဲ့ ပတ်သတ်တဲ့ တစွန်းတစကို မြင်ရကြားရရင် ကိုယ့်နှလုံးသားဟာ ယိုင်နွမ်းရတာပဲ ။ တတ်နိုင်သမျှတော့ မင်းကိုလေ အနားမှာ မထားရရင်တောင် ကိုယ်က အရိပ်ပမာလိုက်လိုသူပါ။နီဆွေးဆွေးမေပယ်ပင်တန်းကနေ ဖြတ်သန်းခဲ့ရတဲ့ မနက်ခင်းတွေမှာ.....မီးရောင်မှိန်ပျပျအောက်က အိမ်အပြန်လမ်းတွေမှာ ......ခြေလှမ်းတွေမညီရင်တောင် ဟိုးတုန်းကလိုပဲ မင်းလှည့်မကြည့်တဲ့ နောက်ကျောဖက်မှာ ကိုယ်အမြဲရှိခဲ့ပါတယ် နေခြည်ရယ်။လက်ငြိုးညွှန်ရာရေဖြစ်ခဲ့တဲ့ မင်းလေးဟာ အပြုံးတွေဖောဖောသီသီထုတ်သုံးရင်း အောင်မြင်မှု့အတွက် လူတိုင်းကို ခေါင်းညွတ်တတ်လာပြီ။စံအိမ်ရဲ့ သည်းသည်းလှုပ်အချစ်ခံလေးဟာ လမ်းဘေးကော်ဖီဆိုင်မှာ အနံကြီးကွင်းကျယ် လူတစ်စုကို စိတ်တိုင်းကျဝန်ဆောင်မှုပေးဖို့အတွက်လည်း မျက်နှာတစ်ချက်မှ မပျက်ခဲ့ဘူး။ကိုယ့်ရွှေမင်းသမီးလေးရဲ့ ရင့်ကျက်မှု့တွေဟာ ဂုဏ်ယူစရာကောင်းသလောက် ရင်နာစရာတွေလည်း ဖြစ်ရပြန်တယ်။သည်းမခံနိုင်တဲ့ နေ့တွေမှာ ကိုယ်ဟာ ရူးမိုက်တာတွေကို လုပ်မိလေတယ်။အရမ်းလွမ်းတဲ့ နေ့ရက်မှာတော့ မင်းကို ထွေးပွေ့ဖို့ အခွင့်ရေးတစ်စကို ဖန်တီးမိပြန်တယ်။မင်းရဲ့ မူပိုင်....လာဗန်ဒါတွေ မပြယ်သေးတာကို ကိုယ်ဝမ်းသာပါရဲ့။သိပ်ကိုတမ်းတခဲ့ရတဲ့ မင်းရဲ့ အငွေ့အသက်ဟာ ကိုယ့်အတွက် နွေးထွေးနေလို့ ဖြေသိမ့်နိုင်ခဲ့တယ်။အဲ့ဒီတစ်ခဏတာမှာ ကိုယ့်ရင်ခွင်ထဲက မင်းကို သိမ်းဆည်းထားချင်တာ ထာဝရအတွက်ပါ နေခြည်။ ဖန်တီးယူခဲ့တဲ့ အချိန်တိုလေးမှာ ပြန်လည် လက်မလွှတ်ချင်တော့ဘူး။ ပြဇာတ်ရုံအလယ်က အမှောင်ထုကို အကာအကွယ်ယူလို့ ကိုယ်နယ်ကျော်ခဲ့တာ မင်းနှုတ်ခမ်းတစ်စုံဆိုပေမယ့် ချဉ်းနင်းဝင်ရောက်ခဲ့သူကိုယ်က ဒီထက်ပိုပြီး မတတ်နိုင်တော့ မင်းရှေ့ကို ပြန်လာရုံပဲပေါ့။မနက်ဖြန်ဟာ နှစ်သစ်ရဲ့ ပထမအစ....တနည်းအားဖြင့် မင်းရဲ့ မွေးလ မဟုတ်လား။ တနေ့လုံးစဉ်းစားခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ သေချာပြီမို့တွေဝေနေစရာမရှိ။ ကြည်နူးစွာပြုံးလိုက်မိတဲ့နောက် ဖျတ်ခနဲလင်းလာတဲ့ ဖုန်းစခရင်၊ ထပ်တလဲလဲဖတ်ပြီးတဲ့ သတိပေးစာပဲမို့ ထူးပြီး အရေးမလုပ်မိတော့။ gallaryထဲကို ဝင်လိုက်မိတော့ ကိုယ်သိမ်းဆည်းထားတဲ့ မင်းရဲ့ ပုံရိပ်များစွာ။ကြည်နူးစရာကောင်းလိုက်တာ။မြေအောက်ရထားပေါ်မှာ ဟမ်ဘာဂါပလုတ်ပလောင်းစားရင်း စာကြည့်နေလည်း မင်းက လှတယ်စတိုးဆိုင်တစ်ခုရဲ့ အရောင်းကောင်တာမှာ မတ်တပ်ရပ်ပြီး ခိုးငိုက်နေလည်း ချစ်ဖို့ကောင်းတယ်မနက်ခင်းအစောကြီး ပန်းခြံထဲမှာ အငွေ့တထောင်းထောင်းထနေတဲ့ ဟော့ဒေါ့လှည်းကို မြင်တော့ ပြေးနေတာရပ်ပြီး အားရပါးရစားနေလည်း ကြည့်ကောင်းတာပါပဲဒီလို ကြည်နူးစရာ ပုံရိပ်တွေသပ်သပ်တော့ ဟုတ်မနေဘူးပဲ။အိမ်ကို လွမ်းတဲ့အခါ တံတားပေါ်ကို ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ငိုတတ်တဲ့ကောင်မလေး။နှင်းမုန်တိုင်းကြောင့် ခိုက်ခိုက်တုန်အောင်ချမ်းအေးနေချိန် စားသောက်ဆိုင်တစ်ခုရဲ့ နောက်ဖေးမီးဖိုချောင်မှာ ညစ်ပတ်တဲ့ ပန်းကန်အထပ်လိုက်ကို ဆေးရင်း ငိုနေတဲ့ သနားစရာကောင်မလေး။တစွန်းတစကြားရတဲ့ မြန်မာပြည်က သတင်းတွေကို နားထောင်ရင်း အံကြိတ်သည်းခံခဲ့ရတဲ့ ကောင်မလေး။မင်းရဲ့နေ့ရက်တွေ အားလုံးကို မသိပေမယ့် ကိုယ် ဘာလုပ်သင့်တယ်ဆိုတာကို ကောင်းကောင်းသိတာမို့ လူတွေအကုန်ဝိုင်းတားကြပေမယ့် ခက်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့တယ်။ ရလာဒ်က ဘယ်လိုပဲဖြစ်လာပါစေ သေချာတာကတော့ မင်းကို ကာကွယ်ဖို့တစ်ခုတည်းပဲ အချစ်ရေ။"နှစ်သစ်မှာ အစဦးဆုံးမြင်ရတဲ့ နေရောင်ခြည်ကို တိုင်တည်ပြီး ဆုတောင်းရင် ဆန္ဒတွေပြည့်တယ်"အဲ့ဒီလို တချိန်က မင်းပြောဖူးတယ်။ ဟုတ်တယ် ကိုယ် ဆုတောင်းမယ်.....ကိုယ်ပိုင်ဆိုင်သော ကိုယ့်နေခြည်လေးကို မြင်တွေ့ပြီး ဆုတောင်းမယ်။ကိုယ့်အတွက် ဝေးကွာခြင်းတွေမရှိတဲ့ ထာဝရဆိုတာ နေခြည်လင်းလက်ဆိုတဲ့ မင်းဖြစ်စေသား....................................................နေထွက်တာကို ကြည့်ဖို့ အကောင်းဆုံးနေရာတွေလည်း များသားပဲ။ နှစ်ကူးညရဲ့ လက်ကျန်အရှိန်မသေသေးတဲ့ လူတစ်စုမောင်းလာတဲ့ ကားဟာ ကိုယ့်ကို ကျော်ဖြတ်သွားစဉ် ဆုတောင်းပေးသွားတာ ပျော်စရာနှစ်သစ်ပါတဲ့။ နေထွက်တာကို လာကြည့်တဲ့ လူတော်တော်များများ တောင်ပေါ်မှာ ရောက်နေကြပြီ။ မင်းသာဆိုရင် လူများတာကို မကြိုက်လောက်ဘူးနော်။ ဘယ်နေရာမှာ မင်းရှိလိမ့်မလဲ။ကိုယ့်လက်တဲမှာ တယုတယပွေ့ပိုက်ယူဆောင်လာခဲ့တာ လိမ္မော်ရောင်လီလီတွေတော့မဟုတ်ဘူး။ မင်းသိပ်ကြိုက်တဲ့ ခရမ်းရောင် လာဗန်ဒါတွေ.....အညိုရောင်ဖဲကြိုးလေးနဲ့ လာဗန်ဒါတွေဟာ မင်းကိုယ်သင်းရနံ့လောက်တော့ သင်းပျံ့မယ်မထင်။အကယ်၍များ ကိုယ့်ကို ရုတ်တရက်မြင်လိုက်ရရင် မင်း ဘယ်လိုများတုံ့ပြန်မလဲ အကြိမ်ကြိမ်တွေးဖူးတယ်။ထွက်ခွာသွားစဉ်က လာမနှုတ်ဆက်လို့စိတ်ကောက်နေမလား။တချိန်လုံး အဆက်အသွယ်မလုပ်ခဲ့လို့များ စိတ်နာနေမလား။ဒါမှမဟုတ် ကိုယ့်ကို မေ့လိုက်ပြီလား နေခြည်ငယ်။စိုးရိမ်စိတ်တဝက် ပူပန်ခြင်းတဝက်နဲ့ ခြေလှမ်းတွေဟာ အတွေးတို့နဲ့ အတူပြန့်ကျဲလို့။သဘာဝတရားကြီးက သူ့အလုပ်သူလုပ်တယ်။ကိုယ့်နှလုံးသားကလည်း မင်းနဲ့ပတ်သတ်ရင် စည်းဝါးလွတ်ဆဲ။ မသေချာမှု့တစ်ခုကို အရင်းပြုလို့ မင်းကို ရှာဖွေနေမိတယ်။နှစ်သစ်ရဲ့ အာရုဏ်ဆည်းဆာဟာ မင်းလောက်တောင် မတောက်ပနိုင်လေတော့ ကိုယ် လွယ်လင့်တကူပဲ ကိုယ့်အပိုင်နေရောင်ခြည်လေးကို တွေ့ရပါပြီ။ အညိုရောင်ဆံနွယ်တွေဟာ ဟိုတုန်းကလို မရှည်လျားတော့။ သိပ်ကို ဆွဲဆောင်မှု့ပြင်းလွန်းတဲ့ မျက်ဝန်းညိုတွေဟာ တောက်ပဆဲ။ ရယ်လိုက်တယ် ....ပြုံးလိုက်တယ်။ အပြုံးတစ်ပွင့်တိုင်းဆီက သိပ်ကို တောက်ပနေမြဲ။ ပြီးတော့ မင်းဘေးနားမှာ ကိုယ်မဟုတ်တဲ့ ကိုယ့်ပုံတူတစ်ယောက်ကိုပါ တွေ့လိုက်ရတယ်။"နေခြည်"ကျောခိုင်းလျှက်သား မင်းလေးက ပထမတခါခေါ်တော့ လှည့်မကြည့်။ မင်းနဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ တစ်ယောက်ကတော့ မုန့်အလုခံလိုက်ရတဲ့ ကလေးငယ်လို မျက်နှာငယ်သွားလိုက်တာ စိတ်တောင်မကောင်းချင်စရာ။"နေခြည် ကိုယ်ပါ"တောက်ပတဲ့ အာရုဏ်ဦးဟာ စူးရှတဲ့ နေရောင်အဖြစ်ပြောင်းသွားချိန် မင်းဆံနွယ်တွေမှာ အညိုရောင်တွေစွန်းလို့ ....ကိုယ့်ကို ကြည့်နေခဲ့တာ ။ မျက်ဝန်းအစုံဟာ မျက်ရည်တွေကို ကိုယ်မြင်လိုက်ရလေသလားပဲ။နှစ်ပေါင်းများစွာရဲ့ အလွန်မှာ ကိုယ် လွမ်းဆွတ်ခဲ့ရတဲ့ မျက်ဝန်းတွေကို ငေးကြည့်နေချိန် ကိုယ့်အာရုံမှာ ဝင်ရောက်လာတာက လာဗန်ဒါတွေ.... ပိုမွှေးသွားသလို။ မဟုတ်ဘူး လာဗန်ဒါခင်းကြီးက ကိုယ့်ကို ထွေးပွေ့လိုက်တာ။ ရင်ခွင်ထဲက လာဗန်ဒါလေးကို အသေအချာထွေးဖက်လို့ အညိုရောင်ဆံနွယ်တွေကို နမ်းရှိုက်စဉ် မျက်နှာချင်းးဆိုင်က ကလေးကို ကြည့်လိုက်မိတယ်။ အဟက် .... ဝမ်းနည်းသွားသလား။"သတိရနေတာ ကိုယ့်နေခြည်လေး"စကားပြန်မရပေမယ့် ပခုံးထက်မှာ စွန်းထင်းလာတဲ့ စိုစွတ်မှုကြောင့် ရင်ခွင်ထဲက လာဗန်ဒါလေး ငိုနေပြီဆိုတာ သိလိုက်ရသည်။ တော်သေးတာပေါ့ ကိုယ့်ကို မမုန်းလိုက်လို့။တအင့် အင့်ရှိုက်သံလေးက ပိုဆူလာတော့ လမ်းသွားလမ်းလာတွေတောင် စူးစမ်းလို့။လက်တစ်ဖက်က ခေါင်းလုံးလုံးလေးက ဆံနွယ်တွေကြား တယုတယ ထိုးဖွ နှစ်သိမ့်လိုက်သလို လာဗန်ဒါပန်းစည်းကိုင်ထားတဲ့ လက်နဲ့ ခါးကနေပွေ့ထားလိုက်သည်။ ကိုယ့်ကလေးက အငိုသန်လေး။ အတော်ကြာမှ ကိုယ့်ပခုံးပေါ်တင်ထားတဲ့ မျက်နှာလေးကို ဖယ်ခွာပြီး မျက်နှာချင်းဆိုင်စေသည်။ မျက်ရည်ထားလို့ ခပ်ပါးပါးလိမ်းချယ်ထားတဲ့ မိတ်ကပ်တွေတောင်ကွပ်သွားသည်။ ဒါပေမယ့် လှနေဆဲ။"ငိုလို့ဝပြီလား နေခြည်""အဟင့် ဘယ်မှာငိုလို့လဲ"ရှိုက်သံလေးတဝက်နှင့် ပြန်ရန်ထောင်သည်။ ကိုယ်ယူလာတဲ့ လာဗန်ဒါကို လက်ထဲထည့်ပေးလိုက်တော့ လက်ချောင်းတွေနဲ့ ထိကြည့်နေသည်မှာ ခေါင်းကြီးကို ငုံ့လို့။မနာလိုတော့ဘူး လာဗန်ဒါတွေရေ။"ပန်းတွေကိုသဘောကျရဲ့လားနေခြည်"ခေါင်းညိတ်ပြလိုက်ပေမယ့်..."လွင့်ကိုတွေ့ရလို့ ပိုသဘောကျတယ်"ဘေးနားက ကလေးမရေ ကြေကွဲစမ်း။ ဒါပေမယ့် ကိုယ်ကို ပိုပြီး ပရမ်းပတာဖြစ်သွားတာကိုတော့ တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားက အသိဆုံး။"ကိုယ်တောင်းပန်ပါတယ် နေခြည် မင်းထွက်သွားတုန်းက နှုတ်မဆက်နိုင်လိုက်ဘူး""လေဆိပ်မှာ စောင့်နေခဲ့တာ လွင် ဒီကြားထဲ အဆင်ပြေရဲ့လားဟင် ဘာတွေလုပ်နေလဲ ဒီကိုရော ဘယ်လိုရောက်လာတာလဲ ဘယ်လောက်ကြာကြာနေမှာလဲဟင်""ကြက်တူရွေးလေး နောက်ဆုံးတော့ စကားပြောတတ်ပြီပေါ့"လွန်ခဲ့တဲ့နှစ်တွေမှာ နေခြည်လင်းလက်က လွင်မီမီခိုင့်ကို ဒီလောက်စိတ်မဝင်စားဘူးပါဘူး။ ကိုယ့်နေခြည်လေး တကယ်ပြောင်းလဲသွားတာပဲ။ တော်ပါသေးရဲ့ ကိုယ့်အတွက်ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်နေလို့။"ဘယ်လောက်ကြာကြာနေမှာလဲဆိုတော့ ........အင်း ကိုယ် လူတစ်ယောက်ကို လာတွေ့တာ အဲ့ဒီလူကို အလွမ်းမပြေသရွေ့ပေါ့""လူတစ်ယောက် ဘယ်သူလဲဟင်"နေခြည်လေးက တခါတလေတော့ တုံးမြဲတုံးဆဲ။လက်သီးဆုပ်လေးနဲ့ ငတုံးမလေးခေါင်းကို ခပ်ဖွဖွထုလိုက်သည်။"အာ့ ဘာလို့ထုတာလဲ လွင်ရဲ့""မင်းကိုပဲပေါ့ မင်းကို လွမ်းလို့ လာတွေ့တာ နေခြည်လေးရဲ့"တခဏ ငြိမ်သက်သွားတဲ့ မင်းရဲ့ အကြည့်တွေဟာ အဖြေမတွေ့သေးတဲ့ပုံပဲ။"တကယ်လားဟင် လွင် ငါ့ကို မမေ့သေးဘူးပေါ့""နေခြည် မေ့နေပြီလား ကိုယ်တို့နောက်ဆုံးတွေ့တဲ့ နေ့ကို".........."ကိုယ်ပြောခဲ့တယ်လေ နေခြည်လင်းလက် ဘယ်နေရာမှာပဲရှိရှိ ဘယ်ကိုပဲရောက်ရောက် ဘယ်လိုအခြေအနေပဲဖြစ်နေဖြစ်နေ လွင်မီမီခိုင်က အနားမှာ ရှိနေပေးမယ်လို့ ကိုယ်ကတိပေးထားတယ်လေ""လွင် လွင် ငါ့ရဲ့လွင်"နောက်တကြိမ် ပြန်ဖက်တွယ်လာတဲ့ ကိုယ်လေးကို အလိုက်သင့်ထွေးပွေ့ထားလိုက်မိသည်။ ဒီတခါလည်း လွင့် အာရုံထဲ လာဗန်ဒါတွေ ပိုမွှေးရပြန်ပြီ။"ဟုတ်တယ် ကိုယ်က မင်းရဲ့လွင်ပါ နေခြည်ငယ်"တရားဝင်မဟုတ်သေးပေမယ့် ကိုယ် မဏ္ဒပ်တိုင် တက်ပြလို့ရတယ်မလား ။ ဘာရယ်မဟုတ်ကြည့်လိုက်မိတော့ ကိုယ်တို့နှစ်ယောက်ကို ကြည့်နေတဲ့ ဘေးနားက ကလေးမလေး ......အော် မျက်ဝန်းတွေက နီရဲနေသလား၊ မျက်မှောင်တွေကျုတ်ထားသလားလို့။ အဲ့တာ ဘာဖြစ်နေလို့လဲကွယ်။တတိုင်းမွှေး(27/12/22).............................................................................................

ရွှေချည်ကြိုးဆွဲရာ(GL)Donde viven las historias. Descúbrelo ahora