အဲ့ဒီလိုအချိန်မျိုးရှိတယ်မဟုတ်လား ။ချစ်ပေးနေပေမဲ့ ချစ်ခြင်းကိုသေချာမခံစားမိတော့အချိန် ။
အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ အေးစက်ခြောက်ကပ်မှုတွေပြည့်နှက်လာတဲ့အချိန် ။
ချစ်ရမှာကို တွန့်ဆုတ်လာတဲ့အချိန် ။
ဆက်ချစ်ဖို့ကိုမရွေးချယ်ချင်တော့တဲ့အချိန် ။
နောက်ဆုံး အချစ်တွေကုန်လာတဲ့အချိန်... ။
ပထမဆုံးသော အက်ကွဲရာလေးကို ပြင်ဆင်ဖို့မကြိုးစားခဲ့မိကြသလို ဒုတိယမြောက် အက်ကွဲရာကိုလည်း မမြင်ချင်ယောင်ဆောင်ခဲ့တယ် ။ အဲ့ဒီလိုကနေ အက်ရာတွေအထပ်ထပ်ဖြစ်လာခဲ့ပြီး နောက်ဆုံးကွဲထွက်သွားတဲ့အချိန်မှာ ချစ်ခြင်းတွေ ၊ မေတ္တာတွေ ၊ နားလည်မှုတွေ ၊ မျှော်လင့်ချက်တွေ ၊ အနာဂတ်တွေ အားလုံးက အမှုန်စလေးတွေအဖြစ်နဲ့လေထဲကိုလွင့်ပါလို့သွားတယ် ။ ဒီတိုင်း...ပြန်ဖမ်းဆုပ်လို့မရတော့အောင် ဟိုးအဝေးဆုံးအထိကိုပဲ... ။
__________
၂၀၁၃ ။ ဒီဇင်ဘာ ၂၅ ရက် ။
ဆောင်ဟွန်းက ဖွင့်ပြောခဲ့တယ် ။ သူ့ခံစားချက်တွေကိုဆက်ပြီးမျိုသိပ်မထားနိုင်တော့သလို သူငယ်ချင်းအနေနဲ့ဆက်မရှိချင်တော့တဲ့အကြောင်းကို သူ့ကိုတင်းနေအောင်ဖက်ထားပြီးပြောခဲ့တာ ။ ကျောပေါ်မှာရှိနေခဲ့တဲ့ လက်တွေကတင်းကျပ်လွန်းလို့ ဂျုံဆောင်းအသက်ရှုရတောင်ခက်လာတဲ့အထိ ။ ဂျုံဆောင်း ငြင်းလိုက်မှာကိုစိုးရိမ်ပြီး ချစ်တဲ့အကြောင်းတွေကိုတုန်တုန်ရီရီနဲ့ဆက်တိုက်ပြောခဲ့တဲ့ ဆောင်ဟွန်းက သတ္တိအများကြီးမွေးခဲ့ပုံရတယ် ။ ဆောင်ဟွန်းရဲ့အဲ့ဒီပုံစံက ချစ်စရာကောင်းလွန်းလို့ ဂျုံဆောင်းမထိန်းနိုင်ဘဲ ရယ်ခဲ့မိသေးတယ်လေ ။
ဂျုံဆောင်းလက်ခံခဲ့သလား ?
တွေဝေခြင်းက ခေတ္တနေရာယူလာခဲ့ပေမဲ့ ဂျုံဆောင်းကိုယ်တိုင်ကလည်း အစောကြီးကတည်း ဆောင်ဟွန်းကို ချစ်နေမိခဲ့ပြီးပြီမို့ နှလုံးသားရဲ့အလိုအတိုင်း အဲ့ဒီအချိန် ၊ အဲ့ဒီနေရာမှာပဲ သူ့ရဲ့အရာအားလုံးကို ဆောင်ဟွန်းကိုပုံအပ်ဖို့ဖြစ်လာခဲ့တယ် ။
YOU ARE READING
𝗼𝗻𝗰𝗲 𝘂𝗽𝗼𝗻 𝗮 𝗱𝗲𝗰𝗲𝗺𝗯𝗲𝗿 | 𝗃𝖺𝗒𝗁𝗈𝗈𝗇
Fanfiction𝗂𝖿 𝗍𝗁𝖾𝗋𝖾'𝗌 𝖺𝗇𝗒 𝖼𝗁𝖺𝗇𝖼𝖾 𝗐𝖾'𝗅𝗅 𝗆𝖾𝖾𝗍 𝖺𝗀𝖺𝗂𝗇...𝗅𝖾𝗍'𝗌 𝖿𝖺𝗅𝗅 𝗂𝗇 𝗅𝗈𝗏𝖾 𝖺𝗀𝖺𝗂𝗇