အာကာမင်းမြတ်၏အားသာချက်ကား သူ့အားမူးနေသည့်အချိန်၌ပြောသမျှကို မှတ်မိနေတာပင်။ခုလည်း ဟိုမြို့သားခိုင်းထားသည့်ကိစ္စအား လုပ်ရန် ပြင်ဆင်နေသည်။
အဘကတော့ အရှေ့ရှိကွပ်ပျစ်၌ပြုံး,ပြုံးကြီးထိုင်နေလေရဲ့။ဒီကလူက လုပ်ပေးချင်လွန်းလို့များထင်နေလားမသိဘူး..ပြောပြီးသားစကားကို ပြန်မပြင်ချင်လို့..။
* * *
"ဟို..ကိုမြတ်ဇေ.."ရွာထဲက ပို့ပေးတဲ့ချိုင့်ကို ကိုမြတ်ဇေက လှယ်နေရင်း မော့ကြည့်သည်။
"ပြောလေ..ငွေစက်.."
"ကျွန်တော် ဒီနေ့တစ်ရက်လောက်ခွင့်ယူချင်လို့.."
"ဘာကိစ္စရှိလို့လဲငွေစက်.."
"ဒီနေ့ကျွန်တော့်အကိုလာမှာမလို့ သွားကြိုချင်လို့.."
"ရတယ်သွားလေ..အကိုခွင့်တင်ထားပေးမယ်.."
"ကျေးဇူးပါကိုမြတ်ဇေ..အားနာ,နာနဲ့ တစ်ခုလောက်ထပ်တောင်းဆိုဦးမယ်.."
ကိုမြတ်ဇေက ရယ်ကာ
"ငွေစက်ရယ်..ရှိတာမှ ဒီလူလေးတွေပဲ ရှိတာ..ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြော..ကဲ..ဘာပြောမလို့လဲ.."
"ကျွန်တော့်အကိုလာရင် ဒီမှာနေခိုင်းလို့ရမလားဟင်.."
"ငွေစက်ရယ်..ဒီအိမ်က အကိုပိုင်တာလည်းမဟုတ်ဘူး..တကယ်လို့ အကိုကခွင့်မပြုရင် ငွေစက်က မနေခိုင်းတော့ဘူးလား.."
လင်းလည်း ဂုတ်ပိုးကိုသာ ပွတ်နေမိသည်။
"အကိုက နေခိုင်းပါတယ်ကွာ..ဒီအိမ်ရဲ့ပိုင်ရှင်သူကြီးကို အသိလေးတော့ပေးလိုက်ဦးပေါ့.."
"ဟုတ်ကိုမြတ်ဇေ..ကျေးဇူးတင်ပါတယ်.."
ကိုမြတ်ဇေက ပြုံးကာ ခေါင်းခါပြသည်။သဘောက..မလိုပါဘူးကွာ..ဆိုသည့်သဘော..။
လင်းလည်း အိမ်ထဲမှဆင်းကာ အရှေ့က သူကြီးအိမ်သို့ထွက်ခဲ့သည်။
သူကြီးက အိမ်အောက်က ကုလားထိုင်မှာ ရေနွေးကြမ်းသောက်နေသည်။လင်းလည်း သူကြီးနှင့်မျက်နှာချင်းဆိုင်ခုံ၌ ခပ်ရို့ရို့ဝင်ထိုင်လိုက်တော့ သူကြီးက ပြုံးပြကာ