Part 1

467 17 4
                                    

ဆိုးလ်မြို့ရဲ့အထက်တန်းကျောင်းတစ်ကျောင်း..
မြို့စုံနယ်စုံမှာရှိတဲ့ ကျိကျိတတ်ချမ်းသာတဲ့အသိုင်းအဝိုင်း..ဒိတ်ဒိတ်ကျဲအနုပညာအသိုင်းအဝိုင်းတွေဆီကနေ ဆင်းသက်လာတဲ့ ကလေးတွေအားလုံးဟာ ထိုကျောင်းမှာတတ်ကြရစမြဲ...။
Jungkook သည် ထိုကဲ့သို့ဒိတ်ဒိတ်ကျဲကျိကျိတတ်အသိုင်းအဝိုင်းမှမဟုတ် ဘူဆန်မြို့၏ရွာငယ်လေးတစ်ရွာတွင်နေထိုင်ကာ အမည်မထင်ရှားသည့်သေးသေးကုတ်ကုတ်လူသားလေး..။
ဤကဲ့သို့နှာမည်ကြီးကျောင်းတွင် တတ်ရလိမ့်မည်ဟု ဘယ်သောအခါမှမစဉ်းစားဖူး...အိမ်မက်ပင်မမက်ဖူးခဲ့ပါ...
သူ့အခြေအနေ သူ့အဆင့်အတန်းနှင့် တတ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါ....။
သို့သော် Sam Kim Nam Joon ၏ ထောက်ပံ့မူကြောင့် တတ်ခွင့်ရခဲ့သည်။
မည်သို့samအားကိုးနှင့်ဆိုဆို ကျိကျိတတ်ဒိတ်ဒိတ်ကျဲကလေးတွေအကြားbullyအလုပ်ခံလိမ့်မည်ဟု အစကတည်းကကြိုတွက်ထားပြီးသား။
ကြိုတွက်ထားသည့်အတိုင်းပင် ကျောင်းသို့စရောက်သည့်နေ့မှာပင် ချောင်ပိတ်အရိုက်ခံရသဖြင့် ခေါင်းကွဲကာ ဆေးရုံရောက်ခဲ့သည်။
ဆေးရုံမှဆင်းပြီးနောက်တစ်ရက် Toilet ထဲထည့်ပိတ်ခံရသဖြင့် အသက်ရူကျပ်၍မေ့လဲကာ ဆေးရုံထပ်ရောက်ရပြန်သည်။
ငွေကြေး ဂုဏ်သိက္ခါတွေသည် သိပ်အရေးပါမှန်း jungkook နားလည်ခဲ့သည်။
သူဆေးရုံသို့အိမ်ဉီးနှင့်ကြမ်းပြင်ကဲ့သို့ သွားနေရမှန်း မေမေ့ကိုတော့အသိမပေးဖြစ်တော့။ မေမေသိလျှင် မေမေနှလုံးရောဂါနှင့် ဆေးရုံရောက်မည်ဆိုတာသိနေတာကြောင့် အပူပေါ်အပူဆင့်မနေတော့။ အဆင်ပြေသလိုသာ ခပ်ကုပ်ကုပ်လေးနေခဲ့သည်။
"Jungkook!!"
အခုလည်းစာသင်ခန်းထဲတွင် ကုတ်ကုတ်လေးထိုင်ကာ စာရေးနေတုန်း ခေါ်သံကြားလို့လှည့်ကြည့်တော့ အညိုရောင်ဆံပင်ကောက်ကောက်လေးနှင့်လူသားလေးက သူရှိရာသို့ပြေးလာနေသည်။
"မင်းတစ်ယောက်တည်းအခန်းထဲဘာလုပ်နေတာတုန်း"
လေးထောင့်ဆန်ဆန်အပြုံးများပြုံးပြရင်း မေးသည်။
သူသည် B room မှ Kim Tae Hyung။
ကျောင်းတစ်ကျောင်းလုံး၏ အနှိမ်ခံရမူ Bully ခံရမူတွေ ကြား
Tae Hyung တစ်ယောက်ကတော့ သူ့ကို လူတစ်ဉီးကဲ့သို့ဆက်ဆံကာ ခင်မင်ခဲ့သည်။ ကျွန်တော့်ဘက်ကတော့မဟုတ် သူကသာ။
အရင်တစ်ခါက Toilet ထဲ ဝိုင်းထိုးခံနေရစဉ် အပြေးရောက်လာကာ ကူညီပေးသဖြင့် အသက်မပျောက်ခဲ့ရသည်။
Taehyungသည် ထိပ်တန်းဝန်ကြီးတစ်ဉီး၏သားဖြစ်သည်ဟု ပြောသံကြား၍ သူ့ဘက်ကမပတ်သတ်မိအောင် သတိထားနေခဲ့သော်လည်း အညိုရောင် ကောက်လိမ်လေးမှာတော့ အားတိုင်းသူ့ဆီလာကာ ခင်မင်ပေးခဲ့သည်။
"ငါစာမပြီးသေးလို့ မလိုက်တော့ဘူး"
"လာပါjungkookရာ စာကမပြီးလည်းဘာမှမဖြစ်ပါဘူး ငါရေးကူမယ်လေ"
ငွေကြေးရော အာဏာရော ပြည့်စုံနေတဲ့ သူတစ်ယောက်ဖြစ်တာမို့ သူကမို့စာကအရေးမကြီးကြောင်းပြောထွက်တာပေါ့
ကျွန်တော့်လို နူံချာစုတ်ပြတ်နေတဲ့လူတစ်ယောက်က ဒီစာမကြိုးစား၍မဖြစ်။
ပိုက်ဆံရှိလို့လာတတ်နေရတဲ့ကျောင်းလည်းမဟုတ် သူများအားကိုးနဲ့တတ်နေရတာမို့ ဒီစာကိုတော့ကြိုးစားမှဖြစ်မည်။
မေမေသိပ်ဖြစ်စေချင်တဲ့ ပညာတတ်တစ်ယောက်ဖြစ်ရဖို့ အတန်းချိန်တစ်ချိန်မှအလွတ်ပေး၍မဖြစ်ပါ။
"ဟင့်အင်း ငါမလိုက်တော့ဘူး Taehyung"
"မင်းကလည်းကွာ"
သူဆံပင် ကောက်ကောက်တွေအားဆွဲဖွကာ စိတ်မရှည်တော့သည့်ပုံဖြင့်ပြောလာသည်။
"ပီးရောကွာ အာ့ဆိုလည်း"
ထို့နောက် jungkook အနားမှအပြင်ဘက်သို့ပြေးထွက်သွားခဲ့သည်။
••••••••••••

"Park Jimin!!!"
Parkအိမ်တော်၏ခမ်းခမ်းနားနားဧည့်တွေ့ခန်းတွင်
ဉက္ကဌpark၏အသံသည်စူးစူးဝါးဝါး...။
"မင်းကို ငါတို့က ချစ်လို့ မင်းလုပ်သမျှတွေကိုမမြင်ချင်ယောင်ဆောင်ပေးထားတာနော် ကန်းတတ်မလာနဲ့!!"
"ကျွန်တော် ဘာလုပ်နေလို့လဲ"
ညကျclubတတ်ရန်အဖော်တွေနှင့် အချိန်းအချက်လုပ်နေရင်း အေး"ဆေး"ပြန်ဖြေသည်။
"မင်းအတန်းပုံမှန်မတတ်ဘဲ Clubပဲတတ်နေတာဆို!
ငါမင်းကိုအတန်းတတ်ဖို့ ကျောင်းထားထားတာနော် Clubတတ်ဖို့မဟုတ်ဘူး! Parkjimin အရိုင်းအစိုင်းကောင်ရဲ့"
ဉက္ကဌparkသည်လက်ညိုးငေါက်ငေါက်ထိုးကာ ဒေါကြီးမာန်ကြီးဖြင့်ပြောနေသော်လည်း အရှေ့ကသားတော်လေးမှာ အဖေဖြစ်သူ၏စကားကိုအလေးထားပုံမပေါ်။
"အပျင်းပြေသွားတာပါဒယ်ဒီရာ"
တခမ်းတနားဧည့်ခန်းထဲ ကြွကြွရွရွလေးထိုင်ကာ အေးအေးဆေးဆေးလေးပြန်ဖြေသည်။
"မင်းအပျင်းပြေကညတိုင်းလား!ဟမ်! ငါမင်းကိုClubတတ်ပြီး မဟုတ်ကဟုတ်ကတွေလုပ်နေဖို့ မွေးထားတာမဟုတ်ဘူး မွေးရကျိုးမနပ်တဲ့ကောင်ရဲ့!"
"အာ့ဆို ဘာလို့မွေးထားသေးလဲ မွေးလာကတည်းက တစ်နေရာရာသွားလွင့်ပစ်လိုက်လေ"
ထိုင်ရာမှထကာ ဖွာလန်ကျဲဆံပင်အား လက်ဖြင့်ထိုးဆွလိုက်တော့ နားမှာဝတ်ထားတဲ့ နားဆွဲ တိုးလိုတောင်းလောင်းလေးတွေက လူပ်လူပ်ခါခါရယ်။
ဖုန်းအား ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ တံခါးဆီသို့ တန်းတန်းမတ်မတ်လျှောက်လာရင်း တံခါးရှေ့ရောက်မှ လှည့်ကြည့်ကာ ခပ်ကျယ်ကျယ်လေးအော်ပြောသွားခဲ့သည်။
"ကျွန်တော့accထဲ ငွေသိန်း200လောက်ဒယ်ဒီ!".
ဥက္ကဌParkမှာတော့ နားထင်အားလက်ဖြင့်ဖိကာ ရုပ်ပျက်ဆင်းပျက်ဖြင့် သူ၏တစ်ဉီးတည်းသော သားတော်လေးအား မေတ္တာပေါင်းစုံပို့နေတော့သည်။

Park Jimin ဆိုသူသည် ဆိုလ်း၏ထိပ်တန်းအထက်တန်းကျောင်းတွင် ကျိကျိတတ်လည်းချမ်းသာသလို ဒိတ်ဒိတ်ကျဲကောင်လေးတစ်ဉီး။
ဖခင်သည် ထိပ်တန်းဝန်ကြီး တစ်ဉီးဖြစ်ကာ ကျိကျိတတ်ချမ်းသာသဖြင့် ဆိုးချင်းတိုင်းဆိုးကာ ဇက်ဇက်ကျဲ။
ယောကျ်ားတန်မဲ့ လှပလွန်းသော ခန္ဓာကိုယ်နှင့် ပြစ်ချက်မရှိချောမောလွန်းသော ရုပ်ရည်ကြောင့် မိန်းကလေးတင်မက ယောကျ်ားလေးတွေကြားမှာပါ Popular ဖြစ်လွန်းသောသူ။
မာနသည် ထိပ်ခေါင်နေကာ မည်သူဖြစ်စေ အားလုံးသည် သူ့ခြေဖဝါးအောက် ပြားပြားဝပ်ရစမြဲ။

Park Jimin ဟူသည် ထိုအထက်တန်းကျောင်းရှိလူသားအားလုံးဉီးညွတ်ရာ နတ်ဘုရားငယ်။

ဆက်ကြိုး🥀Where stories live. Discover now