အပိုင်း၃၀(Unicode)

200 4 4
                                    

လွမ်းတို့၂ယောက်သာ ဒယ်ဒီတွေရဲ့ Companyတွေကို ဦးဆောင်တာ ဒီနေ့ဆိုတစ်လပင်ပြည့်ပြီဖြစ်သည်။ဒီတစ်လအတွင်း လွမ်းနဲ့နက် တိုးတက်လာတာဆိုသည့်က အမြဲတမ်းနက်ရဲ့သူ့အပေါ်တွင် သဝန်တိုတာမမည်သော ချုပ်ချယ်မှုတွေကြောင့် တစ်နေ့တစ်နေ့စကားအနည်းအများဖြစ်ရသော ရန်ပွဲတွေသာ ရှိလိမ့်၏။သူ့တို့၂ယောက်ကြားထဲတွင် ရန်ပွဲတွေသာရှိ၍ ချစ်ခြင်းဆိုတာ ဘယ်နားသွားရှာရမလဲမေးရတော့မလိုပင်။

"အကိုလွမ်း"

လွမ်းအတွေးလွန်နေတုန်း လွမ်းကိုခေါ်လိုက်တော့ လွမ်းအတွင်းရေးမှူး ကောင်းထက်ပင်။

"အင်း"

"အကိုလွမ်းရဲ့အမျိုးသားရောက်နေပါတယ်"

လွမ်းရဲ့Companyလာတိုင်း အမြဲဇွတ်ဝင်လာပြီး ဘယ်သူကိုမှ ဂရုမစိုက်တတ်တဲ့သူက သူ့ရောက်နေကြောင်း ကောင်းထက်ကို ပြောခိုင်းကတည်းက သိပ်တော့မဟုတ်ချေ။

"သူ့က ဘာကိစ္စဝင်မလာရတာလဲ"

"အကိုလွမ်းကိုပဲ အပြင်ထွက်ခဲ့ပါတဲ့ သူနဲ့သွားစရာရှိတယ်ပြောလိုက်စိုးလို့ပါ"

"ဒါဆို အကို ပြန်မလာတော့ဘူး ညီလေးကိုယ်တိုင်ပဲ ရုံးဆင်းချိန်ရောက်ရင် ဆင်းလိုက်တော့နော်"

"ဟုတ် အကိုလွမ်း"

နာရီကြည့်မိလိုက်တော့ မကြာခင်ရုံးဆင်းချိန်ရောက်မည်ဖြစ်တာကြောင့် အတွင်းရေးမှူးကို မှာစရာရှိတာ မှာကာ ပစ္စည်းတွေယူ၍ ရုံးခန်းထဲက ထွက်လာတော့ အတွင်းရေးမှူးကောင်တာရှေ့တွင်အနက်ရောင်suitဖြင့် စမတ်ကျစွာ မတ်တပ်ရပ်နေသောသူ။ကြည့်ရတာ သူ့လည်း Companyကနေ လွမ်းဆီကို ရောက်လာပုံရ၏။

"အရင်တုန်းကလို ငါ့ရုံးခန်းထဲထင်သလိုဝင်ထွက်နေတဲ့မင်းက ငါ့အတွင်းရေးမှူးကနေ ခေါ်ခိုင်းတာဘာကိစ္စလဲ"

လွမ်း ရွဲ့သလိုပြောမိလိုက်တော့။

"ခင်ဗျားရုံးခန်းထဲ မဝင်လို့ မောင်ကို စိတ်ကောက်နေတာလား"

လွမ်းတို့ကြားထဲ ပြောင်းလဲသွားတာ နောက်ဖပ်တစ်ခုရှိသည်။အဲ့တာက သူနဲ့ကိုယ့်ရဲ့အခေါ်အဝေါ်ပင်။ချစ်တယ်လည်းမပြောသလို ဘာခံစားချက်မှမရှိတဲ့ အိမ်ထောင်ရေးဆက်ဆံရေးက ချစ်တတ်တဲ့အတွဲတွေလို နူးညံ့စွာသုံးနှုန်းခေါ်ဝေါ်နေသည့်က ထူးဆန်းနေတယ်လိုထင်မိသလို ဆားမပါတဲ့ဟင်းလိုပင်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Where stories live. Discover now