၂၀၁၂ခုနှစ်၊ဒီဇင်ဘာ၃၁ရက်။
တစ်နာရီနီးပါး ရေးလိုက်ဖျက်လိုက်နဲပြင်လိုက်လုပ်ရင်း နံရံကနာရီက ၁၂ကိုပြနေတဲ့အချိန်မှာတော့ စိတ်ဆုံးဖြတ်ပြီး သေချာပေါက်ပို့ဖြစ်လိုက်တာက စာတစ်ကြောင်းတည်းပါတဲ့ message
Doyoung Sunbaenim, happy new yearပါ ....
ငါးမိနစ်ကျော်ကြာတဲ့ထိ ၀င်ဖတ်ထားတာမရှိသေးတာကြောင့် ကွန်ပျူတာရှေ့မှာ ငိုင်နေတဲ့ကောင်လေးတစ်ယောက်ကတော့ သက်ပြင်းချနေတာအကြိမ်ကြိမ်ပါပဲ။
'Jaehyun သတိကပ်စမ်း။ စီနီယာက ဒီအချိန်ဆို သူ့သူငယ်ချင်းတွေနဲ့ countdownလုပ်ပြီး အတူတူရှိနေမှာလေ။ ဘယ်လိုလုပ်မင်းစာတွေ ၀င်ကြည့်ဖို့ အချိန်ရှိမှာလဲ။ ပြီးတော့ စာတစ်ခါပဲရှင်းပြဖူးတဲ့ ဂျူနီယာကို မှတ်မိမှာတဲ့လား မျက်နှာမပူရခင် ပြန်ဖျက်လိုက် '
အာ ကျေးဇူးပါ Jaehyunie, ငါတို့ဂျူနီယာလေးက တကယ်ကိုသဘောကောင်းလိုက်တာ။ Jaehyunieလည်း နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်....
ကီးဘုတ်ပေါ်တင်ခါနီးလက်တွေက ၀င်လာတဲ့မက်ဆေ့ကြောင့် လေထဲမှာတန့်သွားတယ်။ တစ်ဖက်ကသူက ဘယ်လိုရှိနေမလဲမသိပေမဲ့ Jaehyunအတွက်တော့ ထီပေါက်သလိုပဲ။ နှစ်သစ်မှာ ကံကောင်းခြင်းတွေရောက်လာပြီထင်ပါတယ်....
________________
ဒါတွေအားလုံးရဲ့အစကတော့ Jaehyunတစ်ယောက် Seoul National Universityကို ရောက်ခါစအချိန်။
နာမည်ကြီးပြီးသားကျောင်းကနေ ၀င်ခွင့်ရရုံနဲ့တင် အိပ်မက်မက်သလိုဖြစ်နေပြီကို တကယ်တမ်းကျောင်းသားတစ်ယောက်ဖြစ်လာရတော့ နေ့ရက်တိုင်းက တကယ်ကို အံ့ဩစရာတွေအပြည့်ပေါ့။ဒါမဲ့လည်း ပျော်စရာနေ့ရက်ကလေးတွေက ကြာကြာတောင်ပျော်ချိန်မရလိုက်ပါဘူး။ စာတွေနဲ့နပန်းလုံးရင်း အဆောင်နဲ့စာကြည့်တိုက်၊ စာကြည့်တိုက်နဲ့အဆောင်ပဲ ကူးနေရတဲ့နေ့ရက်များပေါ့။ ကျေးဇူးတင်စရာတစ်ခုကတော့ စာကြည့်တိုက်ကို မိဘအိမ်ပြန်သလို နေ့တိုင်းသွားနေရတဲ့အကျိုးကြောင့် ပထမဆုံးအချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတာပါပဲ။
'Kim Doyoung 'တဲ့ သူ့နာမည်က ။ အနှောင့်အယှက်ကင်းအောင် တစ်ယောက်တည်းစာထိုင်လုပ်နေတတ်တဲ့ သူ့ကို လမ်းကြုံစာကူရှင်းသွားပေးတဲ့ သဘောကောင်းတဲ့စီနီယာ.... အင်း...သဘောကောင်းရုံတင်မဟုတ်ဘူး ချောလည်းချောတယ်။ ပြီးတော့ သူ့ဖုန်းနံပါတ်ကိုပါ ပေးသွားသေးတယ်လေ အကူအညီလိုခဲ့ရင် ဆက်သွယ်ဖို့ဆိုပြီး.... လောကကြီးမှာ ဒီလိုနတ်သားလေးရှိသေးတာလားလို့ တွေးမိတဲ့အထိ Doyoung Sunbaeက လုံး၀ perfectပဲ။ ပြီးတော့ နေရောင်ထက်တောင် တောက်ပနေတဲ့ သူ့မူပိုင်အပြုံးကလည်း အိပ်မက်တွေထဲထိ
စိုးမိုးထားနိုင်တုန်း......
YOU ARE READING
A Captivating Tale Of Love (JaeDo Oneshots)
FanfictionWill upload JaeDo oneshots here !!!