1

402 47 7
                                    

🔊🎶
느껴져, 내 머린 daze daze daze
중독에 빠져 replay play play
원함 원하는 대로
갈 때까지 가봐 go
나를 가둔 carnival wow wow

မီနီဘက်စ်တစ်စီးလုံး သီချင်းသံတွေနဲ့ဆူညံနေပြီး တချို့က သံစဉ်အတိုင်းအော်ဟစ်ဆူညံကာ ပျော်ရွှင်နေကြသည်။ပေါ့ပေါ့ပါးပါး လူငယ်ကျောင်းသားများ၏လေ့လာရေးခရီးတိုလေးတစ်ခုပင်။အထက်တန်းအရွယ်ကျာင်းသားများဖြစ်သည်မို့ အုပ်ထိန်းသူဆိုလို့ ကျောင်းဆရာတစ်ဦးနှင့် ဆရာမတစ်ဦးသာပါလေသည်။

"ကဲ ကဲ မင်းတို့အလှည့်ပြီးပြီ ဆရာတို့သတင်းလေးနားထောင်အုံးမယ်ဟေ့!

အော် ? ကြားရဲ့လားကလေးတို့"

"ဟုတ်ကဲ့"

အော်ဟစ်သောင်းကျန်းလို့ဝသွားသော ကျောင်းသားများအားလုံး ခဏတာတိတ်ဆိပ်အိပ်မောကျသွားလေ၏။
ဆရာများထိုင်ခုံနောက်တွင် စာအုပ်တစ်အုပ်ကို မျက်နှာပေါ်တင်ပြီးအိပ်နေသော လီဟီးဆွန်းနှင့် လီဟီးဆွန်းအားပီကေလိုပူးကပ်နေသည့် နီခီ။နီခီ့ထိုင်ခုံလူသွားလမ်းဘေးမှာတော့ ခွေးနဲ့ကြောင်လိုအမြဲထကိုက်တတ်ကြသည့် ပတ်ဂျုံဆောင်းနှင့် ပတ်ဆောင်းဟွန်းက အခုလည်း ရန်သတ်နေကြသည်။

"ဟျောင့် မင်းတံတောင်ဆစ်က ဒီဘက်ကိုရောက်မလာနဲ့ ငါ့ပုခုံးကိုလာလာထိုးနေတာ နာတယ်ကွ"

"မင်းကလူလိုမတ်မတ်အိပ်လေ မင်းခန္ဓာကိုယ်ကသေးသေးလေးများမှတ်နေလား ။ဒီကားထိုင်ခုံသေးသေးလေး ပေါ်ကိုခွေခေါက်ပြီးအိပ်မှတော့ ထိမိခိုက်မိမှာပဲ မကျေနပ်ရင် နေရာချင်းထလှဲလိုက်ကွ"

နှုတ်သီးတချွန်ချွန်ဖြင့် ရန်တွေ့ရန်ပြင်နေသော နှုတ်ခမ်းကိုမြင်တော့ ပတ်ဆောင်ဟွန်း ပီကေတစ်ခုကိုထုပ်၍ ပတ်ဂျုံဆောင်းပါးစပ်ထဲ ထိုးထည့်ပစ်လိုက်သည်။

"ပါးစပ်အားနေရင် ပီကေပဲဝါးနေလိုက်"

"ရားး "

ပါးစပ်ထဲ ပီကေရောက်သွားတော့ အားနေသည့်လက်တွေက ဆောင်းဟွန်းအားတဘုန်းဘုန်းဖြင့်ထုရိုက်လာပါတော့သည်။

"ဂျေးအီဟျောင်းတို့ ငြိမ်ငြိမ်နေကြပါဗျာ အရှေ့ကနေပြီး တလှုပ်လှုပ်နဲ့ ကျွန်တော်အိပ်လို့မရဘူး"

You've reached the end of published parts.

⏰ Last updated: Jan 01, 2023 ⏰

Add this story to your Library to get notified about new parts!

Last Vacation Where stories live. Discover now