Story 12

2.3K 122 9
                                    

Unicode
................

နောက်နှစ်ရက်အကြာတွင် လရိပ်ချိုတစ်ယောက် ည၁၁နာရီအချိန်တွင် ဗိုက်နာလာခဲ့သည်။ ဆေးရုံတစ်ခုလုံး အပ်ကျသံပင်မကြားရလေအောင် တိတ်ဆိတ်နေပီး သူ့အနားတွင် အယ်လ်ဖာကြီးကလည်း ရှိမနေချေ။

''ကျစ်... ဘယ်သူမှလည်း ရှိမနေဘူး... အား... ကျွတ်ကျွတ် ''

အိပ်ရာပေါ်မှ ကုန်းရုန်းထလိုက်ပီး ဗိုက်ကလေးကို ပွတ်ကိုင်ထားလေသည်။

''ကလေးလေး... ခဏစောင့်နော်... ဖေဖေ ဆရာဝန်ခေါ်လိုက်ဦးမယ်''

ကုတင်ဘေးနားရှိ အရေးပေါ်ခလုတ်ကလေးကို ခေါ်မည်အလှမ်း အခန်းတံခါးကပွင့်လာပီး မင်းစစ်ဝင်လာတော့သည်။ လက်ထဲမှာလည်း ရေဗူးတစ်ခုယူလာလေသည်။

''စပျစ်သီးလေး.... မအိပ်သေးဘူးလား။ ဘာဖြစ်လို့လဲ ''

''ဗိုက်...ဗိုက်နာလာလို့... အား..ကျွတ်ကျွတ် ''

''ဗိုက်နာလို့... ခဏ ကိုယ်လုပ်လိုက်မယ်။ စပျစ်သီးလေး အရမ်းမလှုပ်နဲ့ အသက်ကို ဖြည်းဖြည်းရှူလိုက်''

''ဟုတ်... အာ့... နာတယ်''

အရေးပေါ်ခလုတ်ကိုနှိပ်ပီးချိန် သူနာပြုဆရာမတွေ အခန်းထဲသို့ ဝရုန်းသုံးကား ဝင်ရောက်လာသည်။ ထို့နောက် ဝီးချဲတစ်ခုပေါ်သို့ တင်ကာ လရိပ်ချိုကိုခေါ်သွားတော့သည်။

အချိန်သည်ကား ညဆယ့်တစ်နာရီကျော်ကျော်လောက်ရှိနေပီ။ ထို့နောက် ခွဲခန်းထဲသို့ လူနာအားတွန်းကာခေါ်ဆောင်သွားပီး မင်းစစ်ကတော့ အလွန်အမင်းပင် စိတ်လှုပ်ရှားလွန်းနေပီလေ။

''ဆရာ... သေချာဂရုစိုက်ပေးပါ''

''စိတ်ချပါဗျာ''

''ဟုတ်ကဲ့''

ခွဲခန်းထဲသို့ဝင်သွားပီးသည်အထိ စိတ်မချနိုင်ဖြစ်နေရတဲ့ မင်းစစ်ရယ်ပါ။ လရိပ်ချိုကတော့ နာကျင်မှုကြောင့် အံကြိတ်ရင်းနှင့် လိုက်ပါသွားတော့သည်။

ခွဲခန်းထဲ၌.....

''ဆရာ...''

''ပြောပါညီလေး... ခဏနေ ကလေးလေး လောကထဲကိုဝင်လာတော့မှာ။ ဘာမှမပူနဲ့ စိတ်အေးအေးထားနော်''

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedWhere stories live. Discover now