့"လမ်းခွဲကြရအောင် မောင်"
မောင့်ရဲ့ကျောပြင်ကို ဆေးပလာစတာကပ်ပေးရင်း မပြောချင်ဆံုးေသာ လမ်းခွဲစကား ကိုပြောလိုက်မိသည်။
အထက်တန်းအောင်ပြီးနောက် မောင်နဲ့သူနဲ့ချစ်သူဖြစ်နေတာ မောင့်အဖေသိသွားပြီးနောက် ကနေဒါမှာ ကျောင်းသွားတက်ဖို့စီစဉ်ပြီး သူနဲ့မောင့်ကိုခွဲဖို့လုပ်ခဲ့သည်။ မောင်ကအိမ်ပေါ်ကဆင်းလာပြီး အချိန်ပိုင်းအလုပ်တွေလုပ်ကာ ခေါင်မိုးထပ်ကအခန်းတစ်ခုမှာ ငှားနေခဲ့တာ 3လလောက်ရှိပါပြီ။
မောင့်ဆီအမြဲလာပြီး မောင်စားဖို့ချက်ပြုတ်ရင်း အတူစားလိုက် ဂိမ်းဆော့လိုက် ရုပ်ရှင်ကြည့်လိုက်နဲ့ တစ်လောကလုံးမှာ နှစ်ယောက်တည်းရှိတဲ့ပုံစံမျိုး နေခဲ့ကြသည်။
တစ်ခါတစ်လေ အချစ်က ချစ်နေရုံနဲ့မလုံလောက်ဘူးထင်ပါရဲ့။ မောင့်ကိုဒီလိုပုံစံနဲ့မြင်ရတာစိတ်မချမ်းသာလှပါ။ မောင့်ကဘာလို့သူ့ကြောင့် အနေဆင်းရဲစွာနေရတာလဲ။ မောင့်ဘဝနဲ့သူနဲ့သာမတွေ့ဆုံခဲ့ရင် အရာအားလုံးပြီးပြည့်စုံနေမဲ့သူလေ။
"သဲ မောင့်အဖေ မင်းဆီလာသွားသေးလား"
မောင်နဲ့မောင့်အဖေကြားထဲပြသနာ ပိုဆိုးမှာဆိုးလို့ မောင့်အဖေလာတွေ့သွားတဲ့အကြောင်းကိုမပြောချင်ခဲ့။ မောင့်အမေနောက်အိမ်ထောင်ပြုပြီးကတည်းက မောင်က မောင့်အဖေနဲ့ပဲအနေများတယ်။
မောင့်အဖေတင်တင်စီးစီးပြောတဲ့စကားတွေကိုလက်မခံချင်ပင်မဲ့ ပြောသမျှကလည်းမှန်နေတော့ ပြန်မငြင်းနိုင်ဘူး။အိမ်ကအမေကလည်း အကြွေးပတ်လည်ဝိုင်းပြီး ဒုက္ခရောက်နေလို့ ကိုယ့်အနာဂတ်တောင် ကိုယ်ဘယ်လိုရှေ့ဆက်ရမလည်းမသိတာ မောင့်ကိုပါ သူ့ဘဝထဲဆြဲမခေါ်ချင်ခဲ့။
"ငါ လက်ထပ်ရတောမှာ"
"ဘာပြောတယ်"
"သူဌေးယူနဲ့လက်ထပ်လိုက်ရင် အကုန်အဆင်ပြေသွားပြီ သူကသူနဲ့လက်ထပ်ရင် အမေရဲ့အကြွေးတွေအကုန်ချေပေးမယ်တဲ့"
မောင့်မျက်နှာကိုမကြည့်ဘဲ ဆက်တိုက်ပြောနေတဲ့သူကို ပုခုံးကိုဆွဲကိုင်ခြင်းခံလိုက်သည်။
YOU ARE READING
Love in the Criminal {Completed}
Fanfictionမောင်က အချစ်ကြီးသလို အမျက်လည်းကြီးတယ်သဲငယ် မောင်ကလွဲပြီး မင်းကိုဘယ်သူမှမပိုင်ဆိုင်ရဘူး မင်းရဲ့ ပိုင်ရှင်က မောင်ပဲဖြစ်ရမယ်...