💕 (New Year Night)

110 8 0
                                    

"ကူပေးရဦးမလား..."

လူကြားကောင်းအောင်သာ ပြောနေရှာတာ
အသုံးမပျက်တဲ့ သူ့လက်ထဲကဖုန်းက သက်သေပဲ

"နေပါစေ...ကျနော်တစ်ယောက်ထဲလဲ အဆင်ပြေပါတယ်"

သူသိပ်ကြိုက်ပါတယ်ဆိုတဲ့ အသားတချို့ကို ကင်ပေးရင်း
ထမင်းစားပွဲပေါ် ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေသူ
ကောင်လေးအား သဘောကျစွာ ပြုံးပြီးကြည့်နေမိသည်။

အသားတချို့အား ကင်စက်ပေါ်တင်ထားခဲ့ပြီး
ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေသူအနား မသိမသာသွားစပ်စုတော့
တချိန်က အဖွဲ့ဝင်တွေနဲ့အတူ ပါဝင်ဆင်နွှဲခဲ့ဖူးတဲ့
Music show တစ်ခုရဲ့
New Year Countdown Video ကို ပြန်ကြည့်နေတဲ့သူ။

သူ့မျက်နှာထက်မှာ အပြုံးပန်းတချို့ကို တွေ့မြင်ရပြီး
တချိန်တည်းမှာပဲ ဝမ်းနည်းသွားသရောင်
ပုံရိပ်တချို့ကိုလဲ သူမျက်လုံးမှတဆင့် မြင်လိုက်ရသည်။
ပြီးနောက် သူ့နှုတ်မှထွက်ကျလာသည့်
လွမ်းရိပ်‌ယောင်စကားသံက

"အခုချိန်ဆို ARMY ‌တွေနဲ့ members တွေ
ဘာတွေများလုပ်နေကြမလဲ" ဟူ၍သာ။

"Jungkookie လေးကတော့
သူ့အချစ်အတွက် အသားကင်ပေးနေရတယ်လေ..."

တမင် စိတ်အပြောင်းအလဲ ဖြစ်သွားအောင်
ရယ်စရာသဘောမျိုး ပြောခဲ့ပေမယ့်
စကားသံဆုံးတော့ ချက်ချင်း မျက်စောင်းထထိုးလာတဲ့သူ...
အမှန်တိုင်းဆိုရရင် ဘာအကြောင်းနဲ့မှ
Jiminကို ဝမ်းမနည်းစေလိုပါ
အထူးသဖြင့် ခုလို New Year ညမျိုးမှာပေါ့

"စတာ...စတာ"

"ငါ တကယ်ပြောနေတာ ..."

သူညာနေတာမဟုတ်မှန်း သူ့မျက်လုံးတွေကိုကြည့်ရုံဖြင့်
ကျနော် အလွယ်တကူ အဖြေရှာလို့ရပါသည်။

"သိပါတယ်... အချစ် အရမ်းလွမ်းနေမှန်း
ဒါဆို ကိုယ်တို့ Hyung တို့ဆီ vd call ခေါ်ကြမလား..."

သူစိတ်ပျော်ဖို့သာ ကျနော့်အတွက် အရေးကြီးဆုံး
ဒါကြောင့် ပိုတယ်လို့ ဆိုကြရင်တောင်
ကျနော်ကတော့ Park Jimin မျက်နှာ တစ်ကမ္ဘာပါပဲ

"ဒါပေမယ့် အခုက အိပ်ချိန်ရောက်ပြီလေ...
ပြီးတော့ Hobi Hyungလဲ အခုဆို
concertကြောင့် အလုပ်ရှုပ်နေလောက်မှာ"

Long-lasting Love  (One Shot)Where stories live. Discover now