Story 13

2.3K 128 7
                                    

Unicode
.................

ခြောက်နှစ်အကြာ....

လူထူထပ်နေသော မြို့နယ်လေးတစ်ခုရှိ လမ်းမထက်ဝယ် ခြေပုသေးသေးလေးဖြင့် အကောင်ပေါက်လေးတစ်ယောက် ဖြည်းညှင်းစွာသွားနေလေသည်။ သူကလမ်းပေါ်ရှိ တွေ့သမျှ ဦးလေးချောချောလေးတွေကိုလည်း လိုက်နှုတ်ဆက်လိုက်သေး။

''ဦးဦး ဖုန်းလေးခဏလောက်ငှားပါလား''

''ဟင်... ကလေး တစ်ယောက်တည်းလား... သားမိဘတွေကော''

''သား လမ်းပျောက်နေလို့ ပါပါးကိုလာခေါ်ခိုင်းမို့ ဖုန်းဆက်ချင်တာပါ.. ခဏငှားပေးပါလား ဦးဦးချောချော''

'' သားက ပါပါးဖုန်းနံပါတ်တောင်အလွတ်ရနေတယ်ပေါ့။ တော်လိုက်တာ... ရော့ ကလေး.. ဆက်လို့ရတယ်နော်''

''ဟုတ်... ကျေးကျေးပါ ဦး''

ကလေးလေးက သူ့လက်သေးလေးထဲရောက်လာတဲ့ ဖုန်းကိုယူလိုက်ပီး သူမှတ်ထားတဲ့ နံပါတ်လေးကို တစ်လုံးချင်းနှိပ်လိုက်လေသည်။

''ဟဲလို... ပါပါး... သားသားလမ်းလျှောက်လာတာလေ... လမ်းမမှတ်မိတော့လို့ အဲ့ဒါ လာခေါ်ပါလားဟင်။ ''

''......''

''ဟုတ်..ခုက ဦးဦးချောချောရဲ့ဖုန်းနဲ့ဆက်နေတာ သိလား။ ဦးဦးဒီနားက ဘယ်နားလဲဟင်''

လူကြီးစတိုင်လိုမျိုး ဖုန်းကြီးကိုကိုင်ပီး ထိုလူကိုလှမ်းမေးပြန်သည်။

''အော်...  ဒီနားက xxxနေရာမှာ''

''ဟုတ်... ပါပါးxxxနားမှာတဲ့။ မြန်မြန်လာနော်... သားသားစောင့်နေမယ်''

စကားပြောအပီး ထိုကလေးက ဖုန်းကိုထိုသူထံ ပြန်ပေးလိုက်လေသည်။ ပီးတော့ ထိုသူ့ကိုကျေးဇူးတင်ဖို့လည်းမမေ့။

''ဦးဦး ကျေးဇူးတင်ပါတယ်ဗျ။''

''ဟုတ်ပါပီ... မင်းလေးက အတတ်လေးပဲ။ ဒါနဲ့ ကလေး အသက်ဘယ်လောက်ရှိပီလဲ''

''သားသားက ငါးနှစ်''

''ငါးနှစ်လား.. ငယ်သေးတာပဲ''

''ဟုတ်တယ်.. သားက ကလေးလေးပဲရှိသေးတာ''

''ဒါပေါ့..ဒါပေါ့''

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ