part 2

124 4 0
                                    

"မြေး.... ဖွားဆီလာပါအုံး...."

"ဟင့်အင်း... ပါးပါး...."

"သွားပါသား... သားဖွားဖွား လေ"

"လာပါအုံး....မြေးလေး"

သူ့ပါးပါးရင်ခွင်ထဲခေါင်းဝှက်ကာရှိုက်နေသည့်kitလေး သူ့ပါးပါးစကားကြောင့်ပါးပါး ပေါ်ကဆင်းကာဖွားဖွားဆီလာခဲ့သည်၊ အခုမှဖွားအေကိုမြင်ဖူးသည့်kitလေးမရဲတရဲဖြစ်နေသေးသည်မို့ မဒမ် yinကောက်ကာပွေ့လို့နမ်းရှံ့လိုက်သည်။

"မြေးလေး...."

"အဟင့် ....ဖွားဖွား "

"အရမ်းလန့်သွားလား ဟင်....."

ကျွန်မအမေးကိုဘာမှပင် ပြန်မပြောမျက်လုံးဝိုင်းလေးတွေနဲ့သာမော်ကြည့်လာသည့်kitလေး ၊ မျက်ဝန်းလေးတွေမှာလည်းမျက်ရည်လေးတွေပင်ဝေ့လို့
ဖွားဖွားသိပါပြီ မြေးအရမ်းလန့်သွားတာ....။


"အဟင့် .....ဖွားဖွား... လူဆိုးကြီးကိုကြောက်တယ် ....အဟင့်..အဟင့်..."

"တိတ်ပါမြေးရယ်... မငိုနဲ့နော် ...လူဆိုးကြီးမဟုတ်ပါဘူး..... ဦးငယ်ပါ.... မြေးရဲ့ဦးငယ်နော်...."


"ဟင့်အင်း.... လူဆိုးကြီးပါ..... သားကိုစောင့်တွန်းတယ်.... သားသားနာတယ်..... လူဆိုးကြီးကိုကြောက်တယ်....."


"အင်းပါမြေးရယ်....အုံဖွနော်... ဦးငယ်ကတမင်လုပ်တာ မဟုတ်ပါဘူး.... ဦးငယ်က နေမကောင်းဘူး..... အဲ့တာကြောင့်ပါ .....လူဆိုးကြီးမဟုတ်ဘူးနော်....."


"ဟင့်အင်း....ပါးပါး.."

ဖွားဖွား ပြောတာကိုလက်မခံဘဲ လက်လေးနှစ်ဖက်ဆန့်ကာသူ့ပါးပါးကိုချီခိုင်းနေသည်မို့ P york ကောက်ချီကာသွားသိပ်လိုက်ရသည်၊ ကလေးအိပ်သွားမှဧည့်ခန်းကိုပြန်ထွက်လာလိုက်သည်။

"မား......"

"သား york....အဆင်ပြေကြရဲ့လား....."

"ပြေပါတယ် မား......"

"သမီးnantan... သားsing ကို မမုန်းပါနဲ့နော်....သားsing ကငယ်ငယ်လေးထဲက သစ္စာတရားနဲ့ဂုဏ်သိက္ခာကိုအရမ်းတန်ဖိုးထားတာ.....ပြီးတော့ သု့အစ်ကိုyork အပေါ်လည်းတွယ်တာလွန်းတယ်ဆိုတာ သမီးလည်းသိပါတယ်......"

ခင်ဗျားကြီးကို...မချစ်ဘူး(u..z)Hikayelerin yaşadığı yer. Şimdi keşfedin