(🆉)
ကလေးမွေးခိုင်းတာနဲ့ မမွေးခိုင်းတာ မဲအရေအတွက်က သိသိသာသာကိုကွာပါတယ် မမွေးခိုင်းတာက မှတ်မှတ်ရရဆိုလို့ နှစ်ယောက်တည်းရှိတယ်ရယ် ကျန်တဲ့သူတွေက ထပ်မွေးခိုင်းကြတာ
အဲ့တာမလို့ နှစ်ပိုင်းခွဲလိုက်တယ် တစ်ပိုင်းက ကလေးမွေးမယ် တစ်ပိုင်းက ကလေးမပါဘူး...
ဒီအပိုင်းက ကလေးမပါတာ
အာပြီးတော့ မြန်မာနိုင်ငံရဲ့ အမျိုးသားပန်းက ပိတောက်ပန်းပါ အရင်ကပြောမယ်ဆိုပြီးမေ့မေ့သွားလို့...လက်ဂတ်အစ် လက်ဂါတာဂစ်ဂက်...😌
💃🏻
ဒီနေ့က Taehyungနဲ့ Jungkookရဲ့ မင်္ဂလာသတ်တမ်း 6နှစ်ပြည့်တဲ့နေ့လေးပါ...
ကိုယ့်မှာတော့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ပဲ အခန်းထဲမှာ အကုန်ပြင်ဆင်ထားပေမဲ့ မောင်မင်းကြီးသား ယုန်စုတ်ကတော့ အခုထိ အိမ်ပြန်မလာသေးချေ..။
မနက်ကလည်း Anniနေ့ကို မေ့သလိုလိုနဲ့ တစ်လုံးမှမဟသွား ဒင်းအချိုးတွေပြောင်းနေတာ လာပါလေ့စေဦး Jeon Taehyungအကြောင်းကောင်းကောင်းသိအောင်ပြပြစ်မယ်...
လက်တွေ့မှာတော့ ဒေါသထွက်စွာပြောနေပေမဲ့ ရင်ဘတ်ထဲကတော့ ဝမ်းနည်းစိတ်က ထိန်းမရ..
အခန်းထဲကပြင်ဆင်ထားတဲ့ ပူပေါင်းတွေ မီးအလှတွေ ကိတ်တွေ ဝိုင်တွေကိုကြည့်ပြီး မျက်ရည်လေးတွေက ဝေ့သီလာပြီ ၊ သူပြင်ထားတဲ့ လက်ဆောင်လေးကလည်း ကုတင်ပေါ်မှာ ငြိမ်သက်နေလို့...
ည8နာရီခွဲထိစောင့်နေသော်လည်း မရောက်လာသေးတာကြောင့် ဒေါသထွက်ထွက်နဲ့ ကုတင်ပေါ်က လက်ဆောင်ထုတ်ကို ကြမ်းပြင်ပေါ် ပေါက်ခွဲဖို့ ပြင်နေချိန် ကြားလိုက်ရတဲ့ ကားစက်သတ်သံ...
အရှေ့ကို ဝဲကြနေတဲ့ ဆံပင်ကို မှုတ်ထုတ်လိုက်ပြီး အင်္ကျီလက်တွေကို ခေါက်တင်ပြီး ခါးထောက်လျက်စောင့်နေလိုက်သည်..။
အကြည့်တွေကလည်း သိမ်းငှက်တစ်ကောင်လို ခက်ထန်လျက်....
ချောက်!
"ကလေးရေ..!"
အခုမှ.!!!
ပွင့်လာတဲ့ တံခါးနဲ့အတူ သူ့ကိုခေါ်လျက်ဝင်လာတဲ့ ဂျောင်ကုကို တွေ့တာနဲ့ ခန္ဓာကိုယ်လိုက်ကြီး ပြစ်ဝင်ပြီး ရင်ဘတ်ကို တစ်ဘုန်းဘုန်းနဲ ထုရိုက်လိုက်သည်..။
YOU ARE READING
My Life{Completed}
FanficJeon Jungkook & Kim Taehyung "Taeအတွက် အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပါတယ် Jungkook..." "ဟန်ဆောင်တဲ့စကားတွေကြားမှာ ကိုယ်နှလုံးသားငိုကြွေးနေတာကို Taeမြင်နိုင်ရင်သိပ်ကောင်းမယ်" "Taeအတှကျ အဖိုးတန်လေးတွေကိုတော့ ချန်ထားပေးလို့ကျေးဇူးတင်ပ...