Part-26

6.4K 188 12
                                    

Unicode

Taehyungမှာ အအေးဒဏ်ခံနေရ၍ အဖျားတက်နေတော့သည်။ Taekookလေးဘေး မှာ ကွေးကွေးလေး အိပ်နေပြီး ကလေးငိုနေတာလည်း မသိတော့။

"အူဝဲ....အူဝဲ"

"အူဝဲ....အူဝဲ"

Taekookလေးမှာလည်း အဆက်မပျက်အော်ငိုနေတော့သည်။

Taekookလေးအော်ငိုသံ ဆူညံနေမှ Taehyungတစ်ယောက်နိုးလာတော့သည်။

မထခြင် ထခြင်နဲ့ အားယူထပြီး Taekookလေးကိုကောက်ချီလိုက်သည်။

Taehyung ကောက်ချီလိုက်မှ Taekookလေးလည်းအငိုတိတ်သွားတော့သည်။

"ပါးပါး သားလေး ဘာလို့အဲ့လောက်တောင်ငိုနေရတာလည်း ပါးပါးနေမကောင်းလို့ သားလေး.
ကိုမချီနိုင်ဘူး သားလေးရဲ့"

Taekookလေးကတော့ သူ့ပါပါးပြောတာဘာမှမသိ Taehyungကိုပဲ မျက်တောင်မခတ်ကြည့်နေသည်။

"သားလေးက ပါပါးကို ဘာတွေကြည့်နေတာလည်း သားလေးရဲ့ သားလေးနို့ဆာနေပြီလား
ပါပါးဖျော်ပေးမယ်နော်"

Taehyungလည်း Taekookလေးကိုနို့ဘူးဖျော်တိုက်လိုက်သည်။

ထိုစဥ် Jiminစီက ဖုန်းဝင်လာသည်။

"Hello Tae"

"Hello Jimin မင်းဆက်တာနဲ့အတော်ပဲ ငါ့စီလာခဲ့ပါဦးကွာ ငါနေလို့မကောင်းဘူး သားကို
လာကြည့်ပေးပါလား "

"မင်း နေမကောင်းဘူးလား ဒါဆို ငါလာခဲ့မယ်"

"မြန်မြန်လာ ငါ သားကိုမချီနိုင်ဘူး ပြီးတော့ အဖျားကူးမှာလည်းကြောက်တယ်"

"အေးပါ ငါအခု လာခဲ့မယ် "

Jiminမှာ Taehyungနေမကောင်းဘူးဆို၍ ရေးကြီး သုတ်ပြာ သွားတော့သည်။

"Taeရေ ငါရောက်ပြီ"

"ငါတံခါးဖွင့်ထားတယ် Jimin ဝင်ခဲ့လိုက်"

"Tae အရမ်းဖျားနေတာလား ပြစမ်းငါ့ကို"

Taehyungနှာဖူးလေးကို ကိုင်ပြီးစမ်းကြည့်လိုက်သည်။

"ဟား....Tae မင်း ကိုယ်တွေအရမ်းပူနေပါလား
ငါတို့ဆေးခန်းသွားမှ ဖြစ်မယ်"

"ရတယ် Jimin ငါ့ကို ရေပတ်ပဲတိုက်ပေး ပြီးရင်အဖျားကျဆေးတိုက် ငါဆေးခန်းမသွားချင်ဘူး"

Sex PartnerTempat cerita menjadi hidup. Temukan sekarang