"ဆောင်းဟွန်း"
"ကျွန်တော် ဆောင်းဟွန်းကိုသဘောကျတယ်"
ဂျောင်ဝန်းခမျာ ရှိသမျှသတ္တိတွေထုတ်သုံးပြီး ဖွင့်ပြောလိုက်သော်လည်း ဆောင်းဟွန်းဘက်ကတော့ အလွန်ပင်တိတ်ဆိတ်လွန်းလှသည်။
အချိန်အတော်ကြာတဲ့အထိ ပြန်ဖြေသံမလာတာကြောင့် ဂျောင်ဝန်း အတင်းငုံ့ကာထားသောခေါင်းကို အပေါ်သို့ပြန်မော့လိုက်သည်။
သို့သော် သူမြင်လိုက်ရတာက ဆောင်းဟွန်းရဲ့
မျက်နှာလေးမဟုတ်ပါဘဲ ကျောခိုင်းထွက်သွားနေသော ချစ်ရသူရဲ့ကျောပြင်သာဖြစ်နေခဲ့သည်။အခြေအနေတွေကို သူနားမလည်နိုင်တော့ပါ။အနည်းဆုံးတော့ သူ့ကိုတစ်ခုခုပြောသွားသင့်တယ်
မဟုတ်ဘူးလား။ဒါမှမဟုတ် ရှက်သွားလို့များလား...အဲ့လိုတွေးမိတော့ သူ့ရင်ထဲမျှော်လင့်ချက်
ရောင်ခြည်လေး ပြန်လည်တောက်ပလာသည်။မရေရာတဲ့အဖြစ်ကို သူမကြိုက်တာကြောင့် ဆောင်းဟွန်းနောက်အပြေးလိုက်ကာ သွားမိသည်။
"ဆောင်းဟွန်း ခုနကကျွန်တော်ပြောတဲ့စကားကိုကြားလိုက်..."
"ငါမင်းကို ပြန်သဘောကျမပေးနိုင်ဘူး ဂျောင်ဝန်း"
သူအငြင်းခံလိုက်ရတာပဲ။တကယ်တော့ ရှက်သွားတာမဟုတ်ဘဲ သူ့ကိုငြင်းလိုက်တာ...
"ငါမင်းကို မချစ်ဘူးဂျောင်ဝန်း မင်းဘက်ကလည်း ငါ့အပေါ်ထားတဲ့ခံစားချက်တွေကို ရပ်တန့်လိုက်
ရင်ကောင်းမယ် ငါမကြိုက်တာမို့လို့"သူ့ရဲ့ရေခဲမင်းသားလေးက ဒီနေ့မှပိုပြီးအေးစက်နေသယောင်။အခုလည်း ဒုတိယအကြိမ်သူ့ကို
ကျောခိုင်းထွက်သွားပြန်ပြီ။နီးစေရန်ရည်ရွယ်၍ သတ္တိမွေးကာ ဖွင့်ပြော
လိုက်ကာမှ ဝေးခဲ့ရပြန်သည်။ဒါပေမယ့် ကိစ္စမရှိပါဘူး။သူယုံကြည်သည်...
ဆောင်းဟွန်းက သူ့ကိုသေချာပေါက်ပြန်ချစ်လာမှာ။ဂျောင်ဝန်းက အထက်တန်းဒုတိယနှစ်စလောက်အထိအချစ်ကိုတစ်ခါမှမခံစားဖူးခဲ့ပါ။သူ့စိတ်ထဲမှာရှိတာဆိုလို့ စာနှင့်စာပင်။ကျောင်းသွားမယ်၊ပြန်လာရင် ခဏနားပြီး တစ်နေ့တာသင်ခဲ့တာတွေ
ပြန်လုပ်မယ်။အထက်တန်းအောင်ပြီး SNUကို
ဝင်ခွင့်ရဖို့သာ သူ့ရည်မှန်းချက်ဖြစ်ခဲ့သည်။