အပိုင်း၃၁(Unicode)

202 5 3
                                    

"မှူး"

ဟို၂ယောက်ကို ကြည့်နေတုန်း ဘေးကနေ ခေါ်လာတဲ့အသံကြောင့် ကြည့်မိတော့ တုနှိုင်းကာရံဖြစ်နေလေသည်။ခွန်းသက္ကရာဇ်စျာန်ရဲ့ခိုးပြေးပြီးသည့်နောက် တစ်ခုမှမဆုံဖူးသော တုနှိုင်းကာရံကို ခုပြန်တွေ့တော့ မျက်နှာပူသလို ခံစားရ၏။

"တုနှိုင်းကာရံပါလား ဒီပွဲလာတာလား"

"ဟုတ်တယ် မှူးရောလား"

"အင်း"

သူရှေ့တွင် အဖြူရောင်suitဖြင့် တောက်ပနေတဲ့လူသားကို ကြည့်လိုက်မိတော့ မီးရောင်တွေကြားထဲ ထင်းနေလေသည်။မှူးနဲ့ဟိုကောင်လေးတို့ ဝင်လာကတည်းက ကာရံမြင်လိုက်ရသော်လည်း သွားမနှုတ်ဘဲ ခုတော့ ဟိုကောင်လေးက မှူးရဲ့အနားကနေထွက်သွားပြီး နွယ်နဲ့စကားပြောနေတာတွေ့လိုက်ရတာကြောင့် ကာရံလာရခြင်းဖြစ်သည်။

"မှူး အန်ကယ်အစားCompanyကို ဦးစီးလိုက်တယ်ဆို"

"ဟုတ်တယ် ဒယ်ဒီလည်း အသက်ကြီးနေပြီလေ"

"မှူးကသာ အသက်ကြီးတယ်ပြောနေတာ အန်ကယ်ကတော့ ခုထိသွက်လက်နေတာပဲ"

"ဒယ်ဒီက အဲ့လိုပဲ သူ့ကိုယ်သူ လူငယ်လေးထင်နေတာလေ"

ဒယ်ဒီအကြောင်းကို ပြောမိတော့ လွမ်း ပြုံးမိလိုက်သည်။ဒယ်ဒီရော မာမီ ၂ယောက်လုံးက ခုထိလန်းဆန်းတက်ကြွနေတဲ့လူငယ်တွေအတိုင်းပင်။အဲ့လိုပြုံးလိုက်တာကို မြင်သွားသောတစ်စုံတစ်ယောက်ကတော့ မျက်မှောင်တွေကြုံသွားလေသည်ကို လွမ်းကတော့ မသိလိုက်ပေ။

"မှူး ဘာမှမစားဘူးလား ကျွန်တော် သွားယူပေးရမလား"

"ဟို ရ...."

"အဲ့လောက်ထိ ငါ့ယောကျာ်းကို မင်းဂရုစိုက်စရာမလိုဘူး သူ့ကို ဂရုစိုက်ပေမယ့် သူ့ယောကျာ်းဖြစ်တဲ့ငါ့တစ်ယောက်လုံးပါတယ်"

လွမ်း ဖြေမယ့်အလုပ် အေးစက်စက်မျက်နှာထားဖြင့် သူ့ရဲ့အနားကို ရောက်လာပြီးပြောလာတဲ့သူက ခွန်းသက္ကရာဇ်စျာန်။အေးစက်နေတဲ့မျက်နှာထားနှင့်အတူတူပြောလာသော စကားတွေကလည်း လူသတ်ချင်နေသည့် အငွေ့အသက် နေလေသည်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Where stories live. Discover now