27. တောင်းပန်ပါတယ်~~~ရှောင်း

860 105 18
                                    

Unicode ver.....

27. တောင်းပန်ပါတယ်~~~ရှောင်း

"ဟီး ခိခိ ရှောင်းနော်"

"လာထား သခင်ပြေးမလွှတ်စေရဘူး မှတ်"

"ဟား ဟား ရအောင် ဖမ်းလေ"

"မိလို့ကတော့ ကျွန်တော့်ကို လူဆိုး တပ် မခေါ်ကြေးနော် သခင်"

"မိနိုင်တာလည်း ဟုတ်ပဲနဲ့"

ရယ်မောသံ ဟီးဟီးဟားဟား ပြည့်နှက်နေတဲ့ ချယ်ရီတော တစ်ခုထဲမှာ ရွယ်တူ ဖြစ်ဟန်ရတဲ့ အမျိုးသားငယ် နှစ်ယောက်က အူမြူးစွာ ပြေးလွှားဆော့ကစားနေလေသည်။

ခဏကြာတော့ အနီရင့်ရောင် ဝတ်ရုံလေးနဲ့ အရပ်ခပ်ရှည်ရှည်ကောင်လေးက သူပြေးလိုက်နေတဲ့ အဖြူရောင် ဝတ်ရုံလေးနဲ့ အကောင်ပေါက်လေးကို ပွေ့ချီပြီး အရှိန် လေးနဲ့ ဝှေ့ရမ်းလေသည်။

အကောက်ပေါက်ကလေးကတော့ ပွေ့ချီသူရဲ့ ရင်ဘတ်ကို ခေါင်းလေး မှီလို့ အားရပါးရ ရယ်မောနေလေသည်။

ညောင်းစောင်းထက်မှာ အိပ်ပျော္နေတဲ့ နတ်မင်းလေးတစ်ပါးက လှပတဲ့ အိမ်မက်ကလေးကြောင့် အပြင်အထိပါ ပြုံးနေခဲ့လေသည်။

"ရှောင်း~~~~"

"ရှောင်း~~~~"

အိမ်မက်ထဲထိ လွှမ်းမိုးနေတဲ့ လူသားလေးရဲ့ အမည္နာမက ရှောင်းတဲ့။ ဒါတေါင်များ ဘာဖြစ်လို့ ဝမ်သခင်ငယ္လေးက မမှတ်မိခဲ့လေသလဲ။

"အ့ အင့်!"

စူးစူးနစ်နစ်ကြီး အောင့်တက်လာတဲ့ ဘယ်ဘက်ရင်ဘတ်ခြမ်းကြောင့် အိမ်မက်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ လူသားလေးဟာ ရင်ဘတ်ကို ဆုပ်ကိုင်လို့  ခပ်ကျစ်ကျစ်အစ်ထားရသည်ထိ နာကျင်မှုကို ခံစားနေရလေသည်။

"အင့် ဟင့်! အင့်!"

နာကျင်မှုဒဏ်ကြောင့် လူးလိမ့်နေတဲ့ နတ်မင်းလေးက သူ့နှဖူးပေါ်ရောက်လာတဲ့ လက်ဖဝါးနွေးနွေးလေးကြောင့် နှုတ်ခမ်းပါး ဖူးဖူးလေးက အသာအယာ ပြုံးယောင် ပြလာလေသည္။

"နာကျင်နေရပြီလား"

"ကျွန်တော့်မှာ နောင်တ မရှိပါဘူး။ အင့်! "

Let me Cherish you, My Lord  (ZSWW) [complete]Место, где живут истории. Откройте их для себя