အပိုင်း တစ်ဆယ်

2.8K 616 76
                                    

မိုင်ရာမီ ချစ်ပုံပြင်

အပိုင်း (၁၀)


ကင်မ်နဲ့ ‌ချိန်းထားတဲ့ ဝက်သစ်ချပင်ကြီးအောက်ကို ဂျီမင်းရောက်တော့ ကင်မ် မရောက်သေးပုံရပါသည်။ ဟိုဟိုဒီဒီ ဝေ့ဝဲပြီး ရှာပေမဲ့လည်း အရိပ်ကလေးပင် မမြင်ရ။

"ကင်မ်"

အနီးအနားများ ရောက်နေမလားဆိုပြီး နာမည်ကိုခေါ်လိုက်ပေမဲ့ ပြန်မထူးလာတာမို့ ဂျီမင်းလည်း ဝက်သစ်ချပင်ရဲ့ အပင်ခြေရင်းမှာ ထိုင်ရင်း ကင်မ့်အလာကို စောင့်မျှော်နေလိုက်သည်။

ကင်မ့်ကို စောင့်နေရတဲ့ အချိန်တိုင်းကို ဂျီမင်းက လွမ်းမောရင်းပဲ ကျော်ဖြတ်လာခဲ့ရသူမို့ ဒီအချိန်လေးက သူ့အတွက် သိပ်မထူးဆန်းတော့ပြီ။

ကင်မ့်ကို စောင့်ရင်း ဝက်သစ်ချပင်ရဲ့ ပင်စည်ကြီးကိုမှီကာ အချိန်တိုင်းလိုလို ဆောင်ထားဖြစ်တဲ့ မိုင်ရာမီအတ္ထုပ္ပတိလေးကို ဖွင့်ဖတ်နေလိုက်သည်။ ‌တစ်မျက်နှာပြီးလို့ နောက်စာတစ်မျက်နှာကို လှန်လိုက်ချိန် အပင်ပေါ်က ပြုတ်ကျလာတဲ့ အရာတစ်ခု။

သေချာကြည့်မှ အဖြူရောင် ပန်းပွင့်ကလေးပဲ။ ဒါပေမဲ့ ဝက်သစ်ချပင်ရဲ့ အပွင့်က ဒီလိုမှမဟုတ်ဘဲ။ အတွေးနဲ့အတူ စဉ်းစားနေတုန်းမှာပဲ ဂျီမင်းကိုယ်ပေါ်ကို ပန်းမိုးတွေ ရွာသလို ဒရဟော ကြဲချတာကို ခံလိုက်ရသည်။

မထင်မှတ်ထားတာမို့ ပန်းပွင့်တွေကြား ဂျီမင်းက အလွန်အမင်းအံ့ဩသွားရကာ အပင်ပေါ်ကို မော့ကြည့်လိုက်မိသည်။ ကင်မ်က ဝက်သစ်ချပင်ပေါ် ဘယ်ကတည်းက ရောက်နေတာလဲ။

"ကင်မ်"

ကင်မ်က သူ့ကို ငုံ့ကြည့်ကာ ပြုံးပြနေသည်။ ထို့နောက် အင်္ဂလိပ်အက္ခရာ Y ကဲ့သို့ဖြစ်နေသည့် ဝက်သစ်ချပင်ကြီးရဲ့ ခွကြားထဲကနေ လှစ်ခနဲ ခုန်ဆင်းလာလေသည်။ မြေပြင်ပေါ်ရောက်လာတော့ ကင်မ်နဲ့သူ မျက်နှာချင်းဆိုင် ဖြစ်သွားရသည်။

ဂျီမင်းသည် ဘယ်အချိန်ကြည့်ကြည့်၊ ဘယ်လောက်ကြည့်ကြည့် မဝနိုင်သည့် ကင့်မ်ရဲ့ မျက်နှာချောချောကို မျက်တောင်မခတ်တမ်း ငေးနေမိသည်။

မိုင်ရာမီချစ်ပုံပြင်Dove le storie prendono vita. Scoprilo ora