(၇)

193 17 0
                                    

ပန်းချစ်သူများကပြောတယ် အေ့!!
တောက်ပလည်းအဆင်လည်းရှိတယ် အေ့!!

အဏဝါထယ်!!

"ဘာလဲ"

အောင်မာ မင်းအကိုကိုဘယ်လိုပြန်ထူးနေတာလဲ! !

ရူးချင်တယ် ဘယ်လိုရေစက်တွေကြောင့်မှ
ငါဒီလိုအကိုနဲ့လာဆုံရတာလဲ
အဏဝါထယ်တစ်ယောက်စိတ်ထဲတွင်ပြောနေမိသည်။

''သူမကြိုက်ပါ''

''ယောကျား ဆိုတာက အရက်သောက် ကွမ်းစား ဆေးလိပ်သောက် လောင်ကစားလုပ် ဒါတွေလုပ်မှယောက်ကျားလို့သတ်မှတ်တာလား ''

''သူ့အကိုက တစ်ခုမှကိုမရှောင်ပါ
အော် အကိုလေးတစ်ယောကျရှိပါတယျ
သူကဖြင့်ကိုယ့်ကိုမထိန်းရဘဲနဲ့ ကိုယ်ချည်းဖြင့် ထိန်းနေရတော့ ကြာလာတော့လည်း စိတ်ပျက်မိတယ် ''

''အခုလည်း ညနေစောင်းတော့ သောက်စားမူးရူးပြီး ထုံစံအတိုင်းအိမ်ပြန်လာတော့
ရစ်နေတာပေါ့ ''

ဘယ်လိုပြောရမှာလဲ

မင်းအကို ကို လေး...လေး..စား..စား နဲ့ပြောသင့် တယ် လေ အေ့!!

လူကိုကြည့်တော့ယိုင်တိုင်တိုင် အရေးထဲ အရက်ကလည်း အသောက်မပြတ်သေး
စကားကလည်း တစ်ခါထွက်ဖို့အရေးမနည်းဆွဲကာပြောနေသော အမူးသမား အကိုက လေးလေးစားစား ပြောပါတဲ့

အင်း

''ဘာကိုအင်းလဲ ''

ပြောစရာမရှိတော့ဘူးဆိုလည်း ကျုပ်သွားတော့မယ်

''နေအုန်း ''

အကို မရစ်ပါနဲ့ ထယ်တောင်းပန်ပါတယ်

စတင်ပြီးရစ်တော့မည့်အကိုဖြစ်သူအား အဏဝါထယ် မြန်မြန်ပင်တားရသည်။ မဟုတ်ရင်သူဒီနေ့ စိုက်ခင်းထဲကိုရောက်တော့မှာမဟုတ်တော့ဘူး

ငါက ဘယ်မှာရစ်နေလို့လဲကွ!!

ဟဲ့ကောင် ငမူး ငရူးနဲ့ အိမ်ပြန်လာပြီး ဘာပြသာနာလာရှာနေတာလဲ

တံမြက်စည်းကို ကိုင်ပြီး အိမ်ထဲကနေထွက်လာသောအမေကြောင့် ထယ်အကူညီရသလိုခံစားလိုက်ရသည်။

''မဟုတ်ဘူး အမေ သားကရယ် သားက
ညီလေးကို ချစ်လို့စနေတာ ဟီး ဟီး ''

တောင်တန်းမြေမှချစ်သက်သေ~~~Where stories live. Discover now