1:30 AM
လက်ယာဘက်ကနေ
ပရိုဂျက်တာ မြင်ကွင်းထဲကို ဓါတ်ပုံတွေ
တစ်ခုချင်း အလျားလိုက် ခုန်ကူးရောက်ရှိလာပြီး၊
စက္ကန် ့ပိုင်းအတွင်းမှာ မြင်ကွင်း အပြင်ဘက်ကို လက်ဝဲဘက်ကနေ ပြန်လည် ရွှေ့ပြောင်းတိုးဝင်သွားကြတဲ့ ဖြစ်စဉ္ဟာ ဖြစ်နေတယ်။ခြံစည်းရိုးပေါ်က ကျီးကန်း၊ လူနေအိမ်ရာတွေ၊
Taxidermized (အရေခွံဖြင့် ရုပ်လုံးသွင်းပြင်ဆင်ပုံဖော်ထားသော) ကြောင် တစ်ကောင်၊
အင်ဂရစ်(ဒ်) သိပ်ကြိုက်တယ်လို့ မေ သိထားတဲ့ စာရေးဆရာမ ဒေါ်ရသီရဲ့ 'အင်ကြင်း' နာမည်နဲ ့ စာအုပ်တစ်အုပ်၊ လက်ဖက်ရည် ဖြစ်နိုင်တဲ့ သောက်စရာ တစ်ခုခုအပြည့်-သံ မတ်ခွက် တစ်ခွက်၊ Succulentအပင်လေးတွေနဲ ့ပန်းအိုးတစ်လုံး၊ ... ၊ နောက်တော့၊ ... ၊ နောက်တော့ ... ၊မေဟာ မည်မျှကြာပြီ မသိ-အိပ်မွေ့ချခံထားရသူတစ်ယောက် သိမှတ်စိတ် ပြန်ရလိုက်သလို၊
ခရီးတစ်ခုက အပြန် ကားအနောက်ခန်းမှာ အိပ်စက်လိုက်ပါရင်း နိုးထလာခဲ့သူလို၊
ရုတ်တရက် သတိဝင်လာတဲ့အချိန်မှာတော့ ပရိုဂျက်တာမြင်ကွင်းဟာ သစ်ပင်ရှည်တွေ ပန်းပင် ခြုံပင် ပုပုတွေရဲ့အလယ် သည်အတိုင်းကြီး တထီးထီး သက်သက် ရှိနေတဲ့ ကျောက်သားလှေကားထစ်တွေရဲ့ဓါတ်ပုံနဲ ့ငြိမ်သက်နေတယ်။------------
"မေ နေလို့ကောင်းရဲ့လား"အင်ဂရစ်(ဒ်)က လက်ကိုင်ဖုန်းကို အပေါ်ဝတ် အနွေးအိင်္ကျီထဲ အသာအယာ ထိုးထည့်လိုက်ပြီး မေ့ကို လှမ်းမေးတယ်။
"ဘာမှမဖြစ်ပါဘူး ...
အချိန်တွေ ခဏ ပျောက်သွားတဲ့ပုံပဲ" လို့ မေက အမှတ်တမဲ့ ပြောလိုက်ရင်း သူရဲ့အိပ်ရာကုတင်နံဘေး လမ်းထလျှောက်သွားပြီးတော့
မွေ့ရာအောက်မှာ ဖွက်ထားတဲ့ Mayfair
တံဆိပ် စီးကရက်ဘူးကို ယူလာခဲ့တယ်။ဒါဟာ မေ့ရဲ့ဦးလေးဖြစ်သူသောက်တဲ့ စီးကရက်တွေဖြစ်ပြီး သူ သတိမထားမိစဉ္တစ်ချက်မှာ မေ ယူပြီး သိမ်းဆည်းထားတဲ့ စီးကရက်ဘူးပဲ။
မေ ဟာ ကုတင်ခြေရင်းဘက်ကို
ပြန်လည်ရောက်ရှိလာပြီး
ကြမ်းပြင်မှာ ခင်းထားတဲ့စောင်ပေါ်က
အင်ဂရစ်(ဒ်)နဲ ့မနီးမဝေး Couchခုံမှာ ခန္ဓာကိုယ်
ပစ်ချ ထိုင်ချလိုက်တဲ့ အခါ၊ မေ့ရဲ့ညအိပ်ဝတ်ထဲ တင်းကြပ်သွားတဲ့ ပေါင်တံတွေ အလေးချိန်ကြောင့်
ထိုင်ခုံရေမြှုပ်အသားတွေဟာ ပျော့အိညွတ်ကျပြီးမှ ခပ်ကြမ်းကြမ်း ပြန်ကန်တုန်ခါနေတော့တယ်။
ESTÁS LEYENDO
Ingrid Sleeps Over at May
Misterio / Suspensoပုံပြင်ထဲက ပုံပြင်တွေရဲ့ပုံပြင်တွေနဲ ့ ပုံပြင်တွေပြောပြတဲ့ ပုံပြင်တွေထဲက ပုံပြင်တွေ