ကျေးငှက်တွေရဲ့ တေးဆိုသံလေးတွေနဲ့ ပြည့်နှက်နေတဲ့ သာယာတဲ့ မနက်ခင်းလေး...
ဘတ်စ်ကားပေါ်မှာရော၊ မြေအောက်ရထားပေါ်မှာရော၊ လမ်းမပေါ်က ကလင်ကလင်နဲ့ စက်ဘီးလေးတွေမှာပါမကျန် နေရာတိုင်း အထက်တန်းကျောင်းသားတွေနဲ့ ပြည့်နှက်နေတယ်...
နောက်ဆုံးတော့ ရောက်လာခဲ့ပြီ စာသင်နှစ်အစ၊ ကျောင်းသားတွေရဲ့ စိတ်လှုပ်ရှားရဆုံးအချိန်၊ အထူးသဖြင့် အခုမှ အထက်တန်းကျောင်းသား/သူကြီးတွေဖြစ်လာတဲ့သူတွေအတွက်...[Diamond အထက်တန်းကျောင်းသို့ ရောက်ရှိလာကြသောသူများကို ကြိုဆိုပါသည်]
ဆိုတဲ့ ကျောင်းထိပ်က ဆိုင်းဘုတ်ကြီးနဲ့ ရင်ခုန်သံတွေကို ချည်နှောင်ထားပြီး တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကျောင်းကြီးတွင်းသို့ ဝင်နေသော မရေတွက်နိုင်စရာ ခြေလှမ်းများ...♪ Ding Dong Ding ♪
ကျောင်းတက်ခေါင်းလောင်းထိုးသံနဲ့အတူ မိမိကျရာ အခန်းထဲ၌ နေရာအတည်တကျ ယူလိုက်သော ကျောင်းသား/သူများ"မင်္ဂလာပါ ဆရာကတော့ မင်းတို့အတန်းကို တာဝန်ကျတဲ့ English ဆရာ Han Seung Sik ပါ။ ဒီနေ့ကစပြီး ကောင်းကောင်းအကူအညီတောင်းပါတယ်။ အားလုံးပဲ အထက်တန်းပထမဆုံးရက်ဆိုတော့ စိတ်လှုပ်ရှားနေကြမှာပေါ့နော်။ စိတ်အေးအေးထားပြီး ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နဲ့ ဘာပူပန်စရာမှမရှိတဲ့ အထက်တန်းကျောင်းသားဘဝကို ဖြတ်သန်းလိုက်ပါ။ ဆရာ မင်းတို့ကိုပဲ ယုံကြည်ထားမယ်နော်။"
"ကဲဒါဆို attendance ခေါ်ရအောင်နော်။
Jung Hayoung""ရှိ"
"Won Jun"
"ရှိ"
"Kwon Soonyoung"
"ရှိ"
Soonyoung ဟာ ရည်မွန်ပြီး သူများနဲ့ အလိုက်ထိုက် ပေါင်းသင်းနေထိုင်တတ်တဲ့ ကောင်လေးဖြစ်ပါတယ်။ သူ့ရဲ့ဟာသလေးတွေနဲ့ unique ဖြစ်တဲ့ မျက်ဝန်းလေးတစ်စုံကြောင့် သူရယ်လိုက်တိုင်း သူများတွေကိုပါ အပျော်တွေကူးစက်စေတဲ့ လူမျိုးလေးဖြစ်ပါတယ်။ ဒါကြောင့် Soonyoung ဆီမှာ သူငယ်ချင်းမိတ်ဆွေလည်း များပါတယ်။ Soonyoung လေးက သူ့သူငယ်ချင်းတွေအပေါ်ကိုလည်း စိတ်ရင်းနဲ့ပေါင်းသင်းပေမယ့် အခုလို သူ့အပြင်ပန်းကိုဖော်ပြတာနဲ့ပဲမဟုတ်ဘဲ အတွင်းပိုင်းကိုပါ ဖော်ပြနိုင်လောက်အောင် သူ့အတွက်အရမ်းခင်ရတဲ့သူတော့ မရှိသေးပါဘူး။
YOU ARE READING
Our Own Euphonious Tale
FanfictionKwon Soonyoung is a friendly and active high school student of Diamond High School. Jeon Wonwoo is also a high student who has positive and helpful mindset of Oliver High School. One day, unimaginable situation had happened to Wonwoo and so he moved...