COL (အချစ်ရာဇဝတ်မှု)

2K 202 20
                                    

Unicode

လေးမှိုင်မှိုင် လျှောက်လှမ်းများနဲ့အတူ မနက်ခင်းအချိန်ဟာ လန်းဆန်းမနေခဲ့ပါ။ဆူညံနေသော အခန်းအတွင်း သူဝင်သွားချိန် ကျောင်းသားများက တစ်ယောက်နဲ့တစ်ယောက် စနောက်ကြ စကားများကြနဲ့ စိတ်ပျက်ဖို့ကောင်းသည်

သူလျစ်လျူရှုလျက် အခန်းထဲဝင်လာပြီး ထောင့်နေရာက သူ့စားပွဲ၌နေရာယူကာ ခေါင်းမှောက်အိပ်နေလိုက်သည်

ခဏအကြာ သင်တန်းခန်းထဲ ဆူညံနေရာက ရုတ်တရက်တိတ်ဆိတ်သွားတာမလို့ သူခေါင်းထောင်ကြည့်လိုက်တော့ ဆရာမနဲ့အတူ အခန်းထဲဝင်လာတဲ့ ကောင်လေးတစ်ယောက် ကျောင်းသားအသစ်ဆိုပဲ

အရေးမကြီးတာမလို့ ခေါင်းမှောက်ကာ ပြန်အိပ်နေလိုက်သည်

အတန်းဆင်း ဘဲလ်သံနဲ့အတူ သူဟာ canteenဘက် ထွက်လာလိုက်သည်

လူရှင်းတဲ့ သစ်ပင်ရိပ်အောက်မှာ စီးကရက်တစ်လိပ်ကို ထုတ်ရင်း မီးခြစ်ရှာတော့ အိတ်ကပ်ထဲက သူ့မီးခြစ်ဟာ ရှိမနေခဲ့

"ကျစ် စောက်လုပ်ရှုပ်ပြန်ပြီ"

အခန်းထဲ ကျန်ခဲ့တဲ့ မီးခြစ်ကိုယူဖို့ သူပြန်လှည့်အခိုက်

"အစ်ကို"

မျက်မှန်ဝိုင်းလေးအောက်က မျက်လုံးဝိုင်းလေးဟာ သိပ်ကိုလှသည်

"ဒါလေး အစ်ကို့ဟာလားဗျ"
ထိုကောင်လေး လက်ထဲက သူ့မီးခြစ် အညိုရောင်

"အင်း"
သူပြန်ဖြေရင်း မျက်လုံးဝိုင်းလေးကို စိုက်ကြည့်မိတော့ ကောင်လေးက ခေါင်းငုံ့ကာ သူ့ဆီ မီးခြစ်လှမ်းပေးသည်

မီးခြစ်ကိုယူကာ ကောင်လေးကို ကျောခိုင်းပြီး ဆေးလိပ်ကိုမီးညှိလျက် ခပ်ပြင်းပြင်း ရှုရင်း အငွေ့ထုတ်လိုက်တော့ သူ့နောက်က ချောင်းဆိုးသံထွက်လာသည်

ဘာလား ဒီကောင်လေး ဆေးလိပ်နံ့မခံနိုင်ပဲ သူ့နားရပ်နေတာလား

"မင်း မသွားသေးဘူးလား"

"ဗျာ"

"ကိုယ်မေးနေတယ် မင်း မသွားသေးဘူးလား"

"ဟင် ဟုတ် ကျွန်တော်သွားမှာပါ"

ဒီလိုနဲ့ ပထမဆုံးတွေ့ဆုံခြင်း ဖြစ်ခဲ့တဲ့ သူတို့နှစ်ယောက်















You've reached the end of published parts.

⏰ Last updated: Feb 27, 2023 ⏰

Add this story to your Library to get notified about new parts!

𝐂𝐎𝐋 [Crime Of Love (အချစ်ရာဇဝတ်မှု)] one shortWhere stories live. Discover now