No Rain No Flower

241 8 0
                                    

No Rain No Flowers တဲ့
ကျွန်တော် သဘောအကျရဆုံးစာစုလေးတစ်ခု။
မိုးရာသီမရှိရင်ပန်းပွင့်တွေမရှိနိုင်ဘူးတဲ့လေ။
ဒါဟာအမှန်တရား
လက်ခံကိုလက်ခံရမဲ့စကားတစ်ခုပေါ့
ဒါပေမဲ့
park ji minဆိုတဲ့ကျွန်တော့်အတွက်တော့
No He​ No I ပေါ့လေ

ရယ်စရာတော့ကောင်းသား
ဒါပေမဲ့ဒါကအမှန်တကယ်ပဲဖြစ်မယ်ထင်ပါတယ်။

သူဟာကျွန်တော့်ဘဝရဲ့တစ်စင်းထဲသောကြယ်လေးလို့တင်စားရင်မှားပါ့မလား
ကျွန်တော့်ဘဝဟာသူ့ကိုမတွေ့ခင်အချိန်ကအထိလုံးဝအမှောင်အတိ။
ချစ်ပေးမဲ့သူလဲမရှိ ချစ်ရမဲ့သူလဲမရှိ
တစ်နေ့တစ်နေ့
မိုးလင်းတာနဲ့မနက်စာလည်းစိတ်ပါရင်စားတယ်စိတ်မပါရင်မစားဘူး။
လုပ်ချင်တာလုပ်ဖြစ်ချင်တာဖြစ်။
ကျောင်းလဲသွားချင်ရင်သွားမသွားချင်ရင်နေ
ဘယ်သူကမှထူးထူးခြားခြားလိုက်စိတ်မပူနေခဲ့ဘူးလေ အဲ ဒါပေမဲ့ကျွန်တော့မှာသူငယ်ချင်းတစ်ယောက်တော့ရှားရှားပါးပါးရှိခဲ့တယ် Kim Nam Joon တဲ့
ဒါပေမဲ့ သူကလဲအဝေးမှာပါ
second year ကျမှပညာသင်ဆုရပြီးနိုင်ငံခြားမှာ
အခုကျွန်တော်တက္ကသိုလ်တက်နေရတာလဲသူ့ကြောင့်
သူသာကျွန်တော့်ကိုစာမပြတွန်းအားတွေမပေးခဲ့ရင်အထက်တန်းအောင်တယ်ဆိုတာဘာမှန်းတောင်သိမှာမဟုတ်။
Joon ကခုတော့အဝေးမှာပါလေ။

ကျွန်တော်သူ့ကိုစတွေ့ခဲ့တာတစ်နှစ်ကျော်လောက်ရှိရောပေါ့။ကျွန်တော်မှတ်မှိသေးတယ်။
အဲ့နေ့က ကျွန်တော် gameဆိုင်ကပြန်လာတာ
ညနေ 5 နာရီလောက်
အမြဲတမ်းပတ်ဝန်းကျင်ကိုဂရုမစိုက်နားကြပ်တက်ရင်တပ်မတပ်ရင်အမြဲတမ်းမျက်လွှာချပြီးနေတတ်တဲ့ကျွန်တော်ဟာလေညှင်းလေးတစ်ချက်အဝှေ့မှာမျက်လွှာလေးပင့်မိသွားခဲ့တယ်တဲ့ ဘယ်လောက်ထူးဆန်းလိုက်တဲ့ကိစ္စလဲ?အဲ့နေ့ကသူ့ကိုစတွေ့ခဲ့တာ
အပူအပင်ကင်းတဲ့ပုံလေးနဲ့ပျော်ရွှင်နေတဲ့အဲ့ကောင်လေးပုံစံက ကျွန်တော့်မျက်လုံးထဲကိုဖြည်းဖြည်းချင်းဝင်ရောက်လာခဲ့တယ်
လူတစ်ယောက်ကိုစတွေ့ရင်ချက်ချင်းတွေ့ရမှာကပထမဆုံးမျက်နှာဆိုပေမဲ့ကျွန်တော်စတွေ့ခဲ့ရတာကနှုတ်ခမ်းအောက်ကမှဲ့ကလေး
ဒါက ထပ်ပြီးထူးဆန်းတဲ့ကိစ္စ
သူကတော့အမြန်မြန်ဆန်ဆန်ပဲဖုန်းပြောရင်းထွက်သွားခဲ့တာ
ကျွန်တော့်မှာသာကြောင်အ ပြီးအရူးကြီးကိုဖြစ်လို့

ONE SHOTWhere stories live. Discover now