"ကိုကြီး..ထတော့..နောက်ကျနေပြီ.."
လင်း,အကိုဖြစ်သူခြုံထားသော စောင်အား ဆွဲဖယ်လိုက်တော့
"၁မိနစ်.."
"ဘာ၁မိနစ်လည်း..ဒါသူများရွာနော်..ကိုယ့်အိမ်မှာလို အိပ်နေလို့မရဘူး.."
လင်းပြောလိုက်တော့မှ အင်းအဲလုပ်ကာ အပြင်းကြောဆန့်ပြီး အိပ်ယာပေါ်တွင်ပဲ ငူငူကြီးထိုင်နေသည်။
"ထတော့လို့.."
"ထပါပြီကွာ..တော်တော်နားပူနားဆာများတဲ့ကောင်.."
လင်းအား ပွစိပွစိဖြင့်ပြောကာ အခန်းထဲကနေ ထွက်သွားသည်။
လင်းစောင်တွေခေါက်နေတုန်း
"အား..ငါ*ိုးမ..ဖားကြီး.."
စကားပြောလျှင် အဆဲမပါရင်မပြောတတ်သည့်အကိုဖြစ်သူက ဖားတွေ့သည်ကို အော်ဟစ်နေလေသည်။
လင်းလည်း စောင်ခေါက်ပြီးသည်နှင့် အကိုဖြစ်သူနားသွားမည်အပြု ကိုမြတ်ဇေက ခါးထောက်ပြီးစကားပြောနေကာ အကိုဖြစ်သူက ဂျစ်ကန်ကန်ဖြင့်ကြည့်နေသည်။
လင်းနားစွင့်ကြည့်လိုက်တော့
"ဘာကိစ္စခုနစ်အိမ်ကြား၊ရှစ်အိမ်ကြားအော်နေရတာလဲ..ပြီးတော့ ဘာကိစ္စဆဲနေရတာလဲ.."
"အကျင့်ပါနေလို့ဆဲမိတာ..ယောင်သွားတာ.."
မြတ်ဇေလည်း အရှေ့မှသူ့အား ဂျစ်ကန်ကန်ကြည့်ပြီး တစ်ခွန်းမကျန်ပြန်ပြောနေသော ကလေးအား ကိုင်ပေါက်ချင်စိတ်တောင်ပေါက်သည်။
"နောက်တစ်ခါမဆဲနဲ့ကြားလား..စကားပြောရင် ရိုးရိုးတန်းတန်းပြော..အဆဲမပါစေနဲ့.."
"ကျွန်တော့်ပါးစပ်နဲ့ကျွန်တော်တောင် မဆဲရဘူးလား.."
"အေး!မဆဲနဲ့!"
မြတ်ဇေပိုင်လည်း စိတ်တိုလာသဖြင့် အသံကျယ်သွားသည်။
အရှေ့မှလူကြီးက အော်လိုက်သဖြင့် ငွေစက်မင်းခမျာ ဇက်လေးတောင် ပုဝင်သွားသည်။ငွေစက်မင်း၏အကျင့်တစ်ခုသည် တစ်စုံတစ်ယောက်က ခုလိုမျိုးအော်လိုက်လျှင် သူ့အလိုလိုမျက်ရည်များက ဝဲတက်လာတာပင်။