အခန်း ၁၄၅

993 120 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ်  ၁၀။ အခန်း ၁၄၅ ငါ့တပည့် လီကော က အဆင့်တက်တော့မှာလား

"ယွင်လီကောရဲ့ အချက်အလက်ကို ပြပါ။" 

[ကောင်းပါပြီ သခင်]

မကြာခင်မှာပဲ ဝမ့်ခိုက်က သူ၏တပည့်တွေရဲ့ အချက်အလက်ဇယားကို ဖွင့်ပြလိုက်သည်။

လုရှောင်ယန်က တစ်ချက်ကြည့်လိုက်ပြီး
“အင်း၊ မဆိုးဘူး။ ဒီကလေး လီကောက အာကာပြင်လေ့လာခြင်းအဆင့် တတိယအဆင့်ထိ တက်လှမ်းနေပြီ။ မဆိုးဘူးပဲ။ သိုင်းဘုရင်အဆင့် ခြင်ဆီဆေးလုံးရဲ့ အကျိုးသက်ရောက်မှုက တကယ်ကိုမဆိုးဘူး။ ဒါ့အပြင်၊ သူက နောက်ထပ် တိုက်ပွဲနတ်ဘုရားအနုပညာကို ကျင့်ကြံပြီး ၎င်းရဲ့စုပ်ယူမှုအမြန်နှုန်းကို မြှင့်တင်ဖိူ့ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်း နှစ်ခုရှိသေးတယ်။ ဒီနည်းနဲ့၊ သူ့ ကျင့်ကြံဆင့်က အနည်းဆုံး ဝူရှားကို ကျော်လွန်နိုင်လောက်တယ်။"

“နောက်ဆုံးတော့ လီကောက အောက်ဆုံးမှာမဟုတ်တော့ဘူးပေါ့။ နောက်ဆုံးတော့ သူထမြောက်သွားပြီ။”

လုရှောင်ယန် အလွန်စိတ်သက်သာရာရသွားသည်။ သူ၏ ကျင့်ကြံခြင်းနည်းလမ်းနှင့် ဆေးဖက်ဝင်ဆေးလုံးများ အလွန်တိုးတက်စေသော်လည်း ရလဒ်အတွက် အထောက်အကူဖြစ်စေခဲ့သည်မှာ လီကောရဲ့အားထုတ်မှုဖြစ်သည်။

ယွင်လီကောသာ လုံလုံလောက်လောက် အလုပ်မကြိုးစားခဲ့ဘူးဆိုရင် ဒီအဆင့်ကို ရောက်ဖို့ သူ့အတွက် မဖြစ်နိုင်ပေ။

လက်ဆောင်အိတ်သေးသေးတစ်ဒါဇင်နှင့် လက်ဆောင်အိတ်ကြီးတစ်ခုလည်း ပါခဲ့သည်။

လုရှောင်ယန်က ၎င်းတို့ကို တစ်ခုပြီးတစ်ခု လက်ခံထားလိုက်သည်။

ထို့နောက် ကျီဝူရှား၏ အချက်အလက်ဘောင်ကို ဖွင့်လိုက်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် လုရှောင်ယန်သည် နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

"ဒါအားလုံးကံတရားပဲ။"

ကျီဝူရှား၏ကျင့်ကြံဆင့်သည် ယွင်လီကောထက် နှစ်ဆပိုမိုမြင့်မားသော အာကာပြင်လေ့လာခြင်းအဆင့်၏ပဉ္စမအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now