အခန်း ၁၄၇ ဒုတိယအကြိမ်တိုက်ပွဲ

1K 122 1
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ်  ၁၀။ အခန်း ၁၄၇ ဒုတိယအကြိမ်တိုက်ပွဲ

"မှန်တယ် အရမ်းချိုတယ်။ ဆရာ့ရဲ့ ဆေးလုံးတွေရဲ့ အရသာက မဆိုးဘူး။ ဆရာ့ရဲ့ အဂ္ဂိရတ်ကျွမ်းကျင်မှုအရဆိုရင် ဘယ်သူကမှ ယှဉ်ဝံ့မှာမဟုတ်ဘူး။ မင်းတို့က ဆရာကြီးနဲ့ အကြာကြီးမနေဖူးလို့ရယ်။ အနာဂတ်ကျ သိလိမ့်မယ်။"

လုရှောင်ယန်ပင် သူပြောတာကို ယုံလုနီးပါးပင်။

ယွင်လီကော၏ပါးပြင် ကြွက်သားများ တုန်ယင်နေသည့် နာကျင်မှုကြောင့်သာ မဟုတ်ပါက ဖုန်းထျန်းယွမ်နှင့် ကျီဝူရှားသည် ယခင်က သူ့အား လိမ်ညာခဲ့ကြောင်းပင် သံသယဖြစ်မိပေလိမ့်မည်။

သို့သော် လုရှောင်ယန်၏ နှလုံးသားသည် အမှန်တကယ် နွေးထွေးလှသည်ဟု ဆိုရပေမည်။

  ဤတပည့်များအားလုံးသည် သူ့ကို အလွန်ကြည်ညိုကြသော်လည်း ယွင်လီကောသာလျှင် အသိတတ်ဆုံး၊ ဂရုတစိုက်အရှိဆုံး၊ နားလည်မှုအရှိဆုံးနှင့် ဒုက္ခမပေးဆုံးဖြစ်သည်။

  ကျီဝူရှား ၊ ဖုန်းထျန်းယွမ်နှင့် လီချန်းရှန် တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ယွင်လီကောကို မထီမဲ့မြင်ပြုရန် မထိန်းနိုင်ပေ။

အကြီးဆုံး ဆရာတူအစ်ကို၏ ဘောမပုံမှာ အမှန်ပင် နှိမ့်ချလွန်းလှသည်။

သူတို့၏ဆရာ ကို လေးစားမှုရှိရမည်။  သို့သော် သူတို့အားလုံးသည် အရွယ်ရောက်ပြီး ထူးချွန်သူများဖြစ်သည်။  မြင်းနက်s တွေကလွဲရင် သူတို့မယှဥ်နိုင်တာ တခြားဘာရှိလဲ။

သို့ရာတွင် သူတို့၏အကြီးဆုံးဆရာတူအစ်ကို၏နှိမ့်ချသောအသွင်အပြင်သည် ၎င်းတို့၏စံနှုန်းများကို အနည်းငယ်နိမ့်ကျစေသည်ဟု ခံစားရသည်။

သို့သော်၊ သူတို့သုံးယောက်သည် ယွင်လီကော၏ ဘောမနေသော ပုံစံကို မထီမဲ့မြင်ပြုနေကြစဉ် လုရှောင်ယန်သည် ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံကို ထုတ်လိုက်သည်။

"လီကော၊ မင်းက ဒီလမှာ တော်တော်ကို ခက်ခက်ခဲခဲ ကျင့်ကြံနေခဲ့တာ ငါသိတယ်။ မြင့်မြတ်စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးအပြင် ဆရာက မင်းကို သိုင်းဘုရင်အဆင့်လက်နက်နဲ့ ဆုချဖို့ ပြင်ဆင်ထားတယ်။ ဒီ သိုင်းဘုရင်အဆင့်လက်နက်ကိုယူထား သုံးတော့မသုံးနဲ့။ ပေါ့ပေါ့ပါးပါးပဲ၊ ငါပေးခဲ့တဲ့ တခြားလက်နက်တွေကိုပဲ သုံးပါ။ ထိပ်တန်းကျွမ်းကျင်သူနဲ့တွေ့ရင် မင်းရဲ့အသက်ကိုကယ်ဖို့ ဒီ သိုင်းဘုရင်အဆင့် လက်နက်ကိုထုတ်သုံးပါ။"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးDonde viven las historias. Descúbrelo ahora