jimin သည် ကန်တင်းကကိစ္စကြောင့် ရုံးရောက်ဂတ်ရောက် ဖြစ်ခဲ့သဖြင့် လုံးဝမကျေနပ်။
တရှူးရှူးတရှဲရှဲဖြင့် jungkookအကြောင်းအား Heeseung အားအသည်းအသန်စုံစမ်းခိုင်းခဲ့သည်။
"တောကတတ်လာတဲ့ကောင်ကများ ငါ့ကို တောက်!!"
jiminသည် တောက်တချက်တောက်ကာ ဒေါသတေွသည် ထိပ်ဆုံးသို့ရောက်နေခဲ့သည်။"သူကသနားစရာလေးပါ jiminရယ် "
Hoseokသည် မနေနိုင်မထိုင်နိုင် ကြားထဲက ဝင်ပြောသည်။
"ဘယ်နားကသနားစရာကောင်းတာလဲ samအားကိုးနဲ့ ကျောင်းလာတတ်နေပီး ဟိုလူရှောင် ဒီလူရှောင်နဲ့ သူ့ကိုယ်သူဘာမှန်းထင်နေလဲမသိဘူး!"
jiminသည် မည်သူဘာပြောပြောလက်မခံ jungkook ရရာအကြောင်းရင်းရှာပီး မုန်းနေခဲ့သည်။
"ငါ့အကြိုက်ဆုံးအင်္ကျီလေးဝတ်ပြီး ရှိူးထုတ်လာတဲ့နေ့ကျမှ အဲ့ကောင်နဲ့တိုးတာ ငါ့အင်္ကျီလေးပျက်စီးသွားပီ သူ့ကိုပြန်လျော်ခိုင်းမှာ parkjimin ကိုဘာထင်နေလဲမသိဘူး!! သူ့ကြောင့်နဲ့ ရုံးတေွဂတ်တွေတောင်ရောက်ခဲ့ရတာ တကယ့်ကိုကောင်းကျိုးမပေးတဲ့အကောင်!"ရုံးရောက်တာက မင်းလွန်လို့လေ ဟု အားလုံးက ဝိုင်းပြောချင်ကြပေမဲ့ ဘယ်သူမှမပြောရဲ။
park ji min ဆိုသည့် အမျိုးအနွယ်လေးသည် မဟုတ်မခံ၊ ဟုတ်လည်းမခံပါ။jiminတို့အဖွဲ့သည် ကောင်လေးငါးယောက်ဖြင့်ဖွဲ့စည်းထားကာ အားလုံးသည် ဒိတ်ဒိတ်ကျဲချမ်းသာသည့်အသိုင်းအဝိုင်းကချည်း။
Hoseokသည် ထင်"ရှား"နှာမည်ကြီးသော အနုပညာ အသိုင်းအဝိုင်းကမို့ သိပ်သွက်လက်သည်။ ever ပြုံးနေကာ လူတိုင်းကို postive အမြင်နှင့်သာ ကြည့်တတ်လွန်းသောကြောင့် jiminနှင့် အဖွဲ့ကျနေခြင်း။
Heeseung သည် jimin နှင့် ငယ်ကတည်းကပေါင်းလာကာ မိဘတွေသည် ဆွစ်စလန်ကဖြစ်ပြီး ကျိကျိတတ်ချမ်းသာသည်။
ကျန် Jayနှင့် Jake မှာလည်း Jiminနှင့်မခြား ချမ်းသာသဖြင့် အဖွဲကျနေခြင်း။ jiminသည် လူတန်းစားခွဲခြားကာ မာနထိပ်ခေါင်လေးမို့ လူတိုင်းနှင့် မပေါင်း။
ကျန်သော ကောင်လေးတွေသည်လည်း jimin ထက်တော့မလျော့ မာနကြီးကြသည် hoseokကလွဲ၍။
ထိုကျောင်းတွင် jimin တို့သည် မာနထိပ်ခေါင်teamဟူ၍ သိပ်ရေပန်းစားခဲ့ပါသည်။ကျောင်းသို့ဉီးတည်နေသော busလေးထဲမှ မီးခိုးရောင်တိမ်တိုက်လေးသည် ကားပြတင်းပေါက်တွေအား မှီထားကာ ဆွေးဆွေးမြေ့မြေ့လေး။