{ 50 } Uni

12.2K 859 225
                                    

ချမ်းဆောင်းဟန် နဲ့ မင်းသခင်ခက်ထန် အတူတူ လက်တွဲပြီး နေရာအစုံကို လျှောက်သွားနေကြရင်း အရိပ်အမဲကြီး တစ်ခု က သူတို့နှစ်ယောက်ကြားထဲကနေ ဖြတ်သွား၏ ။  သူတို့အတူ လက်တွဲထားရင်း အရိပ်မဲဖြတ်သွားပြီးနောက်  ရုတ်တရက် မြင်ကွင်းပြောင်းသွားပြီး မင်းသခင်ခက်ထန် က ချောက်ကမ်းပါးအောက် ပြုတ်ကျသွားတယ် ဆိုတဲ့ အိမ်မက်ကြောင့် ချမ်းဆောင်းဟန် အိမ်မက်ထဲမှာတင် မကပဲ အပြင်မှာပါ ကလေး  ဆိုတဲ့ နာမည်ကို အော်ခေါ်၍ ငိုရင်း နိုးလာသည်။

ချမ်းဆောင်းဟန် နိုးလာတာနဲ့ မင်းသခင်ခက်ထန် ကို အပေါ်ထပ် တစ်ထပ်လုံး လိုက်ရှာပေမယ့် လုံးဝ မတွေ့တာကြောင့် အောက်ထပ်ဆင်းပြီး မင်းသန့်ကိုကိုမောင် တို့ရဲ့ အခန်းကို တံခါး သွားခေါက်လိုက်၏။

မင်းသန့်ကိုကိုမောင် ပိတ်ရက်လေး အိပ်မယ်ကြံပေမဲ့ တံခါးလာခေါက်တဲ့ သူကြောင့် နိုးလာရသည်။

အခန်းတံခါးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ မျက်ရည်မျက်ခွက်နဲ့ သူကြောင့် အံ့သြသွားရသဖြင့် ....

"ဘာဖြစ်လို့လဲ ညီလေး"

"ကလေး ပျောက်နေတယ်"

"မနက်က ဆိုင်ကယ်သံတော့ ကြားတာပဲ "

"ကလေးကို ဖုန်းလေးခေါ်ပေးပါလားဗျာ"

မင်းသန့်ကိုကိုမောင် သူ့အရှေ့က လက်ထဲမှာကျ ဖုန်းကြီးကိုင်ထားပြီး သူ့ကို ဖုန်းလာခေါ်ခိုင်းသူကြောင့် စိတ်ထဲ တစ်မျိုးဖြစ်သွားရသည်။ရန်များဖြစ်ထားလို့လားလို့ တွေးမိသည်။

"ကိုယ့်ဘာသာ ခေါ်လိုက်ပါလား ညီလေးရယ်"

"ကလေး ဖုန်းနံပါတ် ကျွန်တော့်မှာ မရှိဘူး"

"ဟမ်!"

"ကလေးကို ဖုန်းလေး ခေါ်ပေးပါဗျာ"

ချမ်းဆောင်းဟန်ရဲ့ ပါးစပ်ကသာ အေးဆေးလေး ပြောနေပေမဲ့ စိတ်ထဲမှာ လေးလံပြီး ပူလောင်နေရတာ သူကိုယ်တိုင်သာ အသိဆုံးပဲ။

မင်းသန့်ကိုကိုမောင်လဲ ဘာမှ ဆက်မတွေးတော့ဘဲ သားကို ဖုန်းဆက်လိုက်ပေမဲ့ Speaker ဖွင့်ထားသော်လည်း သားဆီက ထွက်လာတဲ့ အသံတိုးတိုးလေးကြောင့် သူကိုယ်တိုင်ပါ စိတ်ပူသွားရသည်။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now