Part-29

4.1K 130 10
                                    

Unicode

Taehyungမှာ ညကအရှိန်နှင့် မနက်ရောက်တော့မထနိုင်....တစ်ကိုယ်လုံးကိုက်ခဲလို့နေသည်။

"အား....ကျွတ်ကျွတ်.... ကိုက်ခဲလိုက်တာ"

Taehyung ညီးညူသံကြားတော့ Jungkookလည်းနိုးလာတော့သည်။

"Taeဘာဖြစ်လို့လည်း"

"ကျွန်တော့် တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ Jeonရယ်"

"ဟုတ်လား ကိုယ်ဘာလုပ်ပေးရမလည်း"

"ရတယ် ဘာမှမလုပ်ပေးနဲ့ ပြီးမှ အကိုက်အခဲပျောက်ဆေးသောက်တော့မယ်.... ကျွန်တော် အခုလိုဖြစ်တာ Jeonကြောင့်"

"ဟော....ကိုယ်နဲ့ဘာဆိုင်လို့လည်း"

"Jeonညက ဘယ်နှစ်ခါမှန်းမသိ နေတာလေ ကျွန်တော် တော်ပါတော့ ပြောလည်း မရဘူး အခုမှ ဘာဆိုင်လို့လည်း လာမလုပ်နဲ့...."

"ဟုတ်ပါပြီ Taeရယ် ကိုယ်တောင်းပန်ပါတယ် ကိုယ် ဆေးတိုက်မယ်နော် "

Taehyungတစ်ယောက်မျက်နှာလေးစူ
ပုတ်ပုတ်လုပ်ပြီး Jungkookကို မျက်စောင်းလှမ်းထိုးလိုက်သည်။

"Taeရေ Tae...ငါရောက်ပြီ မထကြသေးဘူးလား".
Jiminလည်း Taehyungတို့အခန်းရှေ့ကနေ တံခါးခေါက်ပြီ အော်ခေါ်လိုက်သည်။

Jiminက အော်ခေါ်တော့ Taekookလေးကလည်း Jiminအော်သလို ဝူးဝူးဝါးဝါးနဲ့ လိုက်အော်တော့သည်။

Jiminမှာတော့ Taekookလေးကိုကြည့်ပြီး အသဲတစ်ယားယား။

"Jeon.... Jiminတို့ လာပြီထင်တယ် တံခါးသွား
ဖွင့်ပေးလိုက်ဦး"

Jungkookတစ်ယောက်Taehyungပြောမှ Jiminတို့ကိုတံခါးသွားဖွင့်ပေးတော့သည်။

Jungkookလည်း တံခါးဖွင့်ပေးရော Taekookလေးက Jungkookစီအတင်းထိုးလိုက်တော့သည်။

"ဒယ်ဒီသားလေးက ဒယ်ဒီကိုလွမ်းနေတာလား"

Taekookလေးကတော့သူ့ဒယ်ဒီပေါ်ကနေ သူ့ဒယ်ဒီကိုရယ်ပြနေသည်။

"Taeရေ မင်းတို့သားလုပ်တာနဲ့ ငါနဲ့ကိုကို လည်း ညကကောင်းကောင်းမအိပ်ရဘူး"

"ဘာဖြစ်လို့လည်း Jiminရယ် "

"ဘာဖြစ်ရမှာလည်း ညကမင်းသားက ဂျီကြနေတာ ကိုကိုနဲ့ငါနဲ့ချော့တာလည်းမရဘူး နို့ဘူးတွေလည်းဖျော်တိုက်တာပဲ မင်းသားက ငိုပဲငိုနေတာ ငါနဲ့ကိုကိုမှာ မနည်းချော့ရတယ် "

Sex PartnerWhere stories live. Discover now