Unicode
အခုဆို Jiminနဲ့ Yoongiလည်း ချစ်သူရည်းစားဘဝကို ရောက်လို့သွားပြီဖြစ်သည်။
ဒီနေ့ Yoongi သူ့အိမ်ကိုဖွင့်ပြောရန် အိမ်သားအားလုံးကို ခေါ်လိုက်သည်။
Jungkookနှင့်Taehyungအပါအဝင်။"သား ဘာပြောစရာရှိလို့ မေမေတို့အားလုံးကို ခေါ်ရတာလည်း"
"ခဏလေးစောင့်ပါမေမေ သား လူတစ်ယောက်ကိုစောင့်နေလို့"
Yoongiစကားကြားတော့ Jungkookနဲ့Taehyungလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသည်။
"ဘယ်သူကို စောင့်နေတာလည်း ဦးငယ်"
"လာရင် သိမှာပေါ့ကွာ မင်းကလည်း"
ခဏအကြာ Jiminတစ်ယောက် အိမ်ထဲဝင်လာတော့သည်။
Jiminဝင်လာတာမြင်တော့အားလုံးJiminကိုလှမ်းကြည့်မိသည်။
"Jiminလာလည်တာလား"
Taehyungကတော့ သူ့သူငယ်ချင်းကိုမြင်၍ လှမ်းနှုတ်ဆက်လိုက်သည်။
Jiminမှာ Taehyungမေးတော့ သူ့ဂုတ်ပိုးလေးကို သတ်ပြီး မျက်နှာပြုံးဖြီးဖြီးလေးလုပ်လို့နေသည်။
Yoongiလည်း Jiminပုံစံကိုမြင်တော့Jiminလက်ကိုလှမ်းဆွဲလိုက်သည်။
"လာ... ကလေး ကိုယ့်နားကို"
Yoongiလည်းJiminရောက်ပြီဖြစ်၍ သူ့အမေစီက ခွင့်ပြုချက်တောင်းရန်စကားစ တော့သည်။
"မေမေ သားကို လက်ထပ်ခွင့်ပြုပါ"
Yoongiစကားကြားတော့ အကုန်လုံးပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
"သား... စောနက မေမေကို ဘာပြောလိုက်တယ်"
"သားကို လက်ထပ်ခွင့်ပြုပါလို့ သား ကလေး
နဲ့ ချစ်သူဖြစ်နေပြီ...သား ကလေးကို လက်ထပ်ချင်တယ်."Taehyungနဲ့Jungkookမှာတော့ အံ့သြလွန်း၍ Yoongiကို တစ်လှည့် Jiminကို တစ်လှည့်ကြည့်နေတော့သည်။
"ဘယ်လို.....Jiminနဲ့ချစ်သူဖြစ်နေပြီဟုတ်လားသား"
"ဟုတ်တယ်မေမေ သား ကလေးနဲ့ချစ်သူဖြစ်နေပြီမေမေ ခွင့်ပြုပေးပါနော် သား ကလေး ကို တကယ်ချစ်တာပါ"
Yoongiအမေလည်း သူ့သားစကားကြားပြီး သူ့သားကိုတလှည့် Jiminကိုတလှည့် ကြည့်လိုက်သည်။