Unicode
————ဒေါက်...ဒေါက်
“ ဝင်ခဲ့ပါ ”
အမှုတစ်ချို့ကိုပြန်စစ်ဆေးနေတုန်းတံခါးခေါက်သံကြားတာကြောင့်မကြည့်ပဲဝင်ခဲ့ဖို့ပြောလိုက်တော့ သူထိုင်နေတဲ့နေရာထိလျှောက်လာတဲ့လူ
ဖြန်း!!
“ အာ့!… ”
နောက်တော့သူ့ရဲ့ခေါင်းနောက်ကို အားနဲ့ရိုက်လိုက်တဲ့လူကြောင့် လူကရှေ့ကိုယိုင်သွားရတယ်။ဒါကြောင့်စိတ်တိုတိုနဲ့မော့ကြည့်လိုက်တော့မြင်လိုက်ရတဲ့လူက…
“ မမ!…နင်! ”
“ ဘာအခုမှ 'မမ' လဲ!? ”
“ ဟီးဟီးး ”
“ မျက်နှာလာပြောင်မနေနဲ့!… ဘယ်မလဲနင်ကောင်လေး!? ”
“ အာာ… ”
“ အကြောင်ရိုက်ဖို့တော့စိတ်မကူးနဲ့ဘယ်မှာလဲ? ”
မောင်ဖြစ်သူမှာချစ်သူရှိနေပြီဆိုပြီးပြောလာတဲ့ ဟော်လန်ကြောင့် သူမချက်ခြင်းပဲမောင်ဖြစ်သူရှိရာဆီကိုထလာလိုက်တာဖြစ်တယ်
ဒီရောက်တော့ ရဲဝန်ထမ်းတချို့ကိုမေးပြီး မောင်ဖြစ်သူရဲ့ရုံးခန်းကိုလာကာတံခါးခေါက်လိုက်တော့ဝင်ခဲ့ဖို့ပြောလာတာနဲ့သူမလည်းဝင်လာလိုက်တော့ ဖိုင်တွေနဲ့အလုပ်ရှုပ်နေတဲ့ မောင်ဖြစ်သူကြောင့်အနားကိုသွားကာ နောက်စိကိုအားနဲ့ဖြတ်ရိုက်လိုက်တော့ သူ့မကိုဒေါနဲ့မောနဲ့မော့ကြည့်လာပြီးမှ သူမမှန်းလည်းသိရော ချက်ခြင်းအချိုးပြောင်းသွားကာမောင်ငယ်လေးပုံစံနဲ့စပ်ဖြဲဖြဲလုပ်ပြလာပြီး သွားတွေအကုန်ပေါ်သည်အထိရီပြလာလေရဲ့
ဒါကြောင့်သူမလည်း မျက်နှာမပြောင်ဖို့ပြောလိုက်ပြီး မောင်ဖြစ်သူရဲ့ချစ်သူကောင်လေးကိုမေးလိုက်တယ်။
သူ့ကိုရိုက်သူမှာအစ်မဖြစ်နေတာကြောင့်သွားတွေအကုန်ပေါ်သည်အထိရယ်ပြလိုက်တော့ မျက်နှာမပြောင်ဖို့ပြောပြီး 'ကလေးငယ်'ကိုမေးလာတာကြောင့် သူမ'ဘယ်လိုများသိသွားပါလိမ့်'ဆိုပြီးတွေးလိုက်မိတယ်
နောက်မှပဲသဘောပေါက်တော့တယ်။သူ့နားမှာ ဟော်လန်တစ်ယောက်လုံးရှိနေတာပဲ။ကြည့်ရတာ အစ်မကသူ့အကြောင်းကိုမေးတာကြောင့်ဟော်လန်ကပြောပြလိုက်ပုံပင်။
VOUS LISEZ
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
Roman d'amourUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...