ချစ်ရက်နဲ့ (၁)

30 0 0
                                    

မောင့်ကို စတွေ့ခဲ့စဉ်က ကျောင်းရဲ့  နောက်ဆုံးခုံတန်းလေးမှာ ငြိမ်နေပြီး ဂိမ်းပဲဆော့နေတတ်တဲ့ ကောင်လေးတစ်ယောက်အဖြစ်ပေါ့

ဆရာစာသင်ခန်းထဲ ဝေ့ဝိုက်ကြည့်တိုင်း ဂိမ်းဆော့တာ ရပ်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ မျက်လုံးဝိုင်းလေးတွေက စိတ်ဝင်စားဟန်လဲ ဆောင်တက်သေး 

မောင်က စိတ်ထားလေးတော့ သိပ်ကောင်းပါတယ် ဘတ်စ်ကားစီးတိုင်း အဆင်မပြေတတ်တဲ့ ကိုယ့်အတွက် သူ့လက်မောင်းတစ်ဖက်ကို အမြဲတမ်း ငှားပေးခဲ့သလို ကျောင်းကို တူတူ သွားတဲ့အခါအတိုင်းလဲ အဖော်အဖြစ် ရှိပေးတတ်ခဲ့သေးတာ 

ဒဏ်ရာတွေပြည့်နှက်နေတဲ့ ကိုယ့်ဘဝထဲမှာ မောင်က တကယ့်ကို ငြိမ်းချမ်းရာလေး ဖြစ်ခဲ့တာပါ

တစ်ရက်ပေါ့ ရုပ်ရှင်ကြည့်ဖို့ မောင်ကဖိတ်တော့ ကိုယ်သိပ်ကို ပျော်ရွှင်သွားခဲ့တာ ရင်နာစရာဇာတ်လမ်းရဲ့ အစဖြစ်မယ်လို့ မထင်ခဲ့မိတာတော့ ကိုယ့်အမှားပဲပေါ့မောင်

ရုပ်ရှင်ရုံထဲ မုန့်တပွေ့တပိုက်နဲ့ ကလေးထက်ဆိုးတဲ့မောင့်ကို ကြည့်ရင် ချစ်စနိုးဖြစ်မိသလို ရင်လဲခုန်မိတာ အမှန်ပါ အဲ့လိုနဲ့ ရုပ်ရှင်ပြီးခါနီးအချိန် နဖူးပေါ် ရောက်လာတဲ့ မောင့်နှုတ်ခမ်းလေး 

"ကျွန်တော်လေ ဂျီမင်းကို ချစ်မိနေပြီဗျာ ရင်ခုန်နေတာ ထိန်းမရဘူး " ဆိုတဲ့ စကားနဲ့ မောင်က ဆိုလာတော့ ကိုယ် ဘာပြောရမှန်းကို မသိခဲ့ဘူး အရိုးသားဆုံး ပြောရရင်တော့ ကိုယ်သိပ်ကို ပျော်ရွှင်ခဲ့တာပါ 

"ကျွန်တော့်ကို ပြန်ချစ်မယ်မလားဟင် " ဆိုပြီး မျက်လုံးဝိုင်းလေးနဲ့ ကြည့်ပြီး ပြောနေတော့ ကိုယ် တကယ် မငြင်းရက်ခဲ့ဘူးမောင် ဒဏ်ရာတွေရုတ်တရက် ပျောက်ဆုံးကုန်တယ် 

ကျောင်းရဲ့ လူအရောက်အပေါက်နည်းတဲ့ နေရာလေးတွေမှာ မောင်အမြဲ ဆိုးတော့ လိုက်လျောခဲ့ရတာလဲ ကိုယ်ပဲ ပိုချစ်ခဲ့ရတာလဲ ကိုယ်ပါပဲ မောင့်အနမ်းတွေ မောင့်နှုတ်ခမ်းတွေ သိပ်ကို မှော်ဆန်လွန်းပါတယ် 

ကျောင်းပိတ်ရက်မှာ မောင်က နေသိပ်မကောင်းချင်ဘူး မောင့်အခန်းဆီလာခဲ့ပါဆိုတော့ စိုးရိမ်စိတ်တွေနဲ့ အပြေးအလွှား သွားခဲ့ပြီး မောင့်ဆီရောက်တော့ 

"Happy Anni ပါ မောင့်ဂျီမင်းလေး " ဆိုပြီး ကိတ်မုန့်လေးနဲ့ ကြိုနေရှာတယ် 
"မောင် အဲ့ဒါဘာလုပ်တာလဲ နေမကောင်းဘူးဆိုလို့ ကိုယ်ဘယ်လောက် စိုးရိမ်ပြီး ပြေးလာရလဲ ဆိုးလိုက်တာ" အသံတွေ တုန်စွာနဲ့ဆိုတော့ မောင်လဲ ပြာယာခတ်သွားတယ် 

"မောင့်ကိုခွင့်လွှတ်ပေးပါ မောင်က ဂျီမင်းကို ပျော်စေချင်လို့လုပ်တာပါ " မျက်နှာငယ်လေးနဲ့ဆိုတော့ ကြာကြာစိတ်မဆိုးနိုင်တာနဲ့ ကိုယ်ပါပဲ 

"မောင် နောက်တခါ အဲ့လိုမဆိုးရဘူးနော်"

"ဒါဆို ဘယ်လို ဆိုးရမှာလဲ ဒီလိုလား"

ရုတ်တရက် ခါးကို ဆွဲယူပွေ့ဖက်လိုက်ပြီး နှုတ်ခမ်းတွေပေါ် ကျူးကျော်လာတဲ့ မောင့်အနမ်းတွေ

ပြင်းပြင်းရှရှ မောင်ကနမ်းနေရင်း လက်တွေကလဲ အထိခိုက်မခံနိုင်တဲ့ နေရာတချို့အပေါ် ရောက်လာတဲ့အခါ ကိုယ် ဘာမှကို ငြင်းဖို့အင်အားမရှိခဲ့ဘူး အရာရာ မောင့်သဘောပါပဲ ဆိုတဲ့ အကြည့်တွေကို မောင်က နားလည်နေသလို

"မောင် ဖြည်းဖြည်းလေးပဲ ချစ်မယ်နော်"

သာယာလွန်းတဲ့ အထိအတွေ့တွေ၊ အသက်ရှူသံ ပြင်းပြင်းတွေ၊ ကုတင်အောက်က အဝတ်အစားတွေ .....

ဆူညံလွန်းတဲ့ ဖုန်းသံကြောင့် ကိုယ်နိုးလာတဲ့အခါ မြင်လိုက်ရတဲ့ နံပါတ်ကြောင့် လိပ်ပြာလွင့်တော့မလိုပဲ 

အလန့်တကြား မောင့်ကို ကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေရဲ့

"ဟလို ဂျီမင်းပါ"

"အေး သိတယ် ပတ်ဂျီမင်းဆိုတာလဲ သိတယ် မင်းဘယ်ရောက်နေမှန်းလဲ သိတယ် မင်းသေဖို့သာ ပြင်ထားလိုက်"


--------------------------------------------------------------------------------------------------------------------------------

You've reached the end of published parts.

⏰ Last updated: Jan 05, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်ရက်နဲ့Where stories live. Discover now