"အား..နာတယ်ကျောင်းဆရာရ..ဖြေးဖြေးလုပ်ပါ.."
"ယောကျာ်းမဟုတ်တဲ့အတိုင်းပဲ..အော်နေလိုက်တာ.."
"ယောကျာ်းလည်း သွေးနဲ့ကိုယ်၊သားနဲ့ကိုယ်ဗျ..နာတတ်တယ်.."
မြတ်ဇေလည်း မနိုင်သလို ခေါင်းခါကာ ပြုံးမိသည်။
အငယ်ကောင်က ရွာထဲသွားသဖြင့် ဟိုကျောင်းဆရာက ထိုးခံထားရသည့် ပါးပြင်အား ဆေးထည့်ပေးမည်ပြောသဖြင့် လက်ခံလိုက်မိရာ ခုတော့ ငွေစက်မင်းတစ်ယောက် နောင်တအကြီးကြီးရနေပေပြီ။
"အား..ဟေ့လူ.."
မြတ်ဇေလည်း အမြင်ကပ်,ကပ်နှင့် ယောင်နေသည့်နေရာအား ဖိချလိုက်တော့ အော်လိုက်တာဖြင့် ငယ်သံပါအောင်ပင်။
လင်းအိမ်ထဲမရောက်သေးခင် အကိုဖြစ်သူ၏ အော်သံက အရင်ဆုံးကြားနေရပြီဖြစ်သည်။
"အယ်.."
လင်းလည်း မျက်နှာလွှဲကာ
"ဆက်လုပ်ကြနော်.."
အိမ်ပြင်သို့ အမြန်ပြေးထွက်လာသည်။
"အငယ်ကောင်..မင်းထင်သလိုမဟုတ်.."
"ငွေစက်.."
လင်းမြင်လိုက်ရသည်က ကိုမြတ်ဇေက အောက်၌ ပက်လက်လေး။လင်းရဲ့အကိုက ကိုမြတ်ဇေရဲ့ အပေါ်မှာ။
"ကျောင်းဆရာ..ခင်ဗျားကြောင့် ကျွန်တော့်ညီ အထင်လွဲသွားပြီဗျ.."
တကယ်တော့ ကျောင်းဆရာက ဆေးထည့်တာ မညင်သာသဖြင့် ငွေစက်မင်း မထည့်တော့ဘူး လုပ်ကာ ထရပ်လိုက်သည်ကို ဟိုကျောင်းဆရာက ငွေစက်မင်း၏ လက်ကို ယောကျာ်းအားဖြင့် ဆွဲချလိုက်သဖြင့် ထိုလူ့ပေါ်ကို ငွေစက်မင်း လဲကျသွားတာ ဖြစ်သည်။ဒါကို အငယ်ကောင်က မြင်သွားတာပင်။
"မင်းက ဆေးထည့်ပေးတာကို ငြိမ်ငြိမ်မှ မနေပဲ.."
"ခင်ဗျားထည့်တာက နာတယ်လေ.."
"ဘာထည့်တာလဲ.."
"ဆေးထည့်တာကိုပြောတာ.."
ထိုကောင်လေးက စိတ်ဆိုးနေသည့်ဟန်။
"လာ..ဆက်ထည့်မယ်..ဆေးကိုပြောတာ.."
ကျောင်းဆရာဖြစ်ပြီး မျက်နှာရူး..။