Story 14

2.2K 122 0
                                    

Unicode
................

Lမြို့ရှိ အဆောက်အဦးကျယ်ကြီးတစ်ခုတွင် လူအများသွားလာလှုပ်ရှားနေကြပီး ထိုလူများက မကြာခင်ရောက်ရှိလာမည့် သူတို့၏သူဌေးဖြစ်သူကို ကြိုဆိုရန်ပြင်ဆင်နေကြသည်။

သူဌေးဖြစ်သူက ရုံးရောက်လာရင် ဝန်ထမ်းအားလုံးကို အမြဲတမ်းအဆင်သင့်ဖြစ်နေတာပဲမြင်ချင်သည်မို့ လော်ဘီတွင်အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေကြခြင်း။ သူဌေးကစည်းကမ်းအရမ်းတင်းကျပ်လွန်းပီး ဝတ်စုံလေးမသပ်ရပ်ရင်တောင် အလုပ်ထုတ်ပြစ်တဲ့လူစားမျိုးပင်။

ခက်ထန်တဲ့မျက်နှာထားဖြင့် မည်သူမျှခေါင်းမော့ကြည့်နိုင်အောင် မရဲကြပေ။ သို့သော် ဘယ်လောက်ပင်ခက်ထန်နေပါစေ နဂိုချောမောသည့်ဓာတ်ခံရှိနေသည်မို့ မကြည့်ရမနေနိုင်အောင် ဝန်ထမ်းကောင်မလေးတွေမှာ ခိုးခိုးကြည့်လေ့ရှိသည်။

သူဌေးက အသက်သုံးဆယ်ကျော်ပီဆိုသော်လည်း ချောမောဆဲပင်။ ပီးတော့ သူဌေးမှာအိမ်ထောင်ရှိပုံရပီး ငါးနှစ်အရွယ် သားငယ်လေးပင်ရှိသေးသည်။ ကလေးကလည်း သူဌေးပေါက်စလေးဟုပင်ထင်ရအောင် ရုပ်ချင်းဆင်လွန်းလှသည်။ ချစ်ဖို့ကောင်းတဲ့ နီရဲရဲပါးပြင်၊ အရမ်းကြီး ဝတုတ်တုတ်မဟုတ်သော်လည်း အတော်အသင့်တော့ ပြည့်ပြည့်လေးဖြစ်နေသည့်အပြင် သူ့ရဲ့စိမ်းပြာရောင်နုနုမျက်ဝန်းလေးကလည်း တလက်လက်တောက်ပနေသေးသည်။

ကလေးငယ်က အနည်းငယ်လူကြောက်တတ်ပီး သူ့အဖေနားကလွှဲရင် မည်သူ့အနားမျှမကပ်ကြပေ။ သူဌေးက သူရုံးလာရင် သားငယ်လေးကို အမြဲတမ်းခေါ်လာလေ့ရှိပီး အနည်းငယ်ရင်းနှီးသော်လည်း ကလေးရဲ့ လူကြောက်တတ်တဲ့အကျင့်ကတော့ ဖျောက်ဖျက်လို့မရပေ။ အင်း.... ဒါတွေကလည်း တစ်ယောက်သောသူဆီက ရလာတဲ့ အမွေအနှစ်တွေလို့ပဲပြောရမလား။

ခုလည်း သူဌေးရောက်လာပီဆိုတဲ့အသံကြားတာနဲ့ လော်ဘီလျှောက်လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ဝန်ထမ်းတွေအစီအရီရပ်နေကြပီး ခေါင်းကိုငုံ့ထားကြသည်။ အိုမီဂါ ကောင်မလေးနဲ့ကောင်လေးတစ်ချို့က ခိုးကြည့်ကြသော်လည်း သူဌေးကတော့ သူ့မူအတိုင်းမျက်နှာတည်တည်ဖြင့်သာ တစ်လမ်းချင်းလျှောက်လို့လာသည်။

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedWhere stories live. Discover now