အပိုင်း တစ်ဆယ့်သုံး

2.3K 554 105
                                    

မိုင်ရာမီ ချစ်ပုံပြင်

အပိုင်း (၁၃)

မိုင်ရာမီတက္ကသိုလ်ဝန်းကြီးထဲ မင်းသားအာရွန်လိုက်ပါလာသည့် ကားတစ်စီးက ချိုးဝင်လာခဲ့သည်။ ယင်းနောက် မိုင်ရာမီအမျိုးသားအဆောင်ရှေ့တည့်တည့်မှာ ရပ်တန့်သွားခဲ့သည်။

အာရွန်က ကားပေါ်မှ ဆင်းလာခဲ့ပြီး အဆောင်လေးထဲ ဝင်ခဲ့လိုက်သည်။

“ဒီအ‌ဆောင်မှာနေတဲ့ ကျောင်းသား ကင်မ်‌ထယ်ယောင်းနဲ့တွေ့ခွင့်ရမလား”

အဆောင်မှူးဖြစ်ပုံရသည့်လူက မျက်မှန်ဝိုင်းကြီးအောက်ကနေ အာရွန့်ကို အကဲခတ်သလို ကြည့်လာသည်။ ထို့နောက် လေသံမာမာဖြင့် ဤသို့ တစ်ခွန်းတည်း ပြောလာခဲ့တော့သည်။

“မရှိဘူး”

“သူ ဘယ်သွားလို့လဲ”

“မသိဘူး”

အာရွန့်ရဲ့အကြည့်တွေ ချက်ချင်းပြောင်းလဲသွားရတော့သည်။ ဒီအတိုင်းမေးရုံနဲ့တောင် ဘယ်လိုဖြစ်ပြီး အခုလိုမျိုး မဖြေချင်သလို၊ မကြားချင်သလို ပြန်တုံ့ပြန်နေရတာလဲ။

“ဘယ်လောက်ပေးရမလဲ”

အာရွန်က အဓိပ္ပါယ်ပါပါ ပြောလိုက်ရင်း လက်ထဲက ပိုးယပ်တောင်တစ်ချောင်းကို ထိုအဆောင်မှူးမြင်သာသွားအောင် လက်ပိုက်ပြလိုက်သည်။ ပိုးယပ်တောင်ရဲ့ အောက်ပိုင်းမှာ ချိတ်ဆွဲထားတဲ့ အစိမ်းရောင် အမှတ်တံဆိပ်လေးကိုမြင်တော့ ယင်းအဆောင်မှူးတစ်ကိုယ်လုံး တုန်ခနဲ။

ထိုအရာကိုမြင်တော့ အာရွန်က ပြုံးလိုက်သည်။ သူ့ကိုယ်သူ မိုင်ရာမီရဲ့ အိမ်ရှေ့စံမှန်းမသိအောင် သိုသိုဝှက်ဝှက်နေထိုင်ခဲ့တာက ဒီလိုနေရာမျိုးတွေမှာတော့ သိပ်မကောင်းလှပါ။ ကြည့်ပါလား၊ အခုတော့ သူ့မှာ တစ်ဖက်လူကို ဖြဲခြောက်နေရပြီ။

“ဘာနေးပုန်ကန်မှုဟုတ်လား”

အဆောင်မှူးက မလုံသလိုမျိုး ဟိုကြည့်၊ဒီကြည့်လုပ်ရင်း ခေါင်းငြိမ့်ပြလာသည်။ အာရွန်သည် ယင်းဘာနေးပုန်ကန်မှုကို အခုမှ ကြားဖူးတာမို့ အတော်လေး စဉ်းစားသွားမိသည်။

မိုင်ရာမီချစ်ပုံပြင်Donde viven las historias. Descúbrelo ahora