"မောင်က ခင်ဗျားကို သိပ်ချစ်တာဗျ"
လွမ်း အံ့သြလွန်းလို့ ပျော်ပြီး မျက်ရည်တောင် ကျမိသည်။သူ့ကို မချစ်ဘူးလို့ ထင်တဲ့ မောင်က သူကို သိပ်ချစ်တာတဲ့လား။
"မောင်က ခင်ဗျားလေးကို မောင် ချစ်တာ သိစေချင်ရုံလေးတင် ပြောပြတာ ခင်ဗျားလေးဆီက ဘာမှပြန်မတောင်းဆိုတာမလို့ မငိုနဲ့နော်"
သူ့ဖွင့်ပြောလိုက်တော့ ငိုနေတဲ့ကောင်လေးက သူကို အဲ့လောက်တောင်မုန်းနေမယ် ထင်မထားခဲ့ပေ။သူကို မုန်းလွန်းနေတာလည်း ဖြစ်သင့်ပါတယ်။ဘာလို့ဆို သူသိပ်ချစ်ရတဲ့သူက နက်ရဲ့အတ္တစိတ်တစ်ခုတည်းကြောင့် ဝေးခဲ့ကြရတာမလား။သူလေးပျော်ဖို့အတွက် လက်လွှတ်ပေးချင်ပေမယ့် နှလုံးသားက ခွင့်မပြုတာမလို့ အတ္တကြီးစွာ ဆုပ်ကိုင်ထားပါရစေ။
"မောင် သိတာမလို့ မောင် မင်းရဲ့အနားကနေ ထွက်သွားပေးမှမလို့ ခင်ဗျားကတော့ ဒီစံအိမ်မှပဲ နေပေးပါ"
"ကျန်းမာရေးဂရုစိုက်နော် အရင်လို စားချင်တာမစားနဲ့ မောင် သွားတော့မယ်"
နောက်ဆုံးအနေဖြင့် နဖူးလေးကို မြတ်နိုးစွာ ခပ်ကြာကြာဖိကပ်နမ်းပြီးနောက် မြန်မြန်ကျောခိုင်းလိုက်ရသည်။မဟုတ်ရင် ဒီထပ်ပိုပြီး ရှေ့ကလူကို ပိုင်ဆိုင်ချင်စိတိဖြစ်လာမှစိုးရိမ်ရ၏။
*မောင် မင်းကို မစွန့်လွှတ်ဘဲ အတ္တကြီးစွာနဲ့ပဲ အနားခေါ်ထားတဲ့အတွက် တောင်းပန်ပါတယ် မောင်ရဲ့လွမ်း*
"မောင်"
သူ့ကိုကျောခိုင်းထွက်သွားဖို့လုပ်နေတဲ့ မောင် ကို လွမ်း တိုးတိုးလေးခေါ်လိုက်မိပေမယ့် ၂ယောက်ကြား တိတ်ဆိတ်နေတဲ့ သူတို့၂ယောက်ကြားတွင်တော့ မောင်က ကောင်းစွာ ကြားသည်ထင်ပါ့။သူကို အံ့သြစွာ လှည့်ကြည်လာသည်။
"လွမ်း မောင်ကို ဘယ်လိုခေါ်လိုက်တာ"
သူချစ်ရတဲ့သူလေး ထပ်မငိုဖို့အတွက် ထွက်သွားမည့်ခြေလှမ်းတွေကို ရပ်တန့်သွားစေသလို အံ့သြအောင်လုပ်နိုင်တဲ့အပြင် ရင်ဘတ်ထဲက အကောင်ကိုပါ အခုန်မြန်စေသော အခေါ်အဝေါ်လေးတစ်ခုကြောင့် နက် သူနဲ့အနည်းငယ်မျှဝေးကွာနေတဲ့ သူ့ကို စိတ်လှုပ်ရှားစွာ မေးလိုက်မိတော့ အင့် ကနဲ့ ဆိုပြီး ရင်ခွင်ထဲ တိုးဝင်လာသော သူ။
ESTÁS LEYENDO
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romanceခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023