Chapter -60(Real World) Ending

956 30 0
                                    

Unicode
————

" ကလေးငယ်...ကလေးငယ်ခနနေပါဦးကွာ "

" ....... "

" ကလေးငယ် "

" အင့်...ခင်...ခင်ဗျားဘာလုပ်တာလဲ??? "

သူလည်းရှက်ရှက်နဲ့ဘာလုပ်လို့ဘာကိုင်ရမှန်မသိဖြစ်နေတာကြောင့် ထိုနေရာကနေသာအမြန်အပြင်ကိုထွက်လာခဲ့လိုက်တော့ နောက်ကနေလိုက်လာပြီးသူ့ကိုခေါ်ကာရပ်ဖို့ပြောပေမဲ့ သူထိုလူကိုမျက်နှာချင်းမဆိုင်ရဲပါ သူ့ရဲ့ရင်တွေဟာလည်းအဆမတန်ခုန်ပေါက်နေပြီး အပြင်ကိုပေါက်ထွက်တော့မယ်လို့တောင်သူထင်မိတယ်။

နောက်တော့သူ့ရဲ့လက်ကိုဆွဲကာရင်ခွင်ထဲဆွဲသွင်းပြီးတင်းတင်းကြပ်ကြပ်ဖက်လာတဲ့လူကြောင့် သူလည်းမေးလိုက်တယ်

အစ်မပြောတာကြောင့်ကလေးငယ်ကရှက်ပြီးထွက်သွားကြောင့်သိလိုက်တာကြောင့် နောက်ကနေအမြန်ပြေးလိုက်သွားပြီး ကလေးငယ်ကိုခေါ်ပေမဲ့ မရပ်ပဲအရှိန်ပိုမြင့်ကာသွားနေတာကြောင့် သူလည်းအမှီပြေးလိုက်ကာလက်ကနေဆွဲပြီးရင်ခွင်ထဲကိုဆွဲသွင်းလိုက်တော့ သူ့ကိုထစ်ငေါ့စွာနဲ့'ဘာလုပ်တာလဲ?'ဆိုပြီးမေးလာတဲ့ကလေးငယ်

" ဟက်...ဖက်လိုက်တာလေ...မင်းလေးကရပ်မှမရပ်တာကို "

" ခင်...ခင်ဗျား...ကျွန်‌...ကျွန်တော့ကိုလွှတ် "

" ဟွန့်အွန်...လွှတ်ဘူး...မင်းလေးအဖြေမပေးမခြင်းဖက်ထားမှာ "

" တခြားသူတွေလည်းရှိနေတယ်လေလွှတ် "

" ကိုယ်ဂရုမစိုက်ဘူး ကိုယ်လိုချင်တာမပေးမချင်းဒီတိုင်းပဲနေနေမှာမလွှတ်တော့ဘူး "

သူဘယ်လိုပြောပြောလွှတ်မယ့်ပုံမပေါ်တဲ့ထိုလူကြောင့် သူအကြောင်ရိုက်နေမိတယ်။ထုတ်ပြောရမှရှက်ပါတယ်ဆိုနေကာမှအခုလိုလူကြားထဲမှာဆိုတော့ပိုဆိုးပေါ့။အစကအဖြေပြန်ပေးဖို့တွေးထားပေမဲ့ ပြောရမှာကိုရှက်လာတာကြောင့် ဘယ်လိုပေးရမလဲဆိုပြီး လူကစဉ်းစားနေတုန်းရှိသေးတယ် အဲ့ဒါကိုအခုလိုမျိုးကြီးကျတော့ ဘယ်လိုပြောကရတော့မှာလဲလို့

လူတွေရှိနေတာကိုကြောင်းပြကာလွှတ်ဖို့ပြောနေတဲ့ကလေးငယ်ကြောင့် ဂရုမစိုက်ကြောင်းပြောကာအဖြေပေးဖို့သာတောင်းဆိုလိုက်တယ်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Onde histórias criam vida. Descubra agora