Part...24

649 39 12
                                    

For Unicode

တစ်ညအိပ်ခရီးစဉ်လေးပြီးဆုံးသည့်နောက် ကျောင်းကားများဖြင့်ပင် ပြန်လာခဲ့ကြသည်။
ထယ်ယောင်းက ဒုတိယနှစ်ကျောင်းသားများပါသည့် ကားတစ်စီး၌ ကျောင်းသားတွေအား ကြီးကြပ်ရင်း ပြန်လိုက်လာခဲ့သည်။ထိုအတန်း၏ဆရာအစား ဒီခရီးအားပါလာသည်ဟုပြောရင်လည်း မမှား။

"ထမင်းစားနားကြမယ်"

ကားရပ်နားသည့်အချိန်တွင် နီးစပ်ရာ စားသောက်ဆိုင်များတွင် ကျောင်းသားများဖြင့် ရုတ်ရုတ်သဲသဲဖြစ်နေသည်။

"ဆရာကင်မ် ဘာစားမလဲ ကြိုက်တာမှာဗျာ...ကျွန်တော်ရှင်းမယ်"

ဆရာဝိုင်းမှာ ထယ်ယောင်းဝင်ထိုင်လိုက်တော့ ဆရာဟန်က ဝမ်းသာအားရပြောသည်။

"တစ်ဝိုင်းလုံးကို ရှင်းမှာလား"

"ဒါပေါ့ဗျာ"

"အမယ် လူပျိုကြီးနော် သိတယ်သိတယ်"

အတူပါလာသည့် ဆရာဝန်မလေးကို ကြိတ်ပိုးနေတဲ့ ဆရာဟန်အား ဝိုင်းစရင်း ဆရာဆရာမတွေသ​ေဘာကျနေကြသည်။

ထယ်ယောင်း သူ့နေရာမှ နှစ်ယောက်ကျော်မှာ ထိုင်နေသော ဆရာဝန်မလေးကို လှမ်းကြည့်မိသည်။ရှက်ကိုးရှက်ကန်းဖြစ်နေသည့် သူ(မ)ရဲ့ရုပ်လွှာဟာ သိပ်ကို လှပါရဲ့။ထယ်ယောင်း ပြုံးပြီးပင် ကြည့်နေမိသည်။

ရုတ်တရက် အကြည့်ချင်းဆုံသွားတော့ ဘာလုပ်ရမယ်မှန်းမသိဘဲ ပေါ်တင်ကြီး မျက်နှာလွှဲလိုက်မိသည်။တစ်မျိုးတော့မထင်လောက်ဘူးမလား။

"အစ်ကို"

"အမလေးဗျ"

တစ်ဖက်ကို လှည့်လိုက်သည်နှင့် ဂျောင်ဟိုဝန်းရဲ့ မျက်နှာကြီးကို ချက်ချင်းမြင်လိုက်ရတော့ ထယ်ယောင်းလန့်ကာ အော်ပင်အော်လိုက်မိသည်။
သေချာကြည့်မှ ဟိုဝန်းက တကယ်ကို ဟိုဆော့ပေါက်စပင်။ညီအစ်ကိုအရင်းလို့ပြောရင်တောင် ယုံလို့ရသည်။

ဒီကောင်လေးက မယောင်မလည်နဲ့ရောက်လာပြန်ပြီ။ခရီးစဉ်တစ်လျှောက် အနားရောက်ရောက်လာတတ်သည့် ဟိုဝန်းက အကြောင်းမရှိအကြောင်းရှာတတ်သေး၏။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Onde histórias criam vida. Descubra agora