အပိုင်း - ၈၉ ( ခြိမ်းခြောက်တာကလည်း လှည့်စားနည်းတစ်မျိုးပဲ )ဒဏ်ရာအပြင်းအထန်ရသောကြောင့် ထိုသူ၏မျက်နှာမှာ ပို၍ပင် ကြောက်လန့်စရာကောင်းနေကာ ကျိုးဒင်ထျဲန်းသည်ပင် သူ့သားလေးမလန့်ဖို့ရာ ထိုသူ၏မျက်နှာကို အုပ်ထားဖို့ အဝတ်တစ်ခု သွားရှာလာလိုလှသည်။
ဝမ်းလျိုနျဲန်ကမူ ထိုကိစ္စအတွက် အမှုမထားအားဘဲ ထိုသူ့ကိုသာ အနီးကပ်ကြည့်လာ၏။
ကျိုးဒင်ထျဲန်း - "....."
"ခင်ဗျားကိုး"
အတန်ကြာပြီးသည့်နောက် ဝမ်းလျိုနျဲန်က မေးစေ့ကိုကိုင်ကာ တွေးတွေးဆဆ ဆိုလာသည်။
ထိုစကားထွက်လာသည်နှင့် ကျန်သူများမှာ အစပထမတော့ တွေဝေသွားကြကာ ခဏကြာတော့ ဝမ်းလျိုနျဲန်၏ အထာကို နားလည်လိုက်ကြ၏။ ထိုစကားများမှာ တစ်ဖက်လူအား လိမ်လည်လှည့်ဖျားရန်သာ ဖြစ်ပေမည်။
ဟုတ်ပါသည်။ တစ်ဖက်လူမှာ ဝမ်းလျိုနျဲန်အား မယုံသင်္ကာအကြည့်များဖြင့် ကြည့်လာ၏။
ဝမ်းလျိုနျဲန်မှ ဆက်ပြောလာသည်။
"ဒီသရဲလိုလိုမိစ္ဆာလိုလိုကောင်က အဲ့အချိန်တုန်းကယွင်သွမ့်ဟွန်နဲ့ တစ်သောင်းပုံတစ်ပုံတောင် မတူဘူးပဲ။ တောင်ပေါ်မှာ အလေလွင့်ပြီး ဝတ်ရုံနက်လေးခြုံလိုက် ၊ တောင်အောက်ကလူတွေရှေ့ သရဲလိုလို နတ်ဘုရားလိုလို ဟန်ဆောင်ပြလိုက်လုပ်တာနဲ့ပဲ လိုက်ဖက်တယ်"
"မင်း ပါးစပ်ပိတ်ထား!!!!"
တစ်ဖက်လူ၏ အသံမှာ ဩရှကြမ်းတမ်းနေခဲ့ကာ မျက်ခွက်တွင်းမှသည် မျက်လုံးများ ထွက်ကျလာတော့မတတ် ဒေါသထွက်နေ၏။
"ယွင်သွမ့်ဟွန် ၊ ယွင်သွမ့်ဟွန်နဲ့ ။ မင်းတို့အားလုံးက ယွင်သွမ့်ဟွန်ကိုပဲ သိနေကြတာ!!!! ခု သူ ဘယ်မှာလဲပြော!!!"
အခန်းထဲရှိလူများမှာ အကုန်တိတ်ဆိတ်သွားကြသည်။ ဤလှည့်ကွက်က တကယ်အသုံးဝင်သွားသည်ပဲ။
ဝမ်းလျိုနျဲန်က မျက်ခုံးပင့်လိုက်ကာ ဆက်မေးလာသည်။
"သူ ဘယ်မှာလဲဆိုတာ မင်း ပြောရမှာ ၊ မင်းနဲ့ရော ဘယ်လိုပတ်သက်နေတာလဲ။ အကျဥ်းသားဖြစ်နေမှတော့ ငါ့ဘက်က မေးပိုင်ခွင့်ရှိတယ်"
![](https://img.wattpad.com/cover/240412649-288-k263039.jpg)
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...