Unicode ver.....
29. ဆူးခင်းလမ်းလည်း အဆင်ပြေပါတယ်"သခင်"
"~~~~~"
"သခင်!"
ညီလာခံကနေ အပြန် သူ့ကိုပဲ အော်ခေါ်နေတဲ့ ရှောင်းကြောင့် အစက မမြင်ဟန်ဆောင်နေခဲ့ပေမဲ့ ခဏကြာတော့ ခြေတန်ရှည်အားကိုးနဲ့ သူ့ရှေ့ပြေးလာပြီး ပိတ်ရပ်လိုက်တာကြောင့် သူမျက်မှောင်ကျုံ့ပြီး မော့ကြည့်လိုက်ပေမဲ့ ရှောင်းက သူ့ကို ယုန်သွားလေးပေါ်အောင်ထိ မျက်လုံးတစ်ခုလုံးမှိတ်လုတော့မတတ် ကမ္ဘာကြီးလင်းလက်လောက်အောင် ပြုံးပြလာတာကြောင့် ဝမ်မှာ ပြောစကားမဲ့သွားရလေသည်။
ကျစ်! ဒီသူခိုးကြီး ချစ်ဖို့ကောင်းနေပြန်ပြီ။
ငါက ဘယ်လို ဆူရတော့မလဲ။သူ့မျက်နှာကို မျက်နှာတည်လေးနဲ့ စိုက်ကြည့်ပြီး ဝိဉာဥ်လွင့်နေတဲ့ ချစ်ရသူလေးကြောင့် ရှောင်းမှာ သဘောတကျနဲ့ ချစ်သူလေးရဲ့ နှာလုံးလေးကို လက်ညိုးကွေးလေးနဲ့ ထိတွေ့လိုက်လေသည်။
ထိုဝိဉာဥ်လွင့်နေတဲ့ ချစ်ရသူလေးရဲ့ မျက်နှာက အလွန့်အလွန်ကို ငေးမောဖို့ကောင်းပေမဲ့
အသည်းယားဖို့လည္း အလွန်ကောင္းနေတာမို့ မနေနိုင် မထိုင်နိုင် စမိခြင်း ဖြစ်သည်။"ခင်များ ဒါ ဘါလုပ်တာလဲ"
"အသည်းယားလို့လေဗျာ ဘာဖြစ်လို့လဲဟင် သခင် ကျွန်တော် ပြောတဲ့ ကိစ္စကို သခင်ဘယ်လို သဘောရလဲဟင်"
"ခင်များ ဘာကိုပြောနေတာလဲ"
ရှောင်းအမေးကို သူတကယ္ မသိတာမို့ ဝမ်က ထိုသို့မေးတော့ ရှောင်းက ခပ်ပြုံးပြုံးနဲ့ ~~~
"ကျွန်တော့် မိဖုရားလုပ်ဖို့ကိုလေဗျာ"
"ခင်များ~~~အ~~~ဟမ့်!"
ရှောင်းက ပြောပြီးတာနဲ့ မျက်လုံးတစ်ဖက်ပါ မိှတ်ပြလိုက်သေးတာကြောင့် ဝမ်ပြန်ပြီး ရန်တွေ့ဖို့ လုပ်မယ်ကြံပေမဲ့ အခုန်မြန်လာတဲ့ ရင်ခုန်နှုန်းလေးနဲ့အတူ ရင်ဘတ်ထဲထိပါ စူးအောင့်လာတာကြောင့် စကားတစ်ဝက်တစ်ပျက်နဲ့သာ သူစိတ်ဆိုးနေဟန်ပြန်ပြီး အကျင်္ီလက်ဖျားကို ခါလို့ လှည့်ထွက်လာလိုက်လေသည်။
YOU ARE READING
Let me Cherish you, My Lord (ZSWW) [complete]
FanfictionPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...