" ဖွား!! "
" သခင်လေး ဖွားကနားဖို့လိုအပ်နေပြီ သခင်လေးကိုကျမအိပ်ရာဝင်ပုံပြင်ပြောပြမယ်လေ "
" ပုံပြင်တွေမကြိုက်ဘူးငါဖွားပြောပြတဲ့
အရုပ်လေးအကြောင်းပဲနားထောင်ချင်တယ် "SeokJin ကအခု ဆယ်နှစ် ။ သူ့ထက်ဘယ်လောက်ကြီးကြီးSeokJinကိုသခင်လေးဟုသာခေါ်ရမည်ဟု SeokJin အမေက အကုန်လုံးကိုပြောထားသည်။
သူကဆိုးတယ် မဟုတ်ဘူး လိုချင်တာကိုတဇွတ်ထိုးဆန်စွာယူတတ်တဲ့စိတ်ထားလေးပါ ။
နားထောင်ချင်တာနားမထောင်ရတော့သခင်လေးကရပ်နေရာမှသူ့ခြေထောက်သေးသေးလေးကို
ဆောင့်နေသည်။ အိပ်ရာပေါ်ကခပ်မျော့မျော့သာကျန်တော့တဲ့အဖွားလဲသူမငဲ့နိုင်ဘူး ။ အဓိကကသူဒီညအရုပ်လေးအကြောင်းနားထောင်ရဖို့ ။" Jin လေး! သားခြေထောက်တွေကို
မဆောင့်ရဘူးလေနာကုန်မှာပေါ့ ။ ဟဲ့ နင်ကလေးကိုဘာအလိုမကျဖြစ်အောင်လုပ်နေတာလဲ "" မဟုတ်ပါဘူးမမ .. သခင်လေးက အဖွားကို ဂျီကျနေလို့ပါ အဖွား စကားတွေပြောရင်အမောဖောက်တတ်လို့ ကျမကသခင်လေးကို အိပ်ရာဝင်.. "
" နင့်ရဲ့ဆင်ခြေတွေငါမကြားချင်ဘူးငါ့သားKimSeokJin ကနားထောင်ချင်တယ်လို့ပြောရင် မဖြစ်ဖြစ်အောင် လုပ်ပေးရမှာနင့်တာဝန်လေသောက်ရေးမပါတာတွေနဲ့ငါ့သားကိုစိတ်ဆင်းရဲရအောင်မလုပ်နဲ့ "
" ရှင်.. "
အိမ်အကူမလေး လန့်လဲလန့်သလို ငိုပါငိုချင်သွားသည် သူမအလုပ်လဲမပြုတ်ချင်ပါ။ ထို့ကြောင့်ကျုံ့ကျုံ့ကလေးရပ်နေမိသည်
Mrs.Kim က အိပ်ရာပေါ်လဲနေတဲ့နာတာရှည်သူ့ယောက္ခမကို တစ်ချက်ပင်မကြည့်ပါ ခြေထောက်ဆောင့်နေတဲ့ သခင်လေးကိုပွေ့ချီ၍ခြေထောက်သေးသေးလေးနာကျင်သွားသလားစစ်ဆေးနေသည် ။
Mrs.Kimလက်ပေါ်က Suit အသေးလေးဝတ်ထားသည့် သခင်လေးသည်အချစ်တွေ ခံစားချက်တွေမရှိတဲ့မျက်လုံးများနှင့် အောက်စီဂျင်ပိုက်နဲ့အသက်ဆက်နေသည့်အဖွားကိုလှမ်းကြည့်သည်။
သခင်လေးJinရဲ့အကျင့်လေးမှာချစ်ချင်စရာအလျှင်းမရှိပေမယ့် ကောင်းမှုအစုစုပြည့်လျှံနေတဲ့မျက်နှာလေးကတော့ ချစ်မွှေးလေးပါရှာသည်။
YOU ARE READING
Devil Doll
Fanfictionကြယ်လေးတွေပုန်းနေတဲ့ ကြယ်ပင်လယ်မျက်ဝန်းလေးကို ငါရှာတွေ့ခဲ့တယ်..🌌