VIII

203 19 4
                                    


UAE သို့ မဟုတ် အဲမရိတ်နိုင်ငံ။

တစ်နည်းအားဖြင့် အာရပ် ပြည်ထောင်စု။

အာရပ် စော်ဘွားများ ပြည်ထောင်စုနိုင်ငံ။

သဲကန္တရကြားမှ လူးလွန့်တောက်ပနေသော နတ်ပြည်။

အဘူဒါဘီ နှင့်အတူ ဒူဘိုင်း၊ ရှာဂျာ၊ အက်ဂျ်မန်၊ အွမ်-အယ်-ကူဝိန်း၊ ရပ်စ်-အယ်လ်-ခိုင်းမား၊ ဖူဂျာအီရာ ဟူသော ပြည်နယ် (၇) ခု ပါဝင်သည်။ ပြည်နယ် တစ်ခုချင်းစီကို အကြွင်းမဲ့ အာဏာရှိသော စော်ဘွားတစ်ဦးစီမှ အုပ်ချုပ်ပြီး ၎င်းတို့အားလုံး စုပေါင်း၍ ဖက်ဒရယ် ထိပ်သီးကောင်စီ တစ်ခုအဖြစ် ပေါင်းစည်းထားသည်။ ၎င်းတို့ထဲမှာ စော်ဘွားတစ်ဦးအား အာရပ်စော်ဘွားများ ပြည်ထောင်စု၏ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ထားခြင်းဖြစ်သည်။ အဲမရိတ်တွင် နေထိုင်သော လူဦးရေ ပျံ့နှံ့မှုမှာ ရှုပ်ထွေးလွန်းသည်။ အဲမရိတ်နိုင်ငံသား ရာခိုင်နှုန်းမှာ အနည်းဆုံးဖြစ်ပြီး တခြားလူမျိုး အများအပြားရှိသော်လည်း အများဆုံးမှာ အိန္ဒိယလူမျိုးများပင်ဖြစ်သည်။

အဓိက ပြည်နယ်မှာ (၇)ခု ဖြစ်သော်လည်း ထိုပြည်နယ်များမှ ခဲွဝေအုပ်ချုပ်သော တခြားပြည်နယ်အသေးများလဲရှိသေးသည်ဖြစ်ရာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများလည်း ရှိသည်။

အဲမရိတ်သည် ဖံွ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်သော်လည်း ကျင့်သုံး​ေသာ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေများမှာ ရှာရီယာ ဥပဒေမှ ဆင်းသက်လာခြင်းဖြစ်ကာ လွတ်လပ်၍ တရားမျှတမှု မရှိပေ။ ထို့ကြောင့် လွတ်လပ်မျှတမှုကို ညွှန်းဆိုရာတွင် အဲမရိတ်သည် ကမ္ဘာ့အဆင့်တွင် အနိမ့်ဆုံးထဲ၌ ပါဝင်နေဆဲဖြစ်သည်။

အုပ်ချုပ်မှု ပုံစံမှာ ဖက်ဒရယ်စနစ်နှင့် မျိုးရိုးစဉ်ဆက် အရိုက်အရာကို ဆက်ခံသော သက်ဦးဆံပိုင် ဘုရင်စနစ်ကို ယှဉ်တဲွအသုံးပြုထားခြင်းဖြစ်သည်။

လက်ရှိသမ္မတမှာ အကြီးဆုံးပြည်နယ်ဖြစ်သော အဘူဒါဘီ၏ စော်ဘွားဖြစ်သည်။ အိမ်ရှေ့စံမှာ အဘူဒါဘီကို ပိုင်စိုးသော စော်ဘွား၏ သားဖြစ်ကာ ဒု-သမ္မတ နေရာကို ပူးတဲွတာဝန်ယူထားသော တခြားသော ပြည်နယ်များ၏ စော်ဘွားများနှင်​့ တင်းမာမှုများရှိနေသည်။

Tie? Die?Where stories live. Discover now