" ဟေး... ။ အိမ်ရှင်တို့ "
အိမ်ရှေ့မှအော်ခေါ်သံများက ဆူညံစွာ ထွက်ပေါ်လာသည်မို့ ကိတ်မုန့်များကို ပန်းကန်ထဲ ပြင်ထည့်နေရာက တံခါး သွားဖွင့်ပေးဖို့ ပြင်ရသည်။
" လုပ်။ လုပ်။ မယု သွားလိုက်မယ်"
စာအုပ်တစ်အုပ်ဖြင့် ငြိမ်နေသော မယုက ထ ကာ အိမ်ရှေ့ ထွက်သွားသည်မို့ ရေနွေးအိုး ကို ခလုတ်ပြန်နှိပ်ရင်း ovaltine ဖျော်ဖို့ ပြင်ရသည်။
မေခန့်တို့ တစ်ဖွဲ့လုံးက coffee မကြိုက်တတ်ကြ။
ဒါသည်ပင် ရှားရှားပါးပါး တူညီချက် တစ်ခု။
" မယု က အပြင်မှာ ပိုချောတာပဲ"
အိမ်ထဲ ဝင်ကာ ပြောလိုက်သည့် အသံပိုင်ရှင်က မဖူးပွင့်သူ။
မေခန့် နှင့် ဆွေမျိုးနီးစပ် တော်စပ်ပြီး အစ အနောက် သန်ကာ ငယ်စဉ်ကတည်းက သူငယ်ချင်းပေါင်း ပေါင်းလာသူ။ယခုလည်း မယုကို မေခန့် သဝန်တိုအောင် စ နောက်တော့မှာ သိလိုက်သည်မို့ အသာအယာ ပြုံးကာ ဧည့်ခန်းသို့ မုန့်ပန်းကန်များ ယူချပေးလိုက်သည်။
မဖူးပွင့်သူ၊ ခိုင်ခိုင် ၊ မယ်နု ၊ ဝသုန်....မေခန့်တို့ အပါ အားလုံးပေါင်း (၆) ယောက်။
" ရော့ရော့။ မြီးရှည်တွေ ဝယ်လာတယ်။ ပန်းကန်ထဲ ထည့်ပေးဦး "
ခိုင်ခိုင် နှင့် မယ်နု နှစ်ယောက်သား ခွဲကိုင်လာကြသော မြီးရှည် များကို မယုက လက်ကမ်း ယူကာ အိမ် နောက်ထဲ ဝင်သွားသဖြင့် စားပွဲခုံတွင် ဝင်ထိုင်ရင်း တစ်ယောက်ချင်းစီကို စေ့စေ့ လိုက်ကြည့်မိသည်။
" မေခန့်မ.... မပြန်ခင် ငါ့ဆိုင် လာခဲ့ဦး။ ဆံပင် ညှပ်ပေးမယ်"
ခိုင်ခိုင် ကတော့ ထုံးစံ အတိုင်း မေခန့်ကို တွေ့တာနဲ့ ဆံပင်ညှပ်ပြီး မျက်ခုံးမွှေးရိတ်ဖို့စိုင်းပြင်တော့သည်။
မေခန့်မှာ သဘောကျစွာ တဟားဟား ရယ်မောမိရင်း ခေါင်းညိမ့်ပြရသည်။
ညှပ်တာ မညှပ်တာ အသာထား။ သူစိတ်ချမ်းသာရင် ရပြီ မဟုတ်ပါလား။
" ငါက လက်ဖက်သုတ်ရမလား တွေးနေတာ။နင်တို့က မြီးရှည်တွေ ဝယ်လာတယ်"
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....