Part.4 [Unicode]

719 46 10
                                    

အရိပ်ရပီးကြီးမားတဲ့ ကုက္ကိုပင်အောက်တွင် ကားတစ်စီးက အကြာကြီး ရပ်တန့်ထားဆဲ။ ထို့အတူကားထဲက လူသား၂ယောက်ကလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စကားသံတွေကလဲ တိတ်ဆိတ်နေသည်။ ထိုစဥ် ခွန်းကောင်းကင်မိုးက စကား အရင်စလိုက်သည်။
" ဟုတ်ပါတယ် ကိုယ်က သူစိမ်းတစ်ယောက်ပါ။ အရိပ်က ကိုယ့်ကို မခင်နေဘူးထင်တယ်.ကိုယ့်ဘက်က လွန်သွားတယ် တောင်းပန်ပါတယ်အရိပ်"

" မဟုတ် အဲ့လို မဟုတ်ပါဘူး သားက ဦးကို ခင်ပါတယ်။ ဦး က သားကို သနားလို့လေ ဟုတ်တယ်မလား။ ဦးတို့ အိမ်မှာပေးနေ တာကို သားကကျေးဇူးတင်ပါတယ်,ဒါပေမဲ့...."

" ကိုယ့်မှာ , ညီလေးတစ်ယောက် ရှိခဲ့ဖူးတယ်"

"ဟင်"

" ကိုယ့်ညီလေးက အရိပ် နဲ့ တူတယ်, မျက်လုံးဝိုင်းဝိုင်း မျက်နှာဝိုင်းဝိုင်း , တကယ် အရိပ်နဲ့ တူတယ်"
ခွန်းပြောနေရင်းတောင် မျက်ရည်တွေဝဲလာခဲ့သည်။
ငြိမ်ငြိမ်လေးနားထောင်နေတဲ့ အရိပ်ကလဲ တော်တော်လေးကို စိတ်မကောင်းဖြစ်နေတဲ့ပုံပင်။

" အဲ့ကြောင့်မလို့ အရိပ်ကို မြင်ရင် ကိုယ့်ညီလေးကို အမှတ်ရစေလို့ ကိုယ့်အနားမှာနေဖို့ ခေါ်လိုက်မိတာပါ, "

"ဟို ဦးခွန်းရဲ့ ညီလေးက ဘယ်ရောက်နေလဲဟင်"

" သူ သူမရှိတော့ဘူး နှလုံးရောဂါနဲ့ ဆုံးသွားတာ ၃နှစ်ရှိပြီ"

" သား သားမမေးလိုက်သင့်ဘူး။ဦးခွန်းစိတ်မကောင်းဖြစ်သွားပြီး.သားတောင်းပန်ပါတယ်"

" မဟုတ်တာ , ရပါတယ် ညီလေးကို ကိုယ်ကသတိရသွားလို့ပါ"

"ဟိုလေ ဦးခွန်း သားကို ဦးခွန်းတို့ အိမ်မှာနေ စေချင်တယ်ဆိုတာ သေချာပီးလားဟင်"

" အင်းလေ အရိပ်! "

အရိပ် စဥ်းစားနေမိသည်။ သူ့မှာ အိမ်လဲ မရှိတော့ သလို မှီခိုရာဆိုလို့ ဒေါ်လေးပဲ ရှိတော့သည်။ ဒေါ်လေးကလဲ သူ့နဲ့ အတူတူ နေလို့မရနေဘူးလေ။ အခု သူတစ်ယောက်ထဲ ဦးတည်ရာမဲ့ ဖြစ်နေသည်။ အိမ်ငှားဖို့ တိုက်ခန်း ငှားဖို့က ပိုက်ဆံမရှိနေဘူး။ သူငယ်ချင်းအပေါင်းအသင်းဆိုလဲ ဘယ်သူမှလဲ မရှိနေဘူး။ ဒါပေမဲ့ တော်ပါသေးလို့ တစ်ယောက်တော့ ရှိနေသေးသည်။ အဲ့လူက ဦးခွန်းပဲ။ သူ့အပေါ် ကောင်းကောင်းဆက်ဆံပေးတဲ့ လူ ။ ဦးခွန်းပြောသလို ဦးခွန်းနဲ့ လိုက်နေဖို့ ကို လက်ခံလိုက်ရမယ် ထင်တယ်။
" သား သားဦးခွန်းတို့အိမ်မှာလိုက်နေပါ့မယ် "

ကို့အရိပ်.....Tempat cerita menjadi hidup. Temukan sekarang