Part 4

154 13 3
                                    

"ဒီမှာ Jungkook "
ကန်တင်းထဲဝင်လာတော့ ထယ်ယောင်းက သူ့ဆီလာရန် လက်ပြလှမ်းခေါ်သည်။
ဘေးတွင် စီနီယာkim seok jin လည်းထိုင်နေသည်။
စီနီယာရှိနေတာကြောင့် မလေးမစားလုပ်၍မဖြစ်တာမို့ သူတို့ခုံသို့သွားကာ ထိုင်လိုက်သည်။
"အာ ဟိုနေ့က ကလေးလေး နှာမည်ကဘာပါလိမ့်"
ထိုင်ထိုင်ချင်း စီနီယာက တွေးဆဆဖြင့်ပြောသည်။
"jungkook ပါဗျ"
နှာမည်မေ့နေတဲ့စီနီယာအား နောက်တစ်ကြိမ်ပြန်ပြောပြလိုက်သည်။
"Hyungတို့ကသိနေတာလား "
ထယ်ယောင်းက စီနီယာဘက်လှည့်ကာမေးသည်။
"အင်း ဟိုနေ့က ကျောင်းရှေ့မှာ တွေ့တာ"
"အော် ဒါဆို အတော်ပဲပေါ့ ငါမိတ်ဆက်ပေးစရာမလိုတော့ဘူး"
ထယ်ယောင်းက Box smile လေးပြုံးကာပြောသည်။
ဒီကောင်လေးက ပြုံးလိုက်ရင် သိပ်ချစ်ဖို့ကောင်းတာ။
"jungkook jin hyung က သိပ်သဘောကောင်းတာ သူ့ကိုလည်းခင်လို့ရတယ်"
"အင်း"
"jungkook ငါ့ကိုလည်းထယ်ယောင်းကိုခင်သလို ခင်လို့ရတယ်နော် "
ပန်းရောင်လေးက ပြုံးပြကာပြောသည်။
သိုပေမဲ့ ပန်းရောင်လေးက ဒီနေ့တော့ အပြာရောင်ရှပ်လေးနဲ့။
"ဟုတ်ကဲ့ စီနီယာ"
ခေါင်းတစ်ချက်ညိတ်ကာပြောတော့
"Hyung လို့ပဲ ခေါ်ပါကွာ ရင်းရင်းနှီးနှီးပေါ့ "
"ဟုတ်ကဲ့ Hyung "
ပြုံးတယ်ဆိုရုံမျှလေး သေးသေးလေးသာပြုံးပြလိုက်သည်။

ဆိုင်ထဲကိုဝင်လာတော့ ထောင့်ကျကျထိုင်ခုံမှထိုင်နေတဲ့ Kim Seok Jin နဲ့ ဟိုနှစ်ယောက်။
ရယ်နေလိုက်တာများး ဘာအပြစ်မှမရှိတဲ့ ယုန်သငယ်လေးလိုလို။
မုန်းဖို့ကောင်းလိုက်တာ ။

"jimin ထိုင်လေကွာ ဘာသောက်မလဲ ငါသွားယူခဲ့မယ်"
hoseokက jiminအား ထိုင်ခုံတွင်ထိုင်စေကာ ပြောသည်။
"ခါတိုင်းလိုပဲ"
jiminသည် ပြောလိုက်ပြီးမှ တခုခုတွေးမိဟန်ဖြင့် ထရပ်ကာ
"နေနေ seok ငါပဲသွားယူမယ်"
ထိုင်နေတဲ့ကျန်သုံးယောက်မှာ မျက်လုံးအပြူးသား။
hoseokလည်း အံသြကာ ခေါင်းညိတ်မိလား ရမ်းမိလားမသဲကွဲ။
jiminက သူသောက်မဲ့အအေးတောင်သူကိုယ်တိုင်မှာတတ်တာမဟုတ်။

jimin သည် ခပ်ရွဲ့ရွဲ့လေးပြုံးကာ jungkookတို့ခုံကိုကျော်လျှက် ကောင်တာဆီသို့ အအေးသွားမှာခဲ့သည်။

"ice amaricano ပေး"
စကားပြောပုံကအစ သိပ်တင်စီးလွန်းသည်။
"ဟုတ်ကဲ့ရှင့် ညီမလာပို့ပေးပါ့မယ်"
"မလိုဘူး ငါယူသွားမယ် အော်မေ့လို့ ကော်ဖီပူပူလေးရော တစ်ခွက်"
လက်ညိုးတစ်ချောင်းထောင်ပြကာ jimin သိပ်စိတ်လူပ်ရှားနေပုံရတယ်။

ကော်ဖီခွက်နှစ်ခွက်အား အေးအေးလူလူပင် ယူလာကာ jungkookဆီရောက်မှ ကိုင်ထားသော ကော်ဖီပူပူအား jungkook ပေါ်သို့လောင်းချလိုက်သည်။
"အားးးးးးး"
jungkookသည် ပူလွန်းသဖြင့် လန့်အော်မိကာ မျက်ရည်များပင်ဝဲလာသည်အထိ။
"ဟာ!!"
hoseokတို့သည်အလန့်တကြားဖြင့် jungkookဆီပြေးလာကြသည်။ jimin ကတော့ သူမလုပ်ထားတဲ့အတိုင်း မျက်နှာသေဖြင့် ။
"jungkook ရရဲ့လား အပူလောင်ကုန်ပီထင်တယ်"
Tae hyung နဲ့ Jin Hyung က တစ်သျှူးတွေဖြင့်ဝိုင်းသုတ်ပေးကြသည်။
"sry နော် ငါခလုတ်တိုက်သွားလို့"
ခလုတ်တိုက်စရာဘာပစ္စည်းမှမရှိဘဲ တန်းတန်းမတ်မတ်သူ့ကိုလာလောင်းခဲ့တာကို ခလုတ်တိုက်တာတဲ့လား။
အော် Park jiminရယ် လှလှပပလေး ပြောချသွားတာ။
မျက်စိမှိတ်ပြီးယုံပေးလိုက်ချင်စရာ။

jungkookသည် တစ်ကိုယ်လုံးပူစပ်လာကာ မျက်ရည်တွေပင်ကျလာတော့သည်။
"ကျောင်းဆေးခန်းသွားရအောင် jungkook"
Jin hyung သည် ပြောပြောဆိုဆိုဖြင့် jungkookလက်တွေအားဆွဲကာ ကန်တင်းမှခေါ်ထုတ်လာခဲ့သည်။
ဘေးမှာ ခေါင်းဆူတ်ဖွားလေးနဲ့ Taehyungသည်ကပ်လျှက်။
သူ့သူငယ်ချင်းနာသွားတော့ သူပါငိုမဲ့မဲ့လေး။
အော်ကလေးတွေများ ချစ်စရာကောင်းလိုက်ပါဘိ။

ကျောင်းဆေးခန်းထဲရောက်တော့ ဒေါက်တာက Jungkook၏ အပူလောင်ထားသော နေရာများအား ဆေးထည့်ပေးသည်။
ပူလောင်နေတဲ့ကော်ဖီတွေကြောင့် jungkook အသားများပင် နီလို့ ညိုရောင်ပင်သမ်းနေပြီ။
"အာ့ နာတယ်"
ဆေးလိမ်းပေးတော့ထွက်လာတဲ့အသံသေးသေးလေး။
ပုံမှန်တောင် စကားကို တိုးတိုးလေးပြောတတ်သူမို့ အခုချိန်မှာတော့အသံသည် တကယ့်ကိုလုံးဝတိုးတိုးလေး။
မျက်ရည်တွေအား Taehyungက တစ်သျှူးနှင့်သုတ်ပေးနေကာ Jin hyung က ကလေးလေးလက်တွေကို ဆုပ်ကိုင်ထားပေးသည်။

မျက်ရည်အပြည့်နှင့်အသည်းအသန်ငိုနေသော ကလေးလေးအားကြည့်ကာ jinhyungသည် သိပ်သနားခဲ့သည်။
အစကတည်းက နှလုံးသားနူးညံ့သူမို့ ကလေးလေးငိုတော့ ကမ္ဘာပျက်သလို ခံစားနေခဲ့ရသည်။
သိပ်ချစ်ဖို့ကောင်းတာ။
ရယ်လိုက်ရင်ယုန်သွားလေးနဲ့ သိပ်သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးလေးကငိုနေတော့ သူတို့မှာ ဝမ်းနည်းလို့မဆုံး။

အဆင်ပြေရဲလားမသိဘူးနော် ဖတ်ရတာ အရမ်းရိုးနေသလိုမျိုးဖြစ်နေလား 🍎💗 ။

ဆက်ကြိုး🥀Where stories live. Discover now